အပိုင်း 3 (U+Z)

384 25 0
                                    

15,4,2024 (အကြတ်နေ့)

"မေမေ ဒီမှာ ဆွမ်းချိုင့်"

"ဟယ် ကြားသားမိုးကြိုး ဇော်ရှိုင်းထက်အစစ်မှ ဟုတ်ပါတယ်နော်
နေ့ချင်းညချင်း လူများချိန်းသွားတာလားကွယ်"

"မေမေကလည်း သားက အကောင်းနဲ့လုပ်ပေးထားတာကို"

"ဟုတ်ပါပြီရှင် "
"သား vita မလာရင်လည်း ဘယ်မှ မသွားနဲ့နော် အိမ်မှာပဲနေ ဟုတ်ပြီလား"

"မေမေကလည်း သားက ယောကျာ်းလေးလေ နည်းနည်းပါးပါး ပျော်ချင်ပါးချင်သေးတာပ"

"မင့်အရွယ်ကြီးနဲ့ ကလေးတွေကြားမှာ မရှက်ဘူးလား"

"ရှက်ပါဘူး မေမေကလည်း"

"အေ အေ မရှက်နဲ့
သူများ သားသမီးတွေ ချစ်သူရည်းစားနဲ့ လျှောက်လည်နေချိန်မှာ ငါသားကတော့ ကလေးပေါက်စတွေနဲ့ ဆော့လို့ကောင်းတုန်း ဟုတ်လား"

"ဟဲ ဟဲ "

"သားက လူပျိုကြီးလုပ်မှာလေ"

"အေ့ပါ အစားကိုကုန်အောင်စား စကားကိုကုန်အောင်မပြောနဲ့ ဆိုတဲ့ ဆိုရိုးရှိတယ်နော် သား"

"မေမေကလည်း နောက်ကျနေပြီလေ သွားတော့နော်"

ထရားဟောလို့ပြီးမှာ မဟုတ်တော့သည့် သူ့အမေအကြောင်း သိနေသောကြောင့် ရှိုင်း သူ့အမေကို အမြန်နှင်လွှတ်နေခြင်းဖြစ်သည်

ဒေါ်ရီရီနှင်းကတော့ သူ့သားပြင်ပေးထားသော ဆွမ်းချိုင့်ကို ဆွဲကာ ပြုံးတုံ့တုံ့နဲ့ ဘုန်းကြီးကျောင်းဆီ ထွက်လာခဲ့သည်
ကလေးစိတ်မကုန်သေးပဲ မိဘအပေါ်ဆိုးတာကလွဲရင် ရှိုင်း ကလူလိမ္မာလေးပါ မိခင်နဲ့ပဲကြီးပြင်းလာခဲ့ရတာကြောင့် အိမ်မှုကိစ္စအားလုံးလည်း ကျွမ်းကျွမ်းကျင်ကျင်လုပ်တတ်သည်
အလုပ်ကြမ်းကတော့ လုပ်ကိုင်ဖူးခြင်းမရှိတော့ လုပ်နိုင်မည်မထင်
ဒေါ်ရီရီနှင်းကလည်း ရှိုင်းကို ဘာအလုပ်ကြမ်းမှ မခိုင်း
သူမ သားကို ဘာအလုပ်ကြမ်းမှ မလုပ်စေချင်
ဒါကြောင့်လည်း ရှိုင်း ကို ပညာတတ်ကြီးတစ်ယောက် ဖြစ်စေချင်လို့ ရှိုင်းအတွက် ပညာရေးကို အရမ်းအလေးပေးသည်လေ
ရှိုင်း ကလည်း သိတတ်ပါတယ် သူ့အမေကို မျက်နှာမငယ်ရအောင် စာကြိုးစားသည်
အတန်းတိုင်းလည်း အမြဲ ပထမဆု ရသည်
အခုဆိုရင် ရှိုင်းက သူ့အမေ ဆန္ဒအတိုင်း တက္ကသိုလ်တက်နေတာ နောက်ဆုံးနှစ် ရောက်ပြီဖြစ်သည်
ဒေါ်ရီရီနှင်းသည် ရှိုင်း အတွက် အမြဲ ဂုဏ်ယူရတဲ့ မိခင်တစ်ဦးပါ

နှစ်သစ် ဧည့်သည် (စဆုံး)Where stories live. Discover now