အပိုင်း၂

17.5K 389 10
                                    

အပိုင်း၂

" ပြန်ရအောင် သမီးငယ်ရယ် "

" ဟင့်အင် အားးး..."

နေမကောင်းတာသက်သာသွားပြီကြောင့် ပြန်ရန်ပြင်နေသော မာမီ့စကားကို ငြင်းကာ နာဟန်ဆောင်လိုက်သည်။ထိုအခါ ပြာယာခတ်သွားသော မောင့်မာမီ။

" ဟင် ဘာဖြစ်လို့လဲ ဘယ်နားနာလို့လဲ ‌မာမီဆရာဝန်ခေါ်ချေဦးမယ် "

" နေဦးမာမီ "

ဆရာဝန်လို့သုံးကတည်းက မာမီဟာ အန်တိံကို သွားခေါ်ခြင်းမဟုတ်ဘူးဆိုတာကို အတပ်သိလိုက်သည်။ထို့ကြောင့် အမြန်တားလိုက်တော့ ပြန်လှည့်ကြည့်လာသညါ့ မာမီ့မျက်ဝန်းမှာမျက်ရည်တွေ ဝေ့သီလျက်။ဆောတီးပါ မာမီရယ် မာမီ့သမီးက မိန်းမမျက်နှာလေးမမြင်ရသေးလို့ပါ။

" ဟင် "

" မောင် နာတာက ဒေါက်တာမိုးမခမေတစ်ယောက်ပဲကုပေးနိုင်တာနော် "

" ဟင် အဲ့လောက်ကိုဆိုးတာလား မာမီအခုချက်ချင်းသွားခေါ်လိုက်မယ် ခနနော် သမီးငယ် "

ပြာယာပြာယာဖြင့် ပြေးထွက်သွားသော မာမီ့ကိုကြည့်ကာ အကြံဆိုးကြီးဖြင့် မောင်ပြုံးလိုက်သည်။အန်တီက ဆေးရုံက အတော်ဆုံးဆရာဝန်လေ မောင်က အန်တီတစ်ယောက်ပဲ ကုပေးနိုင်တယ်ပြောတော့ အရမ်းဆိုးတယ်ထင်သွားသော မောင့်မာမီရယ်ပါ။တွေးရင်းဖြင့် တစ်ဟားဟားဖြင့် အော်ရီနေမိသည်။ထိုသည်ကို ကြည့်ကာ ပစ္စည်းများသိမ်းကူနေသည့် သူနာပြုမလေးမှာ ခေါင်းယမ်းနေမိတော့သည်။ဒီလိုဖြစ်တာ ပထမဆုံးအကြိမ်မှမဟုတ်ဘဲ။ပြန်ခါနီတိုင်း ထိုသို့ထိုသို့ဖြင့် တစ်လခန့်ကြာနေပြီ။

____

ဖြူဖွေးနေသည့်ရုံးခန်းထဲတွင် တစ်တောက်တောက်ဖြင့်စာရိုက်သံသာကြီးစိုးနေသည်။ကျီခနဲတံခါးဖွင့်သံနှင့်အတူ ကြားလိုက်ရသော တစ်ရှပ်ရှပ်ဖြင့် လမ်းလျှောက်သံ။ထိုအသံနှင့်အတူ ပျံ့နှံ့လာသော ကော်ဖီနံ့နှင့် အတူ ပြင်းရှရှရေမွှေးရနံ့။ ထိုလမ်းလျှောက်သူဟာ စာရိုက်နေသော စားပွဲခုံရှိလူစီကိုမသွားပါပဲနဲ့ ပြတင်းပေါက်စီသို့ဦးတည်သွား၏။ပြတင်းပေါက်ရှိလိုက်ကာကို ဆွဲဖွင့်လိုက်တော့ အခန်းထဲသို့နေရောင်မှာအပြေးလေးဝင်ရောက်လာသည်။ထို့နောက်လက်ကနဲဖြစ်သွားသော ရွှေရောင်မျက်မှန်ကိုင်လေး။

ဆေးရုံအုပ်ကြီးကိုမှချစ်မိခြင်းWhere stories live. Discover now