အပိုင်း 1 (U+Z)

798 36 2
                                    

13,4,2024 (အကြိုနေ့)

"ရှိုင်းလေး ရှိုင်းလေး "

"ဗျာ မေမေ"

"ဗျာကိုနောက်ထား မေမေ့ဆီ ခဏ လာခဲ့အုန်း"

"ဟုတ်ကဲ့"

စူပုတ်ပုတ်နဲ့ အနားရောက်လာသော သားဖြစ်သူကြောင့် ဒေါ်ရီရီနှင်း တစ်ယောက် ခိုင်းရမယ့် အလုပ်တောင် မေ့သွားသလို

"ဘာဖြစ်နေတာလဲ မျက်နှာက စူပုတ်နေတာပဲ"

"ဘာခိုင်းမှာလဲ မေမေရာ
မြန်မြန်ပြောတော့ သား သူငယ်ချင်းတွေနဲ့ ရေကစားဖို့ ချိန်းထားတာ နောက်ကျတော့မှာ"

"ဒီနေ့မှ အကြိုနေ့ပဲ ရှိပါသေးတယ် သားရယ် နောက်ရက်တွေအများကြီးကျန်သေးတယ်လေ"

"မရဘူးဗျာ မေမေ ညတုန်းက ကတိပေးထားပြီးပြီပဲ
လူကြီးဖြစ်ပြီး စကားကို ဗလောင်းဗလဲ မပြောရဘူး"

"ဟုတ်ပါပြီ ကိုယ်တော်ချောရယ်
အခုတော့လေ မင့် အရီးရွှေအိမ်မှာ အုန်းသီး သွားယူပေးအုန်းနော် မနက်ဖြန် မုန့်လုံးရေပေါ်နဲ့ ကျောက်ကျောကြိုရင် သုံးရအောင်လို့"

"ဘယ်နှစ်လုံးလဲ"

"မများပါဘူး 3လုံးလေးပါ "

"ပြီးရောဗျာ ဒါဆို သားသွားပြီ "

"ဟဲ့ ဟဲ့ "

ဆက်ပြောမယ့်စကားတောင် နားမထောင်သွားဘူး
ဒီကလေးနှယ်
သားလေး တစ်ယောက် ရှိပါတယ် အားကိုးရမလားဆို
ဘာမှ အသုံးမကျဘူး
အခုချိန်ထိ ကလေးစိတ်ကလည်းမကုန်သေး

***

"အရီးရွှေ အရီးရွှေ"

"အေ"

"သားပါ
မေမေက အုန်းသီးယူခိုင်းခဲ့လို့"

"အော် လာ လာ"

"ဟုတ်"

"ရော့ ဒီမှာ မင့်အမေ မှာထားတဲ့ အုန်းသီး"

"ဟုတ်ကဲ့ဗျာ့ ဒါဆို သားကိုခွင့်ပြုပါအုန်းနော်"

"အေ့ပါ အေ့ပါ"

ဒီကလေး ဘာတွေ အလိုမကျ ဖြစ်နေတာပါလိမ့်
ခါတိုင်းဆို အိမ်လာတိုင်း ပျော်ရွှင်တက်ကြွနေပြီး စကားတအားများတဲ့ ကောင်လေးက အခု လိုရင်းသာပြောပြီးပြန်သွားသည်လေ
ဧကန္တ သင်္ကြန် လည်ချင်ဇောကြောင့်ထင်

နှစ်သစ် ဧည့်သည် (စဆုံး)Where stories live. Discover now