(Unicode version)
ကျစ်ကွမ်း၏ ရင်ဘက်တစ်နေရာသည် ဝုန်းခနဲပေါက်ကွဲထွက်သွားတော့မလိုပင် ခံစားလိုက်ရ၏။အရွယ်တစ်ခုထိရောက်ပြီးသား လူတစ်ယောက်ဆီမှာ ချစ်ရတဲ့သူရှိတာ ၊ ရှိဖူးတာ ၊ရှိနေတာသဘာဝပါပဲလေ။ဒါကို သူနားလည်ပေမယ့် ပြောလိုက်သူဟာ ကိုကိုဖြစ်နေလေတော့ ရင်ထဲ တင်းကြပ်သွားရတာ အမှန်ပါ။
ကိုကိုဟာ တစ်စုံတစ်ယောက်ကို ချစ်ဖူးတယ်တဲ့...
ထိုကံကောင်းတဲ့လူက ဘယ်သူများဖြစ်နေလိမ့်မလဲ...?ကျွင့်ကျယ်သည် တွေးဆဆလေးဖြင့် ဆက်ပြောလာ၏။
"ကြာတော့ကြာပါပြီ"
"ဒါဆို အခုအဲ့လိုမခံစားရတော့ဘူးပေါ့"
"အင်းပေါ့...မလိုတော့ဘူးလေ"
ကျစ်ကွမ်း ရင်ထဲမျှော်လင့်ချက်လေးတစ်စွန်းတစ်စပြန်လည်ဝင်ရောက်လာရသည်။သူ့မှာ ကြိုးစားဖို့အခွင့်အရေးလေးတော့ရှိသေးတာပဲလေ။ကိုကိုငယ်ငယ်တုန်းက ဒီတိုင်းသဘောကျခဲ့တာဖြစ်မှာပါ။
"ကိုကို အရင်က..."
စကားမဆုံးသေးခင်မှာပင်
ကျစ်ကွမ်း၏မျက်နှာပေါ်ကျလာသော ရေစက်လေးတစ်စက်။ပြီးနောက် တစ်စက်ပြီးတစ်စက်အဆက်မပြတ်ကျလာတော့၏။"မိုးရွာတာပဲ"
ဘာအကာအကွယ်မှမပါဘဲ အိမ်ကိုလမ်းလျှောက်ပြန်နေကြသည့် သူတို့နှစ်ယောက်တော့ တိုင်ပတ်လေပြီ။ရုတ်တရက်ကြီးရွာချလာသည့်မိုးစက်များကြား ကျစ်ကွမ်းသည် ကျွင့်ကျယ်လက်လေးကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်လိုက်ကာ အိမ်ပြန်လမ်းတစ်လျှောက် အရှေ့မှဦးဆောင်ပြေးတော့သည်။ပြေးနေရင်းနှင့်ပင် တဖြည်းဖြည်းပိုများလာသည့် မိုးရေတွေကြောင့် သူ့တို့နှစ်ယောက်စလုံးမှာ ရေနစ်နေသည့်ကြွက်စုတ်လေးတွေနှင့်တောင် တူနေသေး၏။
သို့ပေမယ့် ထိုမိုးရေစက်တွေကြား...
အပြန်အလှန်ဆုပ်ကိုင်ထားသည့်လက်နှစ်စုံ...
ကောင်လေးနှစ်ယောက်၏ မျက်နှာပေါ်ကအပြုံး...
ထပ်တူကျနေသည့် ခြေလှမ်းတွေ...
အရာအားလုံးဟာ သဘာဝဆန်ဆန် လှလှပပလေး ဖြစ်တည်နေခဲ့ရဲ့...။
YOU ARE READING
𝑯 𝑨 𝑳 𝑶
Fanfictionဘာမှတော့ ထူးဆန်းတာမဟုတ်ဘူးရယ် သူ့ကိုမနာကျင်စေချင်တာမို့ ကိုယ့်ဒဏ်ရာကို လျစ်လျူရှုလိုက်ရုံ။