"ထစ်ဖန် ပြန်လည် မွှေးဖွားခြင်း"
စောဝေရီ ၁၃နှစ်အရွယ်မှာ
သူ့အဖိုးရှိတယ့် မြို့တော်ကို
ရောက်လာခဲ့တယ်။ ဘာဖစ်လို့လဲဆိုတော့ စောဝေရီလေးရဲ့အဖေဖြစ်သူ
ဦး မင်းရောင်က သူ့အမေရဲ့နေရာမှာ အစားထိုးလိုက်ပီး
တခြားအမျိုးသမီးတစ်ယောက်နဲ့ အိမ်ထောင်ပြုတော့မှာမို့လို့ဘဲဖစ်တယ်။
စောဝေရီလေးက ဝမ်းနည်းစွာနဲ့
" အဖေ ဘာလို့တစ်ခြားမိန်းမနဲ့
လက်ထက်မှာလဲဟင် အဖေ
အေမ့ကိုချစ်တယ်မဟုတ်လားဟင် ..
ဘာဖစ်လို့လဲ ဖေဖေ
ဖေဖေ အမေ့အပေါ် မချစ်ခဲ့ဖူးလား ဟင်"
"ဖြေပါဦး လို့ သားပြောတာကို ဖေဖေ"
လို့စောဝေရီလေးကသူ့အဖေကို ငိုကာ
သူ့အဖေရဲ့ ဘောင်းဘီစကို
တရွတ်တိုက်စွဲရင်း မျက်ဝန်းလေးကနေမျက်ရည်လေးတေ
အဆက်မပြတ်စီးကျနေတယ်။
စောဝေရီရဲ့အဖေက
စောဝေရီရဲ့ လက်ခလေးတေကို
မထူလိုက်ပီး။ "တိတ်တိတ် ဘာလို့ငိုနေရတာလဲ သား ရယ် အဖေ မင်းမေမေကို ချစ်ခဲ့ပါတယ်
ဒါပေမယ့် အဖေ့ရဲ့ပစ္စည်း ဥစ္စာ တေနဲ့
အဖေ့အိမ်ထောင်ကို ထိန်းသိန်းဖို့အတွက်
ဒေါ် ကရေသီ နဲ့ လက်ထက်ဖို့ စီစဉ်လိုက်တာပါသားရယ် " ထပ်ပီးတော့ ဦးမင်းရောင်က "ကရောသီ ကသားကိုသူ့သားအရင်းလိုချစ်ပေးမှာပါသားရယ် "
လို့တာဝန်မဲ့စွာလွယ်လွယ်ပြောလိုက်တယ်။ "ဒေါ်ကရောသီမှာ ကယောကျားကလည်းသေပီး မုဆိုးမ တစ်ယောက် သူ့ယောကျားချန်ထားခဲ့တယ့်ပစ္စည်းဥစ္စာတေနဲ့
တစ်ကိုယ်ထည်းဖြတ်သန်းနေတယ့်သူဖစ်တယ် "
နောက်တစ်နေ့ အစောလေးအိပ်ရာက
နေနိုးပီး
အိမ်အောက်ထပ်ကိုဆင်းလာချိန်
သူ့အိမ်က အိမ်အကူအဒေါ်ကြီးတေက
စုစု စုစုနဲ့ ရိသဲ့သဲ့လုပ်နေကြတယ်
အစောရောက်လာတယ်ဆိုတာမသိကြဘဲ အတင်းပြောသံ တိုးတိုး တိုးတိုး !!အသံတေထွက်နေတယ်
",ဟယ့် သိလား သခင်းကြီး ကလေ မမကြီး မဆုံးခင်ထဲက ဟို ဒေါ်ကရေသီ ဆိုတယ့် မိန်းမနဲ့ ချိန်းတွေ့နေခဲ့တာကြာပီ သိလား
နောက်တစ်ယောက်က
"ဟယ် ဟုတ်လို့လားဟယ် သခင်ကြီးက မမကြီးကို ဒီလောက်ချစ်တယ့်ဟာကို " "ဟယ့် တစ်ကယ်ပါဆိုမှဘဲ
ငါ မမကြီး ရဲ့ နာရေးတုန်းက
အယ့် မိန်းမနဲ့
သခင်ကြီးနဲ့ အခန်းတစ်ခုထဲဝင်သွားတာ
တွေ့လိုက်တယ် သူတို့ရဲ့ ဆက်ဆံရေးက သာမာန် လိုမိတ်ဆွေတေနဲ့မတူဘူးဟယ့် သခင်လေးမရှိတယ့်ချိန်တေဆိုရင်လေ သခင်ကြီးနဲ့ အယ့်မိန်းမနဲ့ တစ်နေရာကို
ကားအနီေရာင်နဲ့ထွက်သွားတယ်သိလား အေး အယ့်ကားကလေ
အယ့်မိန်းမရဲ့ကားဖစ်မယ်ထင်တယ်
အေးဆို "အယ့်ချိန်မှာအစောလေးက ခုံပေါ်ကပန်းအိုးကို တိုက်မိပီး
"ခွမ်း ကနဲ"အသံထွက်လာတယ် အခန်းထောင့်ကနေ အိမ်အကူတေလည်း
လန့်ဖြန့်သွားပီး
သခင်လေး ဆိုပီး အနားနားကို
ပြေးလာကြတယ် အစောရဲ့ဘေးနားမှာပန်းအိုးအကွဲစတေနဲ့ ပြည့်နေတယ်
ပန်းအိုးအကွဲစတစ်ခုနဲ့ခြစ်မိပီး
အစောရဲ့ ဘယ်လက်ကခြေသလုံးလေးမှာသွေးလေးတေစီးကျလာတယ် ။
အိမ်အကူေတလည်း အစောလေးရဲ့ခြေသလုံးလေးကို ဆေးထည်းပြီးပတ်တီးစီးပေးလိုက်တယ် ။ အစောလေးကတော့ မင်သက်နေကာဘာစကားတစ်ခွန်းမှမပြောနိုင်ရှာဘဲ ရုပ်အသေလေးနဲ့သာ အိမ်ပေါ်ကိုပြန်တက်သွားတယ်။
ညနေရောက်တော့ ထမင်းစားချိန် အစောလည်း ထမင်းစားခန်းမှာအသင့်စောင့်နေတယ် သူ့အဖေပြန်အလာကို တစ်ခနကြာတော့ ဈီ ကနဲ ကားရောက်လာတယ် အိမ်ရှေ့ကို အိမ်ထဲကိုသူ့အဖေအပြင်တခြားမိန်းမတစ်ယောက်လဲပါလားပါတယ်။အယ့်တိသူကတော့ ဒေါ်ကေရသီပါဘဲ
အိမ်ထဲကိုဦးမင်းရောင်ဝင်လာပီး အိမ်အဝကနေကြိုနေတယ့်အိမ်အကူကို "အစောလေးဘယ်မှာလဲ "လို့မေးလိုက်တော့
အိမ်အကူက "သခင်လေးထမင်းစားခန်းမှာစောင့်နေပါတယ်သခင်ကြီး"လို့ဖြေလိုက်တယ်။ ဦးမင်းရောင်က "ကရေသီလယလေ ကိုယ့်တို့တေသားနဲ့အတူထမင်းစားကြတာပေါ့ လို့ ခေါ်လိုက်တယ် " ဒေါကရေသီက
"ဟုတ်ကယ့်အစ်ကို သားလေးကဗိုက်ဆာနေလောက်ပီ"လို့ဖြေဦးအတူလိုက်သွားတယ်။
ဦးမင်းရောင်နဲ့ နှစ်ယောက်သား ထမင်းစားခန်းထဲဝင်လာပီး နှစ်ယောက်စလုံးက အစောကိုနှုတ်ဆက်တယ် ။ ဦးမင်းရောင်က သား ဒါ"သားရဲ့ မေမေဖစ်လာမယ့်သူလေသား "လို့ပြောလိုက်တယ် ။ အစောကို
ဒေါ်ကရေသီကနှုတ်ဆက်လိုက်တယ် သားလေး
မင်္ဂလာပါနော်သားလေး အမလေးသားလေးက ချစ်ဖို့ကောင်းလိုက်တာ အစ်ကိုနဲ့တူလို့ဖစ်မယ်
လူချောလေးဘဲနော် ဖအေတူသားလေးဘဲ "
"အိုးချစ်ဖို့ကောင်းလိုက်တာ လို့ပြောလိုက်တယ် "
အစောကတော့ သဘောမကျ ပါဘူး ထမင်းစားဖို့ ထမင်းထည်းခိုင်းလိုက်တယ်အိမ်အကူအဒေါ်ကြီးကို
ထမင်းစားနေတာတောင် ဒေါ်ကရေသီနဲ့ သူ့အဖေက မျက်လုံးချင်းဆုံကာ တစ်ယောက်နဲ့တစ်ယောက်စကားပြောဖောင်ဖျွဲ့ပြာနေလေတယ် ဒါကို အစောကမကြည့်ချင်တော့တော့
ထမင်းစားနေတာကို တန်းလန်းထားခဲ့ပီးထသွားတယ် ။ အစောကိုသူ့အမဖကသားတော်ပီးလားလို့ေပြာပေမယ့်လှည့်မကြည့်ဘဲထသွားတယ်။
ဦး မင်းရောင်က ဒေါ်ကရေသီရဲ့ပခုံးကိုပွတ်ပေးပီး "သားလေးက လက်မခံနိုင်သေးလို့ပါ
သူ မကြာခင် မင်းကိုနားလည်လာမှာပါ ကရေသီလို့ "ပြောလိုက်တယ်။
ပီးနောက်နေ့တေတစ်နေ့ပီးတစ်နေ့ကုန်ဆုံးလာပီး ဒေါ်ကရေသီနဲ့ဦးမင်းရောင်တို့ လက်ထက်လိုက်ကြတယ်။ အစောလည်းသူ့အဖေနဲ့စကားမပြောဖစ်တော့ဘဲ တဖြည်းဖြည်း စကားနည်းလာခဲ့တယ်။ တစ်ယောက်ထဲဘဲစာအုပ်ဖတ်လိုက် မြို့ထဲကိုလျေှာက်သွားလိုက်နဲ့ အချိန်တေဖြုံးတယ်။
ဒေါ်ကရေသီက အစောတို့အိမ်ကိုပြောင်းလာတယ် အစောကတော့ တစ်နေ့ထက်မပျော်တော့ဘူး။
သူ့အမေကိုသာလွှမ်းရစ်နေတော့တယ် ။
လက်ထက်ပီးမကြာဘူး သူ့အမေရယ့်လက်ဝတ်ရတနာတေကို ဒေါ်ကရေသီဝတ်ထားတာတွေ့လိုက်တယ် အစောလေးစိတ်ဆိုးသွားတယ် "စိတ်ဆိုးပီး တော့ ဒေါ်ကရေသီ့ကို
ခင်ဗျား ကျွန်တော့ အမေပစ္စည်းတေကိုမထိနဲ့
ကျွန်တော့အမေ ရဲ့အခန်းထဲလဲမဝင်နဲ့ ခင်ဗျား ကိုမုန်းတယ် "လို့ပြောပြီး ပြေးထွက်လာတယ် ။ ဒေါ်ကရေသီကတော့ဝမ်းနည်းပီး စိတ်မကောင်းဖစ်စွာနဲ့ကျန်နေခဲ့တယ် အခန်းထဲမှာ။
အစောလေးကတော့သူ့အဖေနဲ့ မိထွေးတို့နဲ့
မနေချင်တော့တော့ မြို့တော်ကသူ့အဖိုးဆီ
ကိုစာပို့လိုက်တယ်