မွေးရပ်မြေကိုခြေချလိုက်တာနဲ့အီဟန်စိတ်တွေပေါ့ပါးလန်းဆန်းသွားတယ် ဘယ်လောက်တောင်ကြာသွားပြီလဲ ငါးနှစ် ဟုတ်တယ် ငါးနှစ်တောင်ရှိသွားပြီ အီဟန်ထိုလူသားကိုမတွေ့ရတာငါးနှစ်တောင်ရှိပြီ
"မင်းငါ့ကိုစိတ်နာနေမှာပဲ "
ထယ်ဆန်းညကသူသောက်ထားသမျှစီးကရက်အခွံတွေကိုသေချာလွှတ်ပြစ်ပြီး သူ့ရဲ့အခန်းလေးကိုရှင်းနေတယ် ဒီလိုရှုပ်ပွနေတဲ့အခန်းကိုမြင်တော့လဲတစ်စုံတစ်ယောက်ကိုသတိကရပြန်ရော ထယ်ဆန်းအကုန်ရှင်းပြီးတော့ ရေချိုးပြီး လမ်းထိပ်ကကုန်ဆုံဆိုင်မှာတစ်ခုခု၀ယ်ဖို့ထွက်လာလိုက်တယ်
အချိန်ကိုကြည့်တော့ နေ့လည်3နာရီခွဲနေပြီ ထယ်ဆန်းဘာမှမစားရသေးတာကြောင့် ခေါက်ဆွဲထုတ်ရယ် စီးကရက်သုံးဘူးရယ် ၀ယ်ပြီးအိမ်ကိုပြန်ရင်း စီးကရက်တစ်လိပ်ထုတ်ပြီးမီးညှိလိုက်တော့ သူ့ရဲ့လက်ထဲကစီးကရက်ကိုတစ်ယောက်ယောက်ကဆွဲပြီး မြေကြီးမှာနင်းခြေပြစ်လိုက်တယ် ထယ်ဆန်းစိတ်တိုတိုနဲ့ မျက်ခုံးတွေတွန့်ချိုးကာ ဘေးကိုကြည့်မိတော့ တီရှပ်အပြာကွက်လက်ရှည်လေးကို ဂျင်းဘောင်းဘီနဲ့ တွဲ၀တ်ထားတဲ့ကောင်လေးတစ်ယောက် ဆံပင်လေးကလည်းဂုတ်ထောက်လောက်တဲ့ထိရှည်နေပြန်တယ် ထိုကောင်လေးက မျက်လုံးဝိုင်းဝိုင်းလေးက အရင်လိုတောက်ပနေဆဲ ထယ်ဆန်းအံ့ဩပြီးစိုက်ကြည့်နေမိတယ် သူဒီလူသားလေးကိုဘယ်လောက်တောင် လွမ်းနေခဲ့တာလဲသူသာအသိဆုံး
"မင်း..ဂင်မ်..ဂင်မ်အီဟန်"
"အင်းငါပဲ ဘာကိစ္စမင်းကဆေးလိပ်တွေသောက်နေတာလဲဟန်ထယ်ဆန်း "
"သောက်ချင်လို့လေ မင်းမရှိထဲကငါ့ရဲ့အဖော်ကဒီစီးကရက်တွေအပြင်မရှိဘူးး"
"မသောက်နဲ့တေ့ာ အခုငါမင်းရှေ့ရောက်နေပြီ"
"မင်းငါ့ဆီပြန်လာတာလား?"
"အင်း ငါအခုမင်းဘေးကဘယ်မှထွက်မသွားတော့ဘူး ငါတို့အေးဆေးစကားပြောရအောင် ငါ့မှာမင်းကိုပြောစရာတွေများကြီးပဲ"
"အင်း ငါ့အိမ်ကိုသွားရအောင်"
ထယ်ဆန်းအခုထိမယုံနိုင်သေးဘူး အကြာကြီးနေမှသူအရမ်းလွမ်းဆွဆ်တမ်းတနေတဲ့သူ့ရဲ့တစ်ဦးတည်းသောလူသားလေးကိုတွေ့လိုက်ရလို့ ဒါအိမ်မက်များလား