EPISODE - 3
အပူအပင်ရယ်လို့ သိပ်မရှိခဲ့တဲ့ ကျွန်တော့်အတွက်တော့ ဒီညက ပထမဆုံးအိပ်မရတဲ့ညဖြစ်ခဲ့တယ်။ အမျိုးအစားခွဲခြားပြလို့မရတဲ့ အပူအပင်တစ်ခုခုက ကျွန်တော့်ကို အိပ်မပျော်ဖြစ်စေတဲ့အထိ အတွေးများနေစေခဲ့တာလေ။
ကျွန်တော် စကားပြောဖို့ကြိုးစားနေတဲ့ ဘေးခြံကကောင်လေးက ကျွန်တော့်ကို အိပ်မပျော်ဖြစ်ရအောင် တွေးစရာတွေပေးခဲ့လေတော့ ကျွန်တော်အိပ်မပျော်တာအဆန်းလား။ အစကတော့ သူကျွန်တော့်ကို မခင်ချင်လို့ တမင်ချေနေခဲ့တယ်ထင်ခဲ့တာ တကယ်တမ်းကျတော့ သူက သူ့ကိုယ်သူသိမ်ငယ်ပြီး ကျွန်တော့်ကို မခင်ချင်ခဲ့တာပဲ။
ဒါပေမယ့် ကျွန်တော် သူ့အတွေးတွေကို နားမလည်နိုင်ခဲ့ဘူး။ ကျွန်တော်က သူ့လိုချို့ယွင်းချက်ရှိတဲ့သူမျိုးကို ခွဲခြားဆက်ဆံတတ်တဲ့သူမျိုးလို့များ သူထင်နေခဲ့တာလား။ မဟုတ်ဘူး ဒါက ချို့ယွင်းချက်လို့တောင် ခေါ်လို့မရဘူး မဟုတ်လား။
သူလည်း ကျွန်တော်တို့လိုအများကြီး လုပ်နိုင်စွမ်းရှိတဲ့ သာမန်လူတစ်ယောက်ပါပဲ။ ကျွန်တော်တို့ မလုပ်နိုင်တဲ့ အချို့အရာတွေကိုတောင် သူလုပ်နိုင်ချင်လုပ်နိုင်ဦးမှာ။
လူတိုင်းက တစ်ခုမဟုတ်တစ်ခုတော့ ပေါက်ပေါက်မြောက်မြောက်လုပ်နိုင်လိမ့်မယ်ဆိုတာ ကျွန်တော်ယုံကြည်တယ်။သူလည်း သူကျွမ်းကျင်တဲ့အရာတစ်ခုကို အောင်မြင်အောင်လုပ်နိုင်စွမ်းရှိမယ့် သာမန်လူတစ်ယောက်ပဲလေ။ ဒီလိုလူတစ်ယောက်က သူ့ကိုယ်သူအခန်းထဲ ပိတ်လှောင်ထားပြီး ကမ္ဘာလောကကြီးနဲ့ အဆက်အသွယ်ဖြတ်ဖို့ကြိုးစားနေတာ ဖြစ်ရောဖြစ်သင့်လို့လား။
အရာရာကို ကျွန်တော့်စိတ်တိုင်းကျသာ လုပ်ခွင့်ရမယ်ဆိုရင် သူ့ကို အိမ်ထဲကခေါ်ထုတ်ပြီး ဒီကမ္ဘာလောကကြီးအနှံ့ကို လျှောက်ပြပေးချင်တယ်။ လှောင်အိမ်ထဲနေရတဲ့ငှက်လေးနဲ့တူတဲ့ သူ့ကို လွတ်လွတ်လပ်လပ်ပျံသန်းရတဲ့အရသာက ဘယ်လောက်ကောင်းမွန်ကြောင်းကို ပြပေးချင်မိတာ။
သူ့ကို အိမ်အပြင်ခေါ်ထုတ်ပြီး ဒီလောကကြီးထဲ အတူလျှောက်လည်တဲ့အခါ ကမ္ဘာလောကကြီးရဲ့အလှကို သူတအံ့တဩငေးကြည့်နေလိမ့်မလား...ဒါမှမဟုတ် လွတ်လပ်ပေါ့ပါးတဲ့ ခံစားချက်ကြောင့် တောက်ပတဲ့အပြုံးတွေနဲ့ ပြုံးနေလိမ့်မလား...စိတ်ကူးနဲ့ပုံဖော်ကြည့်မိတယ်။
YOU ARE READING
Can You Translate My Heart
De TodoMoonlight Chicken Seriesထဲက Second Coupleဖြစ်တဲ့ Limingနဲ့ Heart ဇာတ်ကောင်တွေရဲ့ ကာရိုက်တာကိူ Inspireယူပြီး ဒီဇာတ်လမ်းကို ဖန်တီးထားပါတယ်။ Soojun Vibe ရအောင် Plotကို ဆန်းသစ်ထားပြီး အပိုင်းနည်းနည်းပဲရှိပါမယ်