နွားနို့တွေရောက်လာတဲ့အခါ ပုံမှန်အတိုင်းကို ဖူးဖူးဘယ်လောက်တုံးအခဲ့ကြောင်းပြောပြီး လှောင်နေကြပါတယ် ဖူးဖူးကတော့ ရင်ဘက်တွေအောင့်ပေမယ့်လည်း မျက်ရည်မကျမိအောင်ကိုထိန်းထားပြီး သူတို့ကိုပြန်သာပြုံးပြခဲ့ပါတယ်
ရတီကလည်း အခြေအနေမဟန်တာသိတာမို့ ဖူးဖူးကိုဆွဲခေါ်ကာ
"ကျောင်းတက်တော့မှာသွားရအောင်""အေးအေးသွားမယ်လေ"
"ကျွန်တော်တို့ကိုလည်းစောင့်ပါဦးမမတို့ရာစိတ်ကြီးဘဲဗျာ"
"နင်တို့ကမဟုတ်ကဟုတ်ကတွေပြောနေတာကို"(ဖူးဖူးအစားရတီသာပြောပေးနေကျဖြစ်သည်)
"ဟုတ်ပါပြီဗျာ မမတို့မကြိုက်ရင် ဖူးဖူးလေးဘယ်လောက်တုံးအကြောင်းသားသားတို့မပြောတော့ပါဘူးဗျာ"(လရောင်ခန့်၀င်ရွဲ့ခြင်း)
(ကောင်းမြတ်ဟိန်းတို့အဖွဲ့မှာလေးယောက်ရှိပါတယ် လရောင်ခန့်ရယ် ကောင်းမြတ်ဟိန်းရယ် မင်းခန့်ကျော်ရယ် ပိုင်ပြည့်စုံ ရယ်ပဲဖြစ်ပါတယ် ဟိုနှစ်ယောက်ကတော့နည်းနည်းငြိမ်ပါတယ်သူတို့ပြောတာကိုလိုက်ထောက်ခံရုံလောက်ပါဘဲ သူတို့အဖွဲ့ကကျောင်းမှာဆိုပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်တွေပါနော် အသားတွေကလည်းဖွေးပြီး အရပ်တွေကလည်းအကုန်၆ပေကျော်တွေကြီးပါဘဲ အကျင့်လေးမကောင်းတာတစ်ခုဘဲ)
ကျောင်းလည်းတက်ပါပြီ အကုန်လုံးသူ့အတန်းထဲသူ၀င်ကာစာလုပ်ကြပါတယ်
(ကျောင်းစာတွေကချယ်လည်းသိပ်မပြောတတ်လို့အတန်းချိန်ကိုskipလိုက်ပါမယ်နော်🥺)ထမင်းစားကျောင်းဆင်းသော်အခါ
ရတီနဲ့ဖူးဖူးကမုန့်ဈေးတန်းမှာဘဲတူတူစားကြပါတယ် ဟိုကောင်တွေလည်းရောက်လာတာပေါ့
ရတီဟာကိုယူစားကြတော့ရတီကရန်တွေ့ပေမယ့် ဖူးဖူးဟာကိုယူစားတော့ ဖူးဖူးကဘာမှမပြောပါဘူး
"ဟဲ့ရတီနည်းနည်းလေးဘဲနှိုက်စားတာကိုဘာလို့လာရိုက်နေတာလည်း"(ပိုင်ပြည့်စုံနဲ့ရတီကကြောင်နဲ့ကြွက်လိုပါဘဲ)
"နင်ယူစားတာကုန်တော့မယ်လေ"
"မကျေနပ်ရင်မင်းငါ့ဟာပြန်ယူစားလေ လာရိုက်နေသေးတယ် အရူးမ"
YOU ARE READING
အမုန်းများရဲ့နောက်ကွယ်
Romanceဒီficလေးကတော့ မိန်းမတစ်ယောက်ရဲ့တစ်ဖက်သက်အချစ်နဲ့ စွန့်လွှတ်အနစ်နာခံခြင်းကိုပုံဖော်ထားခြင်းဖြစ်ပါတယ်။