အပိုင်း 2 (U+Z)

459 27 0
                                    

14,4,2024 (အကျနေ့)

"ကိုကြီးရှိုင်း ကိုပက် "

ကလေး 4,5,10ယောက်လောက် ဝိုင်းပြီး ရေလောင်းတော့ ရှိုင်း ခမျာ မြောင်းထဲပြုတ်ကျထားတဲ့ ကြွက်စုပ်လေးလို ဖြစ်လို့

"ဟာ ဟျောင့်တွေ
မင့်တို့ သစ္စာဖောက်တာလား အချင်းချင်း မလောင်းရဘူးလို့ ပြောထားတယ်လေ "

"လောင်းစရာ လူမှ မရှိတာ ကိုကြီးရှိုင်းကလည်း"

"အစောကြီး ရှိသေးတယ်လေ ခဏလောက်စောင့်ရင် ရတာပဲကို "

"မရဘူးဗျာ လောင်းစရာလူမရှိရင် ကိုကြီးရှိုင်း ကိုပဲလောင်းမှာ"

"အာ ရတယ်လေ
မင့်တို့က စလောင်းမှတော့ ငါလည်း လောင်းတယ်ကွာ"

ရှိုင်း လည်း ရေပုံးကို ရေအပြည့်ခပ်ကာ စုနေတဲ့ ကလေးအားလုံးကိုစိုအောင် ပက်လိုက်သည်

"ကဲ ဘာမှတ်နေလဲ ငါ့ကို"

"ဟေ့ 1ယောက်နဲ့ 10ယောက်ကွ ဝိုင်းလောင်းကြ"

လမ်းထိပ်မှာ ရှိုင်းနဲ့ ကလေး 10ယောက်တို့ရဲ့ တိုက်ပွဲက ပွက်လောရိုက်လို့
လမ်းသွားလမ်းလာတွေကို မပက်ပဲ အချင်းချင်း လိုက်ပက်နေကြသည်

"ဟျောင့်တွေ နားရအောင် မောတာကြီး"

"ကိုကြီးရှိုင်းကလည်း အသက်ကြီးပြီး အသုံးလည်းမကျဘူး"

"ဘာကွ"

"ဟုတ်တယ်လေ ကျွန်တော်တို့ ကလေးတွေတောင် ကိုကြီးရှိုင်းလောက် မမောဘူး"

"မင့်တို့က 10ယောက် ငါက 1 ယောက်လေ ဟ
ငါ့ကို တစ်ယောက်တည်းဆိုတိုင်း ဝိုင်းပြီး အနိုင်မကျင့်နဲ့နော်
ငါ့မေမေနဲ့တိုင်ပြောမှာ ဘာမှတ်နေလဲ"

"မကြောက်ပေါင်
ကျွန်တော်တို့ပဲ အဆူခံရမလား ကိုကြီးရှိုင်းပဲ အဆူခံရမလားဆိုတာ ကြည့်လိုက်လေ ဟိုမှာ"

ကလေး တစ်ယောက် လက်ညိုးထိုးပြတဲ့ဆီကြည့်လိုက်တော့
အမလေး ဗုဒ္ဓေါ....

"မေမေ ဘာလာလုပ်တာလဲဟင်"

ခုဏက သူတို့နဲ့ ရန်ဖြစ်နေတုန်းက အသံနဲ့ တစ်ခြားစီဖြစ်နေတာကြောင့် ကလေးအားလုံးရဲ့ မျက်နှာက ပြုံးစိစိ

နှစ်သစ် ဧည့်သည် (စဆုံး)Where stories live. Discover now