အပိုင်း ၁

205 19 6
                                    

ကျောင်းပိတ်ရက် ခရီး လေးတွင်
ကားပေါ်၌သူငယ်ချင်းသုံးယောက် သီချင်းဆိုလိုက်
မုန့်စားလိုက် စကားပြောလိုက်ဖြင့် ရည်ရွယ်ရာ
သူငယ်ချင်းရဲ့ အဖွားရွာလေးသို့ ဦးတည်နေသည်။

"ဟိုဘီ မင်းအဖွားရွာရောက်ဖို့ နီးပြီလား"

"နီးနေပြီ ဟိုဆိုင်းဘုတ်ကျော်ရင်
ရွာနယ်နိမိတ် ထဲကိုရောက်ပြီ နောက်နာရီဝက်လောက်
မောင်းပြီးရင်တော့ အဖွား အိမ်ကိုရောက်ပြီ"

"အွန်းပါ အဲ့ဒါကြောင့် ထင်တယ် ဖုန်းဖွင့်ကြည့်တာ
လိုင်းမမိတော့ဘူး"

"ဟိုရောက်ရင်တော့ မိတဲ့နေရာ ရှိတယ်"

"အင်းအင်း"

"ဂျောင်ကု‌ကော အိပ်နေတာလား ထယ်"

"ဟုတ်ပ အနောက်ခန်းထဲ တစ်ယောက်ထဲ
ကျကျနန ကိုအိပ်နေတာ"

ကားနောက်ခန်းထဲ အိပ်နေတဲ့ ဂျောင်ကုကို
ထယ် လှည့်လိုက်ပြီးပြောလိုက်တော့ ဟိုဘီက ကားမောင်းရင်း ရီလိုက်သည် ။

တက္ကသိုလ် ပထမနှစ်က ခင်လာခဲ့တဲ့သူငယ်ချင်းတွေ
အခုတတိယနှစ် ကျောင်းတက်ပြီးသွားတော့
ခင်မင်မှုတွေ သုံးနှစ်ပင် ပြည့်ခဲ့ပြီး
တစ်ယောက်နဲ့တစ်ယောက်လဲ
တော်တော်လေး ဂရုစိုက်ကာ ညီအကိုအရင်းတွေလောက်ကို
သုံးယောက်သား ချစ်ကြသည်။

"မဟုတ်ဘူး..... မဟုတ်ဘူး ငါမင်းကိုမသိဘူး"

အိပ်နေရင်း ရုတ်တရက် ထအော်တဲ့ ဂျောင်ကု ကြောင့်
ကားကို လမ်းဘေး ထိုးရပ်လိုက်ပြီး
ဟိုဘီ နဲ့ ထယ် ကားနောက်ခန်းကို ပြိုင်တူကြည့်လိုက်ကြတော့
ဂျောင်ကု က ထိုင်ပြီး အိပ်ချင်မူးတူးနဲ့
ကြောင်တောင်တောင် ပုံစံလေးဖြစ်နေသည်။

"ဂျောင်ကု  ဘာဖြစ်တာလဲ "

"ငါ ...ငါ အိမ်မက်မက်လို့ "

"အော် အိမ်မက်မက်တာများ အဆန်းလားကွာ
အော်လိုက်တာ လန့်သွားတာပဲ "

"မဟုတ်ဘူး ငါတခါမှ မမှတ်ဖူးတဲ့ အိမ်မက်မျိုး"

"ဟော ဘယ်သူကကော အိမ်မက်တခုထဲမက်လို့လဲ"

"မဟုတ်ဘူးလေကွာ ငါပြောချင်တာက
တခါမှတောင် မတွေးဖူးမမက်ဖူးတဲ့ ပုံစံမျိုးကိုပြောတာ"

"နှောင်ကြိုး"Where stories live. Discover now