* တကယ် ချစ်တာလား *
ကျောင်းအဆင်းမှာ ခန့်ရှားနိုင်က စောကို ရေခဲမုန့်ဝယ်ကျွေးတယ် စောကို ခန့်က ပျော်စေချင်တာပေါ့ စောမျက်နှာတစ်ကမ္ဘာလို့တောင် သူ့သူငယ်ချင်းတေကစကြတယ်
စောကျောင်းအလာကိုသူစောင့်နေတယ်
စောနဲ့အတူတူ သူကျောင်းလာချင်လို့ပေါ့
သူ့ကိုစောက သူရဲ့အရင်းနှီးဆုံးသူငယ်ချင်းလိုသဘောထားတာ
စောကသူ့ကားပေါ်ကနေဆင်းပီးတော့ ငေးငိုင်နေတယ့် ပုံကို ခန့်က မြင်လိုက်တယ်ခန့်ကယောဆီကိုလျှောက်သွားတယ်
စောက ဘယ်လောက်အတွေးလွန်သလဲဆိုရင်သူ့ရှေ့က မီးတိုင်ကိုတောင်ဝင်တိုက်မိတော့မယ်
အယ့်ချိန် ခန့် က စောခေါင်းခိုက်မိမှာဆိုးလို့ စောရဲ့ ခေါင်းလေးနဲ့ မီးတိုင်နဲ့ ကြားမှာ သူ့လက်ဝါးခံလိုက်ပီးတော့"စော မင်းဘာတေအတွေးလွန်နေတာလဲ "
"တော်သေးတာပေါ့ မင်းတိုက်မိတော့မလို့""အွန်း ငါ ဒီတိုင်း ပါဘဲ"
"ကျေးဇူးပါနော်""ဟော ရပါတယ် မင်းနဲ့ငါကကျေးဇူးတင်ရမယ့်လူတေမဟုတ်ပါဝူးကွာ ရပါတယ် "
"စော ဒါနဲ့ မင်းကိုငါ ကားပေါ်ကကြည့်နေတာကြာပီးမင်းဘာတေကိုအတွေးလွန်နေတာလဲ မင်းမျက်နှာကြည့်ရတာလဲ
နေမကောင်းဝူးလားဟင်"ခန့်က စောရဲ့ အနားကိုကပ်သွားပီးတော့
ေစာရဲ့နဖူးကို စမ်းလိုက်တယ်"ဟွန်နေလည်းကောင်းပါတယ် ကိုယ်ပူမနေပါဝူး"
"ဟုတ်တယ် ငါ နေလို့ကောင်းပါတယ်
ဘာမှမဖစ်ပါဝူး စိတ်မပူပါနဲ့ ""ဒါဆိုမင်းမျက်နှာကမကောင်းတာလဲ"
"အော မင်းကိုဘယ်သူအနိုင်ကျင့်လိုက်လဲ ပြော ငါနဲ့တွေ့သွားမယ် "
"ဘယ်ကောင်လဲ ငါ့အစောကိုမျက်နှာပျက်အောင်လုပ်တာ "
"ဟယ် ဘယ်သူမှမလုပ်ရပါဝူး ဒီ တိုင်း ပါဘဲ"
"စိတ်မပူနဲ့နော် ခန့်""😊အွန်းး "
ခန့်ရှားနိုင်က စောနဲ့ အတူတူ ကျောင်းအခန်းထဲဝင်သွားတယ်
စောကိုအစစ အရာရာ ဂရုစိုက်တယ် ခန့်ရှားနိုင်က စောက ဘောပင်မပါလာရင်စောကို
သူ့ဘောဘင်ငှားပေးတယ်