ဖူးဖူးတစ်ယောက်ပြေးထွက်လာပြီး မငိုနိုင်လောက်အောင်ကိုခံစားနေရတာကြောင့် အတန်းဆက်မတက်ချင်တော့ဘဲ အိမ်ပြန်ဖို့ဘဲဆုံးဖြတ်လိုက်ပါတယ်
ဖူးဖူးလည်းဆရာမကိုနေမကောင်းဘူးပြောကာ အိမ်ပြန်လိုက်ပါသည်
----
ကောင်းမြတ်ဟိန်းတစ်ယောက်အတန်းထဲရောက်လာပြီး ကျောင်းသာတက်သွားတယ် ဖူးဖူးကိုသူမတွေ့ပါ သူ့မျက်လုံးတွေကဖူးဖူးကိုဘဲရှာနေမိပါသည်။
ဖူးဖူးတစ်ယောက်အိမ်ပြန်ရောက်သော် မေမေနဲ့ဖေဖေကသူ့ကိုစိတ်ပူနေတာမို့ သူခေါင်းနည်းနည်းကိုက်လို့ပြန်လာတာသာဖြစ်ကြောင်းပြောပြီး သူ့အခန်းရှိရာကိုတက်သွားလိုက်ပါတယ်
ပြီးကျစိတ်ရှိလိုက်ရှိထိုင်ငိုလိုက်မိသည်။
ငိုရင်းအိပ်ပျော်သွားကာနိုးလာတော့ည၉နာရီကျော်ရှိနေပြီမို့ မုန့်နည်းနည်းထစားကာ သူဘာလုပ်ရမလည်းထိုင်တွေးနေလိုက်တယ်
မနက်ရောက်သော
"မေမေ ဖေဖေ မီးမီးပြောစရာရှိလို့"
မေမေနဲ့ဖေဖေရောက်လာတော့
"ဘာလည်းသမီးပြောလေ"
"မီးမီး ဖွားဖွားကြီးဆီလိုက်နေပြီးဘဲ ကျောင်းဆက်တက်ချင်တယ်"
"ဘာလို့လည်းသမီးလေး"
"ဟိုမှာမီးမီးပိုနေချင်လို့ ဖွားဖွားကြီးနဲ့လည်းနေချင်တာမို့ နော် လုပ်ပါဖေဖေနဲ့မေမေ"
"အွန်းပါ သမီးလေးသဘောဘဲ"
"ဟုတ်ပြီ ဒီနေ့ကျောင်းမသွားဘူးလားသမီး"
"မသွားတော့ဘူး မေမေမီးမီး ဖွားဖွားကြီးဆီကိုအမြန်ဆုံးသွားချင်တယ်"
"ဟုတ်ပါပြီဗျာ ဖေဖေ့သမီးလေးဒီတစ်ပါတ်အတွင်းသွားလို့ရအောင်လုပ်ပေးထားမယ်"
"ရေးဒါမှတို့ဖေဖေချစ်တယ် မွ"
"မေမေ့ကိုရော"
"မေမေ့ကိုလည်းများကြီးချစ်တယ် မွမွ"
"အဲ့ဆိုမီးမီးရတီ့ကိုပြောလိုက်ဦးမယ်လေ"
ဆိုပြီးအပေါ်ကိုတက်သွားလိုက်ပါတယ်
အပေါ်ကောက်တော့ရတီကိုဖုန်းဆက်ကာ "ဟဲ့ကောင်မ"
"နင်ကျောင်းမလာတော့ဘူးလား"
"မလာတော့ဘူးဟေ့ ပြောစရာရှိလို့"
"နင်ပြောစရာရှိတာခနထား ကောင်းမြတ်ဟိန်းကနင့်ကိုလိုက်ရှာနေတယ်"
"ဟင်"
"နင်တို့နှစ်ယောက်တစ်ခုခုဖြစ်ထားတာလား"
"မဖြစ်ပါဘူးဟာ"
"ပြီးတာဘဲ"
"ခုငါပြောတာနားထောင်"
"ပြော ကျောင်းကျမလာဘဲ"
"ငါဒီအပါတ်တွင်း ငါ့ဖွားဖွားကြီးနောက်လိုက်ပြီးဘဲကျောင်းတက်တော့မှာ"
"ဟဲ့ ဘာလည်း နင့်အဖွားက UK မှာမဟုတ်ဘူးလား"
"ဟုတ်တယ်လေ"
"ဘာဖြစ်လို့လည်း နင်ကငါ့ကိုထားသွားတော့မှာပေါ့"
"အကြောင်းစုံလူချင်းတွေ့မှပြောပြတော့မယ် ဒါဘဲ"
ပြောချင်ရာပြောပြီး ဖုန်းချသွားတဲ့သူငယ်ချင်းမကြောင့်ရတီမခေါင်းပူရ၏
"သူဘာဖြစ်လို့လည်းချက်ချင်းကြီး"
"နင်ဖူးဖူးကိုတွေ့မိသေးလား သူဘာဖြစ်လို့လည်း"
ပြောရင်းဆိုရင်းရောက်ချလာပြီကောင်းမြတ်ဟိန်းဆိုတဲ့ကောင်
"မသိဘူး"
"နင်သိတယ်ပြော"
"ဘာလည်း"
"မေးတာပြောလေ"
"နင်လုပ်တာမလား"
"ဘာကိုလည်း"
"နင်ဖူးဖူးကိုဘာလုပ်လိုက်တာလည်း"
"ငါဘာလုပ်လို့တုန်း"
"နင်မလုပ်ရင်ဘသူလုပ်လို့သူချက်ချင်းကြီးukမှာကျောင်းသွားတက်မှာလည်း"
"ဟမ်"(မျောက်၄ကောင်အသံ)
"အေ့လို့ ခုဘဲငါ့ကိုဖုန်းဆက်ပြောတာ"
"ဘာလို့ လို့ပြောလည်း"
"အပြင်မှာတွေ့မှပြောပြမယ်တဲ့"
ခုတော့ကောင်းမြတ်ဟိန်းတစ်ယောက်လည်းခေါင်းပူရပြန်ပြီ
(အရေးအသားမကောင်းတဲ့တွက်တောင်းပန်ပါတယ်ရှင် ချယ်ရဲ့ပထမဆုံးရေးတဲ့ficလေးမို့ပါနော်)
YOU ARE READING
အမုန်းများရဲ့နောက်ကွယ်
Romanceဒီficလေးကတော့ မိန်းမတစ်ယောက်ရဲ့တစ်ဖက်သက်အချစ်နဲ့ စွန့်လွှတ်အနစ်နာခံခြင်းကိုပုံဖော်ထားခြင်းဖြစ်ပါတယ်။