>>>>
အချိန်တွေကြာလာတဲ့အမျှ အီဟန်နဲ့ထယ်ဆန်း သံယောဇဉ်တွေတွယ်လာပြီးတစ်ယောက်မရှိတစ်ယောက်မနေနိုင်တာဖြစ်နေကြပြီ
ဒီနေ့ဟန်ထယ်ဆန်းမွေးနေ့မလို့ အီဟန်ကထယ်ဆန်းတွက် suprise လုပ်ဖို့ ကိတ်မုန့်လေးလည်း၀ယ်ထားပြီး တခြားလဲအများကြီးပြင်ဆင်ထားတယ်
"အီဟန် မင်းဘာတွေမွှေအုံးမို့လဲ "
"ခဏလေးပါကွာ ခဏလေး...
ဖွင့်လို့ရပြီ"
ထယ်ဆန်းမှိတ်ထားတဲ့မျက်လုံးလေးကိုအသာဖွင့်လိုက်တော့ ထယ်ဆန်းရှေ့ကစတော်ဘယ်ရီကိတ်သေးသေးရယ် အီဟန်အမြဲခိုးခိုးရိုက်နေကျ ထယ်ဆန်းပုံလေးတွေကိုနံရံမှာသေချာချိတ်ထားတာလေးတွေရယ် ချိတ်ထားတဲ့ပူဖောင်းအနည်းငယ်ကိုတွေ့ပြီ ထယ်ဆန်းတကယ်ပျော်သွားတော့တယ်"happy birthday ငါ့ရဲ့ ကြောက်နက်လေး"
"အီဟန်ဒါတွေအကုန်မင်းလုပ်ထားတာလား အဲ့လောက်...အဲ့လောက်မလိုပါဘူးကွာ"
"ဘာဖြစ်လဲ ငါ့မှာမင်းပဲရှိတာလေ မင်းကိုဒီလိုတွေမလုပ်ပေးရင် ငါဘယ်သူ့ကိုလုပ်ပေးရမှာလဲ ထယ်ဆန်းရဲ့"
"မင်းသိလား ငါဘ၀မှာ ဒီလိုမျိုးရလိမ့်မယ်လို့ တစ်ခါမှမထင်ဖူးဘူး"
အီဟန်ဒါတွေသိပါတယ် ထယ်ဆန်းကတစ်ဦးတည်းသောသားဖြစ်ပြီး ထယ်ဆန်း အသက် 11နှစ်မှာပင်မိဘတွေကကွဲသွားပြီး ထယ်ဆန်းမိဘတွေတစ်ယောက်တစ်လှည့်ထောက်ပံ့မှုနဲ့ ထယ်ဆန်းတစ်ယောက်ထဲအဒေါ်နဲ့ကြီးပြင်းလာရတာ အခုဆို ထယ်ဆန်းတစ်ယောက်ထဲရုန်းကန်နိုင်ပြီး တစ်ယောက်ထဲနေနိုင်နေပြီ ထယ်ဆန်းရဲ့ တစ်ခါတစ်လေရင်ဖွင့်တာကိုနားထောင်ရင် အီဟန်စိတ်မကောင်းပဲဖက်ထားပေးမိတယ် ဒီကောင်လေးဟန်သာဆောင်နိုင်တာ အမြဲအထီးကျန်တတ်တာအီဟန်သိတာပေါ့
"အဲ့ဒါကြောင့်ငါကအများကြီးပိုချစ်ပေးမယ်လေ ထယ်ဆန်းနား"
"ဒီနေ့တွက်ကျေးဇူးအများ"
"ငါတို့တွဲရအောင် ထယ်ဆန်း"
"မွေးနေ့မှာ င့ါကိုမစရင်မနေနိုင်ဘူးလား ဂင်မ်အီဟန် ရွှတ်နောက်နောက်နဲ့"