(Unicode version)
ညက အပျော်လွန်ပြီး ဘယ်အချိန်အိပ်ပျော်သွားမှန်းတောင် မသိလိုက်သည့် ကျစ်ကွမ်းတစ်ယောက် မျက်လုံးတွေပြန်ဖွင့်လိုက်ချိန်မှာ မိုးစင်စင်လင်းနေခဲ့ပြီဖြစ်သည်။ သူထထိုင်လိုက်ပြီး ခဏချင်းမှာပဲ ဇာတ်ကြောဆီမှ နာကျင်မှုကို ခံစားလိုက်ရ၏။ ညက ဆိုဖာပေါ်မှာပဲ အိပ်ပျော်သွားခဲ့တာကြောင့်ပင်။ သက်သာလို သက်သာငြား ခေါင်းကို ဟိုဘက် ၊ ဒီဘက်လွှဲကြည့်ရင်းဖြင့် ကိုယ်လက်သန့်စင်ရန် မတ်တပ်ထရပ်လိုက်တော့ သူ့ကိုယ်ပေါ်မှ တစ်စုံတစ်ခုက ပြုတ်ကျသွားရဲ့။ အညိုရောင်ဖျော့ဖျော့ခြုံစောင်လေး...။
ကျစ်ကွမ်းရဲ့ မျက်နှာမှာအပြုံးတွေ ပေါ်လာတော့၏။ ဒီကိုကိုကတော့လေ တကယ်အူယားစရာလေး! စောင်တောင် လာခြုံပေးထားသေးတယ်ပေါ့လေ!
စောင်လေးကို ကောက်လိုက်ပြီး သေသေသပ်သပ်လေး ပြန်ခေါက်တင်ထားလိုက်သည်။ ထိုအချိန် အိမ်တံခါးသည် ပွင့်လာခဲ့ပြီး အိတ်တစ်ချို့ဆွဲကာ ဝင်လာသော ကိုကို့ကို တွေ့လိုက်ရတာကြောင့် အံသြသွားရ၏။
"အယ်! ကျွန်တော်က ကိုကိုမနိုးသေးဘူးထင်နေတာ"
"နိုးပြီပေါ့ ရှောင်ကွမ်းရဲ့...ဆယ်နာရီတောင်ထိုးတော့မှာကို"
ကျစ်ကွမ်းက အခုမှနာရီကို လှမ်းကြည့်မိတော့ တကယ်ကြီး ဆယ်နာရီထိုးတော့မှာပင်။ သူတော်တော်အိပ်လိုက်မိတာပဲ။
"ဒီမှာ ကိုယ်မနက်စာဝယ်လာတယ်...မပြန်ခင် စားသွားလိုက်အုံး"
လက်ထဲကအထုပ်လေးကို မြှောက်ပြကာ မီးဖိုချောင်ထဲ ဝင်သွားတဲ့ ကိုကို့ကို ကျစ်ကွမ်းက လိုက်ငေးနေမိပြန်တာပါပဲ။ အညိုရောင်ဆွယ်တာလေးထဲမြုပ်နေတဲ့ ကိုကိုက တကယ်ကို အူယားစရာလေးရယ်။ အိပ်ရာနိုးနိုးချင်း ကိုယ့်ချစ်ရသူရဲ့ မျက်နှာလေးကို မြင်ခွင့်ရတာ ဘယ်လောက်တောင်လှပလိုက်တဲ့ ဖြစ်ရပ်လေးလဲလေ။ ဖြစ်နိုင်ရင် နေ့ရက်တိုင်းမှာ ဒီလိုမနက်ခင်းမျိုးလေးတွေပဲ သူကပိုင်ဆိုင်ချင်နေပြီဖြစ်တယ်။
"ရှောင်ကွမ်း မတ်တပ်ကြီးဘာရပ်လုပ်နေတာလဲ...မနက်စာ လာစားလေ"
YOU ARE READING
𝑯 𝑨 𝑳 𝑶
Fanfictionဘာမှတော့ ထူးဆန်းတာမဟုတ်ဘူးရယ် သူ့ကိုမနာကျင်စေချင်တာမို့ ကိုယ့်ဒဏ်ရာကို လျစ်လျူရှုလိုက်ရုံ။