ရွာလေးက တော်တော်လေး အေးချမ်းလှသည်
ကားသံ ဆူညံသံတွေလဲ မကြားရတော့
တကယ်ကို နေချင်စရာလေးပင်။"တော်သေးတာပေါ့ ကျောင်းသုံးနှစ်သွားတက်တာ
ရွာက ဘာမှကြီးကြီးမားမားမပြောင်းလဲသေးလို့"ဟိုဘီက ဘာမှသိပ်မပြောင်းလဲသေးတဲ့ ရွာလေးထဲက
တွေ့ကရာ လေးတွေ ပြောပြလိုက်
ရှင်းပြလိုက်နဲ့ သုံးယောက်သား လျှောက်လာကြသည်။"ဟိုနားက အိမ်မြင်လား အဲ့ဒါ သူကြီးအိမ်လေ
တရွာလုံး သူကြီးကိုဆို တအားကြောက်ကြတာ
အုပ်ချုပ်မှုကောင်းတော့ ရွာမှာ တခုခုဆိုလဲ
စည်းစည်းလုံးလုံးနဲ့ လုပ်ကြတာ
အငြင်းပွားမှု ဆိုတာလဲ မရှိသလောက်ပဲ""အင်း မြင်တာနဲ့ အေးအေးချမ်းချမ်း နေကြမှန်း
သိသာတယ် ငါတောင် ဒီမှာ နေချင်လာပြီ""ဟုတ်ပ ငါကောပဲ ဒါနဲ့ လူငယ်ထက် လူလတ်ပိုင်းတွေ
လူကြီးတွေ ပိုများသလိုပဲနော်""အွန်း ငါ့လိုပဲလေ လူငယ်တွေက
မြို့မှာကျောင်းသွားတက်ကြတာ
ဒါပေမဲ့ ပိုက်ဆံရှိတဲ့ အိမ်တွေလောက်ကပဲမြို့မှာ
ကျောင်းထားနိုင်ကျတာ ""အော် "
လူနေ အိမ်ခြေက သိပ်မများ တအိမ်နဲ့ တအိမ်
နည်းနည်းလေး လှမ်းပေမဲ့
ရွာက အတော်လေးတော့ ကျယ်သည်။ထို့နောက် တဖြေးဖြေးလျှောက်ကြည့်ရင်း
ခပ်နွမ်းနွမ်းအိမ်တစ်လုံး ရှေ့လည်း
ရောက်ရော ဂျောင်ကုခြေလှမ်းတွေ ရပ်သွားသည်။"ဟိုဘီ ဒီအိမ်က ဘယ်လိုကြီးလဲ တမျိုးပဲ"
အိမ်က တော်တော်လေး ဟောင်းနေပြီး
ခြံစည်းရိုးတွေမှာ ခြံထဲက အပင်တွေမှာ
ဟောင်းနေတဲ့ အိမ်နံရံတွေမှာ
အရိုးခေါင်းတွေ အရိုးအကြီးကြီးတွေ
ထူးဆန်းတဲ့ပစ္စည်းတွေ ချိတ်ထားသည် ။"အော် အဲ့ဒါ အကြားအမြင်ဟောတဲ့ နတ်ဆရာမ အိမ်လေ"
"အော်"
"အကြားအမြင်ဆိုတော့ မေးလို့ရတာပေါ့နော်
ဟိုဘီ နဲ့ဂျောင်ကု
ငါတို့ ရောက်တုန်း ဝင်မေးကြည့်ကြမလား""မင်း သဘော"
ဟိုဘီက ချက်ခြင်းပြန်ဖြေလိုက်ပေမဲ့
ဂျောင်ကုကတော့ ပြန်မဖြေမိ အိမ်ထဲကို လှမ်းကြည့်နေရင်း
ကျောထဲ စိမ့်သွားတာမို့ အကြည့်တွေကိုလွဲလိုက်သည်။
YOU ARE READING
"နှောင်ကြိုး"
Fanfictionချည်ခဲ့ဖူးတဲ့ နှောင်ကြိုးတွေဟာ ဘယ်ချိန် ဘယ်ကာလထိ ခိုင်မြဲနေမလဲ။