အပိုင်း ၄

142 16 3
                                    

အဖွား အခန်းထဲ အဖွားနဲ့ ဟိုဘီ
ထိုင်ခုံမှာ ငြိမ်သက်စွာထိုင်နေကြသည်။

"ဖွားဖွား ပြောစရာရှိလို့ဆို ပြောလေ"

"ဖွားဖွား ပြောမဲ့ စကားတွေကို သေချာနားထောင်နော်"

"ဟုတ်ကဲ့ ဖွားဖွား "

"ဖြစ်နိုင်ရင် မနက်ဖြန် ဟိုမြေးလေးနှစ်ယောက်ကို
ပြန်စေချင်တယ် "

"ဗျာ ဖွားဖွား ဘာလို့လဲ "

"စကားကို ဆုံးအောင်နားထောင်အုန်းလေ မြေးရယ်
မြေးလည်း ဒီရွာကနေ ကြီးပြင်း လာတာပဲ
ပါးစပ်ရာဇဝင်တွေ ငယ်ငယ်ကကြားဖူးမှာပေါ့
အဲ့တာတွေက လွန်ခဲ့တဲ့ ဘုရင်ခေတ်က
တကယ်ဖြစ်ခဲ့တာမှန်း မြေးသိမှာပါ အဲ့ရာဇဝင်က
မြေးလေးဂျောင်ကု နဲ့ဆက်နွယ်နေတယ် "

ဟိုဆော့ အ့ဩသွားရသည် ။
လွန်ခဲ့တဲ့ နစ်ပေါင်းဆယ်ချီက အဖြစ်နဲ့က
ဂျောင်ကု ဘယ်လိုဆက်နွယ်နေတာလဲ ဆိုတာ
စဉ်းစား မရလဲဖြစ်နေသည်။
ထို့နောက် အဖွားက စကားဆက်‌ပြောလာသည်။

"ဒါကြောင့် ကိစ္စတွေ ဆိုးဆိုးဝါးဝါး မဖြစ်ခင်
မြေးလေးနှစ်ယောက်ကို ပြန်စေချင်တာ "

"မြေး ဘယ်လိုလုပ်ပြီး ဘာကိုအကြောင်းပြပြီး
ပြန်တော့လို့ ပြောရမလဲ မြေး ပြောမထွက်ဘူး ဖွားဖွား
တကယ့်လို့ ကြီးကြီးမားမား မဟုတ်ဘူးဆိုရင်လဲ
မြေး တရက်နှစ်ရက် အတွင်း ရွာထဲအပြီးလိုက်ပြပြီး
မြေးတို့ ပြန်လိုက်ကြမယ်လေ "

‌ဟိုဆော့ ပြောတာလဲ ဟုတ်သလိုလို ရှိတာမို့
အဖွားက သေချာစဉ်းစားနေသည်။

"ဒါဆို မြေးပြောသလို လုပ်ရုံပေါ့
ဒါပေမဲ့ မြေးတို့ ဂရုစိုက်ပြီး သွားလာနော်
အဓိက မြေးဂျောင်ကုလေးကို ဂရိုစိုက်နော်"

"ဟုတ်ကဲ့ ဖွားဖွား ဒါနဲ့
ဂျောင်ကုနဲ့ ဘယ်လို ဆက်နွယ်တာလဲဆိုတာ
မြေးကို ပြောပြပါလား"

ဟိုဆော့ အမေးကြောင့်
အဖွား အနည်းငယ် တွေဝေသွားပြီး။

"မြေး ကိုပြောလို့ ရပေမဲ့
မြေးက မြေးဂျောင်ကု ကို ပြန်ပြောလို့မရဘူး "

"ဘာလို့လဲဟင် ဖွားဖွား "

"မသိတာ ပိုကောင်းလို့ပေါ့ မြေးရယ်
တကယ်လို့သာ သိသွားရင် ကြီးကြီးမားမား
တွေ နောက်ဆက်တွဲဖြစ်လာလိမ့်မယ် "

You've reached the end of published parts.

⏰ Last updated: May 13 ⏰

Add this story to your Library to get notified about new parts!

"နှောင်ကြိုး"Where stories live. Discover now