ဒီလိုနဲ့ဘဲအတန်းချိန်ပြီးတော့ အားလုံးမုန့်သွားစားကြဖို့လုပ်ပါတယ်
"ဟဲ့ဘာသွားစားမှာလည်း"(yt)
"မာလာရှမ်းကောစားချင်တယ်"(pp)
"အေအဲ့ဒါကောင်းသားဘဲ"(pps)
"မစားဘူး"(kmh)
(သူရွေးလို့မစားမှန်းဖူးဖူးသိပါတယ်)
"အွန်းအဲ့ဆိုလည်းနင်တို့စားချင်တာသွားစားမယ်လေ"(pp)
"ကြေးအိုးစားမယ်"(lyk)
အဲ့လိုနဲ့တစ်ဖွဲ့လုံးကြေးအိုးဆိုင်ကိုရောက်လာပြီး မှာကြပါတယ်
စားနေတုန်း ဖူးဖူးဟိုဘက်ကိုကြည့်လိုက်တဲ့အခါ
"ဟယ် ဖူးဖူးဟိုမှာ ယွန်းဆိုတဲ့တစ်ယောက်မလား"
"အွန်း"(သူ့ရင်ဘက်ထဲပူလောင်ပြီးရင်ဘက်တစ်ခုလုံးလည်းအောင့်တက်လာပါပြီ)
မျက်ရည်မဝဲအောင်လည်း သေချာစိတ်ကိုထိန်းထားမိတယ်ကောင်းမြတ်ဟိန်းကဒါကိုတွေ့တော့
အဲ့ယွန်းဆိုတဲ့မိန်းကလေးဆီသွားပြီ
"ဟေ့"
"အယ် ကောင်း မလား"
"အွန်း ဟိုမှာမုန့်စားနေတာ တစ်ယောက်ထဲရပ်နေတာတွေ့လို့ တစ်ယောက်ထဲသွားစရာမရှိရင် ငါတို့နဲ့လာထိုင်ပါလား"
"အိုကေလေ"
ဖူးကကောင်းမြတ်ဟိန်းကိုကြောင်ကြည့်နေမိပါတယ် ဘယ်လိုများလုပ်ရက်တာပါလိမ့်
"ဟေ့ မတွေ့တာကြာပြီနော် ယွန်းကိုမှတ်မိကြသေးတယ်မလား"
ဟိုသုံးယောက်ကတော့မှတ်မိတယ်ဘာညာပြောပေမယ့် ဖူးဖူးနဲ့ရတီကငြိမ်ကြည့်နေမိတယ်
ဒီတစ်ခါဖူးဖူးကဘဲစပြီး
"ငါပြန်တော့မယ်နော်"
"ငါရောဘဲ"
"ဘာလို့လည်းအခုမှရောက်တာကို မင်းတို့မှာထားတာတောင်မရောက်သေးဘူး"
"ထားလိုက်ပါပြည့်စုံရယ် ငါတို့ပြန်တော့မယ် ဒီမှာဆက်နေရင်အဆင်ပြေမှာမဟုတ်ဘူး"
ယွန်းကတော့အောင်နိုင်သူလိုမဲ့ပြုံးနဲ့သာကြည့်၍
"အဲ့လိုလည်းမဟုတ်ပါဘူး ဒီတိုင်းခေါင်းမူးလာလို့ ပြန်တော့မှာ ရတီနေချင်နေခဲ့လေ"
"ဟင့်အင်းငါလည်းလိုက်မှာ"
သူတို့နှစ်ယောက်သားပြန်သွားတာလည်း အရမ်းကြည့်မထူးဆန်းလှပါ တစ်ဖွဲ့လုံးက ယွန်းနဲ့ဘယ်လိုအကန့်ရှိတယ်ဆိုတာသိပြီးသားဆိုတော့လည်း
"ဟူး"
"ဖူးဖူးရယ် နင်သူ့ကိုစိတ်မဖြတ်နိုင်သေးတာလား"
"မဟုတ်ပါဘူးဟာ"
"အဲ့ဆိုဘာဖြစ်လို့လည်း ငိုမဲ့မဲ့နဲ့နင်က"
"ဟဲ့အဲ့လိုရုပ်ဖြစ်သွားတာလား"
"အွန်းလေ အခြေအနေမဟန်လို့ငါပါလိုက်ပြန်လာတာ"
"ငါဒီလောက်ထိန်းထားတာကို"
"ကဲပါ ခုဘာဖြစ်လို့လည်းငါ့ကိုပြော ငါရှိတယ်"
"ငါ ငါလေ သူတို့ကိုအဲ့လိုတွေရင် ငါအရင်ကေတွ့ခဲ့ပြီး ကြားခဲ့တာတွေကိုပြန်မြင်ယောင်လာ ဟင့်ဟင့်ဟင့်"
ဖူးဖူးတစ်ယောက်ရှိုက်ကြီးတငယ်နဲ့ထငိုပါလေရော"အေ့ပါ ဘာမှမဖြစ်နဲ့တော့ အဲ့ကောင်ကိုကမကောင်းတာနင်လိုက်ခံစားမနေနဲ့နော် ခုငါရှိတယ်နင့်အနားမှာ အမြဲတမ်းရှိသွားမှာ တိတ်တိတ်"
ဒီလိုနဲ့ဘဲငိုလို့၀သွားတော့ ရတီကဖူးဖူးကိုအိမ်ပြန်ပို့ပြီး သူလည်းသူ့အိမ်ပြန်သွားတယ်
ဖူးဖူးကတော့ညစာထစားချင်စိတ်မရှိလို့ မစားဘဲ အခန်းထဲမှာအရင်ကဟာတွေတွေးပြီး ထိုင်ငိုနေပါလေရဲ့(ဒီလိုငိုတာညတိုင်းလိုလိုပဲနော် အဲ့ဟာမှသူ့ရင်ထဲနေလို့ကောင်းသွားတယ်ခံစားရလို့)
(ပထမဆုံးရေးတာမို့အရေးအသားလေးသည်းခံပေးပါနော် )
YOU ARE READING
အမုန်းများရဲ့နောက်ကွယ်
Romanceဒီficလေးကတော့ မိန်းမတစ်ယောက်ရဲ့တစ်ဖက်သက်အချစ်နဲ့ စွန့်လွှတ်အနစ်နာခံခြင်းကိုပုံဖော်ထားခြင်းဖြစ်ပါတယ်။