နောက်နေ့မနက်ကျ ပုံမှန်အတိုင်းဘဲ ကျောင်းသွားဖို့ ပြင်ဆင်ပြီး အောက်မှာ မနက်စာ၀င်စားပါတယ်။
"သမီးဖူးဖူး ကျောင်းမှာအဆင်ပြေရဲ့လား"
"ဟုတ်ပြေပါတယ်ဖေဖေ ရတီတို့လည်းရှိတာဘဲ"
စားပြီးတော့
"ဖေဖေ မေမေ ဖူးသွားပြီနော် တာ့တာ"
"အေးအေး"
ကျောင်းသို့ရောက်သောအခါ အခန်းထဲ၀င်၀င်ချင်း ရတီနဲ့ဟိုအဖွဲ့ကိုတွေ့ပါတယ်
ရတီကဖူးဖူးကိုတွေ့တာနဲ့ ဖူးဖူးဆီပြေးလာပါတယ်
ဖူးဖူးကတော့ဟိုကောင်တွေနဲ့စကားမပြောချင်တာကြောင့်ကို့နေရာကိုထိုင်နေလိုက်ပါတယ်
ရတီကလာပြီး
"ဟဲ့ မုန့်ဈေးတန်းသွားရအောင်"
"သွားချင်စိတ်မရှိပါဘူးဟယ်"
"လာပါရေခဲမုန့်စားမယ်လေ"
မနက်စောစောစီးစီးရေခဲမုန့်စားရတာသူတို့အကြိုက်
"အေးဟယ်သွားမယ်ဟာ"
"ဟီးဟီး"ရတီကသွားကြီးဖြီးပြပါတယ်
"ဘာလည်း"
"ဘာမှဟုတ်ဘူး"
သူတို့သွားဖို့ပြင်တာနဲ့ဟိုကောင်တွေလည်းဖလာပြီး
ကောင်းမြတ်ဟိန်းကဖူးဖူးကိုခါးကနေလှမ်းဆွဲလိုက်ပါတယ်
ဖူးဖူးကလည်းတစ်ချက်ထဲဟိုဘက်လှည့်ပြီးပါသွားတာပေါ့
"ဘာလည်း"
ကောင်းမြတ်ဟိန်းကတော့ဘာမှမဖြေဘဲအေးစက်စက်နဲ့ကြည့်နေပါတယ်
"ဘာလည်းလို့နာတယ်လွှတ်"
ဖူးဖူးခါးကိုညှစ်ထားတာပါသူ့အားနဲ့
"မင်းမနေ့ကဘာအချိုးချိုးတာလည်း"
"ဘာအချိုးချိုးလို့လည်း"
"ဟိုတစ်ယောက်လာတာနဲ့ထပြန်သွားတာလေ"
"ငါ့ငါပြန်ချင်လို့ပါ"
"မဟုတ်ဘူး မင်းအဲ့လိုလုပ်တော့ သူ့အတွက်ကောင်းလား"
"မသိဘူး စိတ်မ၀င်စားဘူးလေ"
"ဖူးဖူးမင်း"
"ဘာလည်း ဒါဘဲမလည်းပြောချင်တာ လွှတ်ခု"
...
"လွှတ်လေ"
"မလွှတ်နိုင်ဘူး မင်းယွန်းကိုသွားတောင်းပန်လိုက်"
"ဘာကိစ္စနဲ့လည်း"
"မနေ့မင်းချိုးတဲ့အချိုးအတွက်"
"မတောင်းပန်နိုင်ဘူး"
အဲ့လိုစကားများကြရင်း ကျောင်းလည်းတက်ရော ဖူးဖူးကိုလွှတ်ပေးလိုက်ပါတယ်
"အေးမင်းနဲ့ငါ ထမင်းစားကျောင်းဆင်းရင်တွေ့မယ်"
ဖူးဖူးတကယ်တော့၀မ်းနည်းမိပါတယ် အဲ့ကောင်မအတွက်ဖူးဖူးကိုဒီလိုကြီးဆက်ဆံတာလား သူအရင်ကခံရတာအတွက်ရော ဘာလို့လည်း ဖူးဖူးငိုချင်တာကိုအကြောတင်းပြီးအောင့်ထားတာပါ ကောင်းမြတ်ဟိန်းထွက်သွားမှ ထိုင်ငိုနေလိုက်ပါတယ်။
(ချယ် ကဲနေလို့ update လေးနောက်ကျသွားတာပါနော် နည်းနည်းတိုသွားလို့ဖတ်ရတုအဆင်ပြေရဲ့လားရှင့်)
YOU ARE READING
အမုန်းများရဲ့နောက်ကွယ်
Romanceဒီficလေးကတော့ မိန်းမတစ်ယောက်ရဲ့တစ်ဖက်သက်အချစ်နဲ့ စွန့်လွှတ်အနစ်နာခံခြင်းကိုပုံဖော်ထားခြင်းဖြစ်ပါတယ်။