・⁠。゚그냥 보고싶어서.⁠*⁠・⁠。゚

761 33 6
                                    

~aircon မှ‌ထွက်တဲ့ လေသံသဲ့သဲ့ကြားရပြီး တိတ်ဆိတ်နေတဲ့ အခန်းလေးရဲ့ ပြတင်းပေါက်နံဘေးမှာ ထယ်ဆန်းအပြင်ဘက်ကမိုးဖွဲဖွဲလေးရွာတာကို တစ်စုံတစ်ယောက်ကိုလွမ်းဆွတ်နေသလိုငေးနေမိတယ်~

"ဒီချိန်မင်းဘာတွေလုပ်နေမလဲ ငါမင်းကိုလွမ်းတယ်"

>>>>

"‌ဟာဒီမိုးကလဲကွာ တောက်ခ် !!! "

ထယ်ဆန်းဘေးကိုကြည့်မိတော့ ကောင်လေးတစ်ယောက်မိုးရွာတာကို အပြစ်တင်နေပြီး မျက်ခုံးတွေကလဲတွန့်ချိုးနေလိုက်တာ သူ့ရဲ့ချောမောတဲ့မျက်နှာလေးနဲ့မှမလိုက် မိုးတွင်းမိုးရွာတာပဲ ဆန်းသလား

"ဘာကြည့်တာလဲ မင်းက"

"ဟင် ငါ...ငါ့ကိုပြောတာလား"

ထယ်ဆန်းတစ်‌ယောက်ရုတ်တရက်ရန်လိုသလိုသူ့ကိုကြည့်လာတဲ့ ကောင်လေးကို အံ့ဩစွာကြည့်မိရင်း စကားတွေတောင်ထစ်လို့နေတယ်

"မင်းတစ်ယောက်ထဲ ငါ့ဘေးရှိတာ ငါကမင်းကိုမပြောလို့ဘယ်သူ့ကိုပြောရမှာလဲ"

"ငါမင်းကိုမကြည့်ပါဘူး"

"ဗြောင်လိမ်တာပဲ အူကြောင်ကြောင်နဲ့"

"ဘာကွ!!"

ထယ်ဆန်းစိတ်တိုတိုနဲ့အော်မိလိုက်တော့ တစ်ဖက်ကကောင်လေးက မသိချင်ယောင်ဆောင်ပြီး လမ်းမကိုသာငေးကြည့်နေတော့တယ်

ထယ်ဆန်းရင်ထဲအောင့်သက်သက်နဲ့ ရှက်သလိုလိုခံစားလိုက်ရတယ် ကိုယ်နဲ့တစ်ခါမှမ‌မြင်ဖူးတဲ့သူက ရန်စကားလာပြောပြီး ကိုယ်ကပြန်ပြောတော့ လစ်လျူရှုခံလိုက်ရပြန်ရော ဘယ်လိုလူပါလိမ့်

"မင်းရဲ့ထီးကို ငါနဲ့တူတူသုံးလို့ရလား"

"အမ်..အင်း"

ခဏကြာတော့ မှတ်တိုင်ရှေ့ကိုထိုးရပ်လာတဲ့ ဘတ်စ်ကားတစ်စီးပေါ် ပြေးတက်လိုက်ရင်း နေရာတကျ ထိုင်လိုက်ကြတယ်

ထယ်ဆန်းထုံးစံတိုင်း နားကြပ်နှစ်ဖက်ကိုတပ်လိုက်ရင်း သီချင်းနားထောင်နေတော့ ရုတ်တရုတ်ကြီးပဲ သူ့ရဲ့ နားကြပ်တစ်ဖက်လွတ်သွားသလိုခံစားလိုက်ရပြီး ဘေးကိုထက်ကြည့်မိတော့ ခုဏကကောင်လေးကပြီး သူ့ရဲ့နားကြပ်တစ်ဖက်ကိုလုရင်း မျက်စိလေးအသာမှိတ်ကာသီချင်းသံလေးကိုခံစားနေတယ်

ထယ်ဆန်းသေချာကြည့်မိမှ ဒီကောင်လေးအတော်ချောတယ် ဆံပင်လေးကလဲ အနည်းငယ်ရှည်ပြီး ခုဏက မိုးမိလာတာကြောင့် စိုသွားတဲ့ ဆံသားလေးတွေက မခြောက်သေးပဲ အနည်းငယ်‌စိုနေတာကြောင့် ပုံစံတမျိုးနဲ့ ဆွဲဆောင်မှုရှိနေတယ်ထယ်ဆန်းတွေးမိတာက~ဘုရားသခင်ဒီလူကိုဖန်တီးဖို့တော်တော်အချိန်ယူလိုက်ရမှာပဲ~မိုးရေတွေစိုနေတာတောင်နတ်သားလေးတစ်ယောက်အသွင်ချောနေတုန်းပင်

"ဒီလောက်ပဲကြည့်ပါတော့ "

"အမ်.."

"wave to earth song တွေသဘောကျတာလားမင်းက "

"အင်း "

"မင်းစကားပြောပုံကလဲကွာ အသက်မပါလိုက်တာ"

"မင်းငါ့ကိုသိလို့လား"

"ဟာမင်းစကားကြီးကလဲ ငါ့ကိုရှက်အောင်လို့ ဘယ်လိုကြီးပြောလိုက်တာ"

"အဲ့လိုဖြစ်သွားလား sry"

"ထားပါ အခုသိပြီလေ ငါနာမည်က ဂင်မ်အီဟန်"

"အော်"

"ဘာအော်လဲ မင်းနာမည်ပြောလေကွာ"

"ဟန်ထယ်ဆန်း"

"ဟန်ထယ်ဆန်း ဟန်ထယ်ဆန်း ဒါဆို ငါတို့သူငယ်ချင်းဖြစ်ပြီနော်"

"ဟုတ်ပြီလေ"

"ဒါဆို ဒီလောက်ပဲ နောက်နေ့ထက်တွေ့ကြမယ်နော် ဟန်ထယ်ဆန်း"

ဘာလဲဟဒီကောင်ရုတ်တရက်ဆန်တာကြိုက်တာလား ခုလဲချက်ချင်းကြီးသူပြောချင်တာပြောပြီးဆင်းသွားပြန်ပြီ ထယ်ဆန်းအတွေးပေါင်းစုံနဲ့ကားပေါ်မှာကြောင်တောင်တောင်ကျန်ခဲ့ပြန်ပြီ

<<<<

ထယ်ဆန်းအီဟန်နဲ့စတွေ့တဲ့နေ့ကိုပြန်တွေးပြီး လွမ်းနေမိတယ်

"မင်းကတော့ ငါ့ကိုလွမ်းနေမယ်မထင်ဘူးအီဟန် ဟုတ်တယ်မလား မင်းကငါ့ကို ခဏတာအတွက်ပဲအသုံးချခဲ့တာ ဟားဟား"

ထယ်ဆန်းစိတ်ညစ်ညစ်နဲ့ ဘောင်းဘီအိတ်ကပ်ထဲးကမီးခြစ်ကိုထုတ်ကပြီး သူ့ရဲ့စီးကရက်ကိုမီးညှိပြီး တစ်ချက်လောက်ရှိုက်လိုက်တယ်

"ငါမင်းကိုလွမ်းတိုင်း ဒီလိုစီးကရက်တွေသောက်ဖြစ်တာမင်းသိလား မင်းငါဒီလိုပြိုလွဲနေတာမြင်ပျော်နေမှာမလား ဂင်မ်အီဟန်"

𝗗𝗲𝗮𝗿.𝗺𝘆 𝗱𝗮𝗿𝗹𝗶𝗻𝗴Where stories live. Discover now