>>>
ထယ်ဆန်းသာမန်နေ့တွေလိုပဲ အချိန်ပိုင်းအလုပ်ကနေပြန်လာတော့ သူစောင့်နေကျကားမှတ်တိုင်မှာပဲ အီဟန်ထိုင်နေတာကိုတွေ့တယ်
"အော် ထပ်တွေ့ပြန်ပြီနော် ထယ်ဆန်း"
"အင်း မင်းဒီမှာဘာလုပ်နေတာလဲ "
" ညစ်နေတာ ငါအရမ်းစိတ်ညစ်နေတယ် ထယ်ဆန်း"
ထယ်ဆန်းလဲမနှစ်သိမ့်တတ်တဲ့အတွက်ဘာမှဆက်မမေးတော့ပဲ အီဟန့်နားမှာ၀င်ထိုင်လိုက်တော့တယ်
"ငါ့အိမ်လိုက်ခဲ့မလား ငါမင်းကိုပြောပြချင်စရာတွေရှိတယ်"
"ကောင်းပြီလေ ငါလိုက်ခဲ့ပေးမယ် "
ဒီလိုနဲ့ အီဟန်နဲ့ထယ်ဆန်းလဲ 15မိနစ်လောက်လမ်းလျှောက်လိုက်တာနဲ့အီဟန့်နေတဲ့တိုက်ခန်းလေးကိုရောက်လာတော့တယ်
"ဒါ..ဒါမင်းအိမ်လားအီဟန်"
"ဟုတ်တယ်လေ ဘာလို့လဲ "
ခေါက်ဆွဲထုပ်အခွံတွေရော ဆိုဂျုပုလင်းခွံတွေရော အခြား မုန့်ခွံတွေရော ပွလို့နေတဲ့ ဧည့်ခန်းကိုကြည့်ပြီး ထယ်ဆန်းအီဟန့်ကိုစိတ်ပျက်စွာမေးမိတေ့ာတယ်
"ငါတစ်ယောက်ထဲနေတော့ အရမ်းရှင်းမနေဘူး မင်းအမြင်မတော်ရင် ရှင်းပေးလို့တော့ရတယ်"
"ဘာလို့လဲ မရှင်းပေးနိုင်ပါဘူး ငါလဲတစ်ယောက်ထဲနေတာပါနော် ငါ့အခန်းဆိုရှင်းနေရောပဲ မင်းကိုကညစ်ပတ်တာ"
အီဟန်ရေခဲသတ္တောထဲက ဆိုဂျူနှစ်ပုလင်းထုတ်နေရင်း ထယ်ဆန်းပြောတာကိုမသိချင်ယောင်ဆောင်လိုက်တော့တယ်
"မင်းကငါးချစ်တာလား "
"ဟုတ်တယ် ချစ်တာထင်သူတို့ရေထဲမှာကူးခတ်နေတာကိုထိုင်ကြည့်ရတာငါ့စိတ်ကိုအေးချမ်းစေတယ်"
"ငါးကန်ကိုတော့ သန့်ရှင်းရေးလုပ်တဲ့ပုံပဲ"
"လုပ်ရမှာပေါ့ကွ ဒါငါ့တာ၀န်ပဲ
လာပါ ငါနဲ့တူတူသောက်ရအောင်""ငါမသောက်တတ်ဘူး "
ထယ်ဆန်းဆီက ဒီလိုစကားကြားတော့ အီဟန်အူတက်မတက်အသံပြဲကြီးနဲ့ရယ်ပါလေရော