(Unicode version)
ဆေးရုံခန်းတစ်ခု၏ ကုတင်ပေါ်တွင် ကလေးငယ်တစ်ယောက်သည် ဖြူဖျော့စွာလဲလျောင်းနေပြီး နောက်ထပ်ကလေးငယ်တစ်ယောက်သည် ထိုကလေး၏လက်ညှိုးနေရာကို သူ့လက်လေးဖြင့် ခပ်ဖွဖွဆုပ်ကိုင်ကာလှုပ်ရမ်းကြည့်နေ၏။ထို့နောက် သူ့နောက်တွင်ရပ်နေသော အမျိုးသမီးဆီသို့ ခေါင်းလှည့်ကြည့်ကာ...
"မာမား ဒီကိုကိုကဘာဖြစ်တာလဲ"
"ကိုကိုက နေမကောင်းလို့အိပ်နေတာ ကွမ်းကွမ်းရဲ့...နိုးလာဖို့တော့ ကြာအုံးမှာ"
"အော! ကြာအုံးမှာလား"
ကလေးငယ်သည် ဘာမှဆက်မပြောတော့ဘဲ စူပုတ်ပုတ်ရုပ်လေးဖြင့် သူကိုင်ထားတဲ့လက်ကိုလွှတ်လိုက်ကာ ထိုင်ခုံပေါ်တွင် သွားထိုင်နေတော့သည်။
~~~~~~~
တီ!တီ!တီ!
ဒုန်း!!!
အရှိန်မထိန်းနိုင်သော ကားတစ်စီးသည် လမ်းဘေးဘက်တွင်ကာထားသော တံတားလက်ရန်းကိုတိုက်ဖြတ်ကာ တံတားအောက်သို့ ထိုးကျသွား၏။ ထိုကားမောင်းနှင်သူအမျိုးသမီးသည် သူမဘေးထိုင်ခုံရှိကလေးငယ်ကို အမြန်ပင်တင်းကြပ်စွာဖက်ကာ အပေါ်မှအုပ်မိုးကာကွယ်လိုက်သည်။
"မာမား!"
~~~~~~~
"ဦးဦး! သားကိုမထားခဲ့ပါနဲ့...သားဒီမှာမနေခဲ့ချင်ဘူး"
ညအမှောင်ထဲတွင် ကလေးငယ်တစ်ယောက်သည် အရှိန်ဖြင့်မောင်းထွက်သွားသည့်ကားနောက် ရှိသမျှအင်အားသုံးကာ ပြေးလိုက်နေ၏။ထိုကလေး၏ခေါင်းတွင် ပတ်တီးတစ်ခုရှိနေပြီး ပြေးလိုက်နေသည့် ခြေထောက်တို့တွင်လည်း ဖိနပ်ပင်မပါပါချေ။ ခဏအကြာတွင် အနောက်မှပြေးလိုက်လာကြသည့် သူများသည် ထိုကလေးကို မှီသွားကာ ရုန်းကန်နေသည့်ကြားမှပင် ရအောင်ပွေ့ချီခေါ်သွားကြတော့သည်။
~~~~~~~~
ကျစ်ကွမ်း အိပ်နေရာမှ ဝုန်းခနဲထထိုင်မိ၏။ သူ့တစ်ကိုယ်လုံးချွေးတွေနစ်နေကာ မျက်လုံးအစုံကလည်းစိုစွတ်နေလျက်။ အိပ်ရာဘေးရှိစားပွဲပေါ်တွင် တင်ထားသော ရေဘူးကိုအမြန်ယူကာ မော့သောက်လိုက်တော့ တုန်ယင်နေသည့်လက်တွေကြောင့် အင်္ကျီတွင်ရေတွေစိုကုန်၏။ ထို့နောက် အသက်ကိုခပ်ပြင်းပြင်းရှူကာ စိတ်ငြိမ်စေရန် ကြိုးစားရသည်။
YOU ARE READING
𝑯 𝑨 𝑳 𝑶
Fanfictionဘာမှတော့ ထူးဆန်းတာမဟုတ်ဘူးရယ် သူ့ကိုမနာကျင်စေချင်တာမို့ ကိုယ့်ဒဏ်ရာကို လျစ်လျူရှုလိုက်ရုံ။