အပိုင်း ၃

124 20 10
                                    

အချိန်အခါမဟုတ် လေတွေ တိုက်ကာ
မိုးတွေ ရွာလာခဲ့သည် အချိန်က နေ့လည် 2နာရီ ။

"မိုးလေး အေးအေးနဲ့ တရေးလောက်
အိပ်လိုက်ရရင်ကောင်းမယ်"

ပြတင်းပေါက်ကနေ မိုးရွာတာကို ကြည့်ရင်း
ထယ်က ပြောလာသည်။

"မင်းကပြောနေ ဂျောင်ကုက အိပ်တောင်
ပျော်နေပြီလားမသိဘူး "

စောင်ခြုံအိပ်နေတဲ့ ဂျောင်ကုကို ဟိုဘီက ကြည့်ကာ
ပြန်ပြောလာသည်။

"ငါတို့လဲ တရေးလောက် အိပ်ကြတာပေါ့ "

ထို့နောက် ကိုယ့်ကုတင်ပေါ် ကိုယ်တက်ကာ
အိပ်လိုက်ကြသည်။

မိုးသံသည်လဲ တဖြောက်ဖြောက်မြည်နေပြီး
လေအေးအေးတွေကလဲ ပြတင်းပေါက်မှ
တဖြူးဖြူး တိုက်ခတ်လာသည်။

"ငါကိုယ်တော်စီ ထက်လာအုန်းမယ်မလား
တစ်ခါလောက် ကျွန်‌တော်မျိုးရဲ့အိမ်ရှေ့စံလေးလို့
ခေါ်ပါအုန်းလား  ခေါ်သံလေးကို  လွမ်း‌‌နေလို့ "

ချယ်ရီပန်းတွေကို လက်ထဲအပြည့်ကိုင်ထားကာ
ပြုံးရယ်စွာ ပြောနေသည်။

ပြုံးလိုက်တိုင်း ယောင်္ကျားလေးမတန်ပဲ
တော်တော်လေးကို လှသည်။

"ဒီတိုင်းပဲ ကြည့်နေတော့မှာလား
ချယ်ရီတွေ ထပ်ခူးပေးပါအုန်း
ဟိုမှာ အများကြီး ပွင့်နေတဲ့ ကိုင်းလေးခူးပေးအုန်း"

ချယ်ရီတွေ အဆုတ်လိုက်ပွင့်နေတဲ့ ကိုင်းလေးကို
လက်ညှိုးထိုးကာ ပြောလာသည်။

"ပန်းတွေ လက်ထဲမှာ ပြည့်နေတာကို "

"ဘာလဲ ခူးမပေးချင်တာလား "

မျက်နှာလေး ညိုးကာပြောလာတော့
ရင်ထဲလှုပ်ခတ်လာပြီး စကားတွေမပြောနိုင်ဖြစ်နေသည်။

"ကျွန်တော်.....ကျွန်တော် "

"ဘာတွေ ထစ်ထစ်ငေါ့ငေါ့ ဖြစ်နေတာလဲ ငါကိုယ်တော်
ရွှေစိတ်တော်ညှိုးရင် မောင်မင်း ချော့ဖို့မလွယ်ဘူးနော်
သိတယ်ဟုတ် "

အနားတိုးကပ်လာကာ ‌မျက်နှာလေး
မော့ကာပြောလာပြန်တော့ နောက်ကို
ခြေတလှမ်း ဆုတ်လိုက်မိသည်။

"နှောင်ကြိုး"Where stories live. Discover now