" နေရောင်ခြည်ရဲ့ မေဘယ် "
ညနေပိုင်းမှာ အစောက မြို့စားကတော်နဲ့အတူ မြို့စားကြီး ပြန်လာတော့မှာမို့လို့ မုန့်တေဝိုင်းကူလုပ်တယ်
အစောလုပ်တားတယ့်မုန့်လေးတေလည်းပါတာပေါ့ အစော မုန့်လေးတေကိုလုပ်ပီး
စီနေတယ့်ချိန်
အိမ်အကူ အမတေက "သခင်လေး ဝါး
လှလိုက်တာ အူးးး စားကောင်း မယ်ပုံဘဲ မုန့်လေးတေက " "တူတူ စားကြမယ်လေ"" ဟုတ်ကယ်ပါ သခင်လေး !!
ဟဲဟဲ
မြို့စားကတော်ကအစောကို "သား
ဒီမုန့်ေတကိုလေ ယောလေးအခန်းထဲကို
သွားပေးပေးလို့ရမလားဟင်သား
" ဟင် "အစောကတွေဝေသွားပီး
"အစောရေရော့ မုန့်တေကို ယောလေးအခန်းထဲသွားထားပေးနော်သား အန်တီ မုန့တေလုပ်နေတာနဲ့ အလုပ်ရှုပ်နေလို့ ပါ "
အစောက မုန့်ပန်းကန်ကိုလှမ်းယူလိုက်တယ်
အစော ထပီးတော့ မုန့်ပန်းကန်ယူပီး
အိမ်ပေါ်တက်သွားလိုက်တယ်
ယောသခင်ရဲ့ အခန်းတံခါးက အပိတ်အဖွင့်လေးစိထားတာ အစော တွေ့သွားတယ်
အခန်းတံခါးကိုအစော တံခါးခေါက်လိုက်
" ဒေါက် ဒေါက် ဒေါက် " "ကျွန်တော်ဝင်လာခဲ့မယ်နော် " အစောအခန်းထဲကိုဝင်သွားတယ့်အချိန် မှာ အခန်းထဲမှာဘယ်သူမှ မတွေ့ဘူး
အခန်းကလည်းလက်စွဲအိတ်တေ ပစ္စည်းတေနဲ့ရှုပ်နေပီး အဝတ်အစားတေကပြန့်ကျဲနေတယ် အစောကမုန့်ပန်းကန်ကို အိပ်ရာနားက လွတ်နေတယ့် မီးအိမ်တင်ထားတယ့်ခုံပေါ်သွားတင်လိုက်တယ် အစောတင်လိုက်
တင်လိုက်ပီးတော့ ပြန်ထလိုက်ချိန်
အစောရဲ့ အနောက်မှာ ယောသခင်ရောက်နေတယ်
ယောသခင်က ရေချိုးခန်းထဲကထွက်လာဖစ်ပီး အပေါ်ပိုင်းကလွတ်နေတယ်
လည်စိကနေပီးရေစက်ကလေးတေကစီးကျနေတယ် ရင်အုပ်တေ မာဆယ်တေကလည်း မက်လောက်စရာကောင်းလွန်းလှတယ် ယောသခင်က ကအာက်ပိုင်းကို
အဖြူရောင်သဘက်နဲ့ ပတ်ထားတယ်