Fourth ဒီခရီးကိုသွားဖို့အတွက်မသိစိတ်ကပျော်ရွှင်နေသလိုစိတ်လှုပ်ရှားနေသလိုဖြစ်နေလျက် အကြောင်းရင်းကိုမသိသော်ငြားဒီခရီးကသူအတွက်တော့ ပျော်ရွှင်မှုကိုအပြည့်ဝပေးနိုင်လိမ့်မယ်ဟုထင်သည်။သူထင်ရသည့်ကြောင်းမှာ သူ့၏တူမလေးရယ်,မေမေရယ် ,အစ်ကိုကြီးတို့ အတွဲနှင့်ပထမဦးဆုံးအတူတူထွက်ဖြစ်သည့်ခရီးဖြစ်သောကြောင့်ဖြစ်၏။သူထိုမှတွေးတောပြီး အတွေးအားရှေ့မတက်တော့ပေ
Zermattမြို့ထင်ထားသည်ထက်ပို၍လှပလွန်းသည်။သဘာဝအလှကြီးနှင့် တောင်တန်းတွေကပါဒီမြို့အား လှပေစေသာအေကြာင်းရင်းဖြစ်သည်။Zermattမြို့၏အဓိက နေရာဖြစ်သော Matterhornတောင်ကြီးဘက်ကိုသူတို့တွေတောင်တက်ရင်းအပန်းပြေရင်းသွားရန်စီစဉ်ထားသည်။Matterhorn တောင်သည် Zermatt၏ အထင်ကရအမြင်တစ်ခုဖြစ်ပြီး ခရီးသွားများအတွက် ထင်ပေါ်လှသောနေရာဖြစ်သည်။ ဒီတောင်သည် တောင်တက်သူများနှင့် ရေခဲတောင်များကို လေ့လာလိုသူများအတွက် ခရီးစဉ်များစွာရှိသောနေရာလည်းဖြစ်၏ထိုကြောင့်တာဒီတောင်ကို target ထား၍သွားရန် fourth တို့စီစဉ်ကြသည်။ရောက်တော့မှအခြေနေကြည့်ပြီး Zermatt village ဖက်ကိုကူးဖြစ်သည်။
ကားလေးတရွေ့ရွေ့နှင့်အပြာရောင်သန်းနေသင့်ရှင်းသန့် သောကောင်းကင်နှင့်အတူ မပွင့်တပွင့်နေလေးက ဒီေန့အားတစ်မူထူးခြားအောင်ဖန်တီးထားသလိုပင်။
Geminiကတော့ Zermatt မြို့အား phi pondတို့နဲ့တွေ့ပြီးညကတည်းကကြိုသွားထားနှင့်ပြီး။အဘယ်ကြောင့်ဆိုသော် Zermatt ရာသီဥတု ယဉ်ကျေးမှုတွေ အပြောင်းအလဲတွေက ကလေးနဲ့အဆင်ပြေနိုင်ပါ့မလားကိုသူအရင်သွားရောက်လေ့လာခြင်းပင် သူရောက်တော့မှ ဒီမြို့က fourth ရဲ့အိပ်မက်ထဲကမြို့လို့ပင်မို့ ကလေးနဲ့အဆင်ပြေမယ်ဟုသူစိတ်ချရသည်။geminiကိုယ်တိုင်လည်းဒီနေ့ရောက်ဖို့စောင့်နေခဲ့တာ ရက်ပိုင်းဆိုပေမဲ့ ဝေးနေခဲ့သည့်၅နှစ်တာအချိန်ထက်ကို ပိုကြာသေးဟုထင်သည်။fourthအတွက်လည်းသူကြိုက်သည့် ကျူးလစ် အနီလေးအား ပေးရန်လည်းစီစဉ်ထားသည်။geminiအချိန်တရွေ့ရွေ့ကုန်ဆုံးတာထိုင်စောင့်ရင်း fourth လေးအလာကိုစောင့်မျှော်နေသည်။
YOU ARE READING
There is only you in my heart {Complete}
Non-Fictionမင်းလေးရဲ့ပါးပေါ်ကမှဲ့လေးက ကိုယ့်ကိုရစ်မူးစေတယ်ကွာ
