(Unicode version)
"ရှောင်ကွမ်း လက်နာရင် နားနော်"
"ဒီလောက်လေးကတော့ မနာပါဘူး"
ထို့နောက် ကျစ်ကွမ်းတစ်ယောက် ပြုံးစိစိရုပ်လေးဖြင့် ကော်ဖီဖျော်နေသည့် ကိုကို့နားကပ်ကပ်သွားကာ...
"ကိုကိုက ကျွန်တော့်ကို စိတ်ပူနေတာလား"
"စကားအကောင်းကိုမပြောဘူး ဒီကောင်လေးကတော့!"
ကျွင့်ကျယ်သည် ကျစ်ကွမ်းနဖူးကို လက်ညှိုးလေးဖြင့်တွန်းကာ ငြူစူသလိုလေးပြောလိုက်၏။ကော်ဖီဆိုင်မှဝန်ထမ်းတွေသည်တော့ ထိုမြင်ကွင်းကိုကြည့်ကာ သဘောတွေကျလို့နေသည်။အမြဲတမ်းခပ်အေးအေးလေးနဲ့ သီးသန့်ဆန်ဆန်ငြိမ်ငြိမ်လေးနေတတ်တဲ့ သူတို့ရဲ့ဟွမ်ကောက အနှီကောင်လေးရောက်လာကာမှ ပြုံးပြုံးရွှင်ရွှင်နဲ့ စကားတွေအများကြီးပြောလာတာပါလေ။သူစိမ်းတွေဆို မြန်မြန်ရင်းနှီးမလွယ်တဲ့သူက ဒီကောင်လေးနဲ့တော့ဖြင့် မြန်မြန်ရင်းနှီးသွားတာမို့ သူတို့မှာအံ့သြရသေးတာ။
Ring! Ring! Ring!
ကျစ်ကွမ်း ကိုကို့ဘေးကပ်နေတုန်း ဝင်လာသည့်ဖုန်းကြောင့် မျက်မှောင်အနည်းငယ်ကုပ်သွားရပေမယ့် ဆက်လာသည့်သူက William ဖြစ်နေတာမို့ မကိုင်လို့တော့မရ။ထို့ကြောင့် ကိုကိုနဲ့ခပ်ဝေးဝေးကို ခဏရှောင်သွားလိုက်ပြီးမှ ဖုန်းကိုင်လိုက်၏။
"Hello!"
"အကိုလေးရေ ကျွန်တော်တော့ အခု 'X' Group မှာအစမ်းခန့်ဝန်ထမ်းဖြစ်နေပြီဗျ"
"Haha! ကြိုးစားပေးပါအုံး broရေ"
သူရယ်မောကာ ထိုသို့ဆိုတော့ ဖုန်းထဲမှ William ရဲ့ ငြီးငြူသံက ကျယ်ကျယ်လောင်လောင်ထွက်ပေါ်လာတော့၏။
"အကိုလေးကတော့ရယ်နိုင်မှာပေါ့၊ကော်ဖီဆိုင်မှာဆိုတော့ သာသာယာယာလေးပဲလေ။ နောက်ပြီး အကိုလေးရဲ့ အမောပြေလေးကလည်း ရှိနေသေးတာ"
ကျစ်ကွမ်းက ထိုအသုံးအနှုန်းကိုကြားတော့ နောက်လှည့်ကာ ကိုကို့ကိုလှမ်းကြည့်မိသည်။လှုပ်စိလှုပ်စိနဲ့ ဝန်ထမ်းတွေကို ဝင်ကူပြီးကော်ဖီဖျော်ပေးနေတဲ့ ကိုကိုက တကယ်ပဲသူ့ရဲ့အမောပြေလေးဖြစ်ရဲ့...။
YOU ARE READING
𝑯 𝑨 𝑳 𝑶
Fanfictionဘာမှတော့ ထူးဆန်းတာမဟုတ်ဘူးရယ် သူ့ကိုမနာကျင်စေချင်တာမို့ ကိုယ့်ဒဏ်ရာကို လျစ်လျူရှုလိုက်ရုံ။