>>>>
"မင်းကတိမတည်တဲ့အဆိုးလေးပဲ အီဟန်
မင်းမရှိတဲ့နေ့ရက်တိုင်းကငါ့တွက်ပင်ပန်းလိုက်တာ အချိန်အကြာကြီးတူတူရှိချင်တာ ငါ့ရဲ့တစ်ခုထဲသောဆန္ဒပါကွာ"ထယ်ဆန်းအဆုံးမရှိတဲ့အတွေးတွေနဲ့ အီဟန့်ကိုလွမ်းကြောင်းတဖွဖွပြောနေမိတော့တယ်
"ဒီလိုမိုးရွာတဲ့နေ့မှာပဲ မင်းငါ့ကိုထားခဲ့တာလေ ဒီလိုနေ့တွေဆိုငါမင်းကိုရူးမတက်လွမ်းတယ်အချစ်ရာ"
>>>>
ဒီနေ့က ထယ်ဆန်းနဲ့အီဟန်ရဲ့ နှစ်ပတ်လည်နေ့ဖြစ်ပြီး မိုးတွေလည်းသည်းသန်စွာရွာသွန်းနေတယ် ထယ်ဆန်းအီဟန့်ကိုအံ့ဩစေချင်လို့
ဧည့်ခန်းမှာအနည်းငယ်အလှဆင်ထားပြီး အီဟန်နဲ့သူ့ရဲ့ပုံလေးတွေကိုလဲ သေချာချိတ်ထားသေးတာ ခဏလောက်ကြာတော့ တံခါးပွင့်သံကြားတာနဲ့ ထယ်ဆန်းလှမ်းကြည့်လိုက်တော့"ဟာ ဘယ်လိုဖြစ်လို့ တစ်ကိုယ်လုံးစိုရွှဲ့နေတာလား အချစ်ရာ ထီးမေ့ပြန်တာလား ကိုယ့်ကိုခေါ်လိုက်ရောပေါ့ ငါလာခဲ့မှာပေါ့ကွာ အ၀တ်လဲလိုက်ဖျားမယ်"
"ပြောစရာရှိတယ် ထယ်ဆန်း "
"နောက်မှပြောကွာ ခဏနော် ကိုယ်.."
"လမ်းခွဲရအောင်"
"အမယ် ဘာတွေစိတ်ကောက်နေတာလဲ ဘာလဲ မိုးရွာတာကိုလာမခေါ်လို့လား"
ထယ်ဆန်းရင်ထဲတမျိုးဖြစ်သွားပေမဲ့ အီဟန့်ရဲ့စိုနေတဲ့ဆံပင်လေးတွေကိုဖွလိုက်ရင်းစကားလမ်းကြောင်းလွှဲတယ်
"မကိုင်နဲ့ကွာ ငါအကောင်းပြောနေတာ လွှတ်စမ်း"
"ဘာဖြစ်တာလဲ ရုတ်တရုတ်ကြီး "
"ငါမင်းကိုမချစ်တော့ဘူး ထယ်ဆန်း တောင်းပန်ပါတယ် ငါ့ကိုလမ်းခွဲပေးပါ"
"ဟင့်အင်း ဒီလိုနေ့မျိုးမှာ ဒီအရေမရအဖက်မရစကားတွေလာမစနဲ့ အီဟန်ကိုယ်မကြိုက်ဘူး"
"မင်းမကြိုက်တာ မင်းကိစ္စလေကွာ"
"ဘာဖြစ်နေတာလဲလို့မေးနေတယ်လေ အကြောင်းပြချက်ပြော ဘာကိစ္စလမ်းခွဲချင်တာလဲ"