Fourthကို အပေါက်ခေါက်သော်လည်းခေါက်၍မရ ခေါ်သံလည်းကြားပုံမပေါ် သူဒီနား၌ရပ်နှင့်နေသည်မှာ ၃၀မိနစ်ပင်မကတော့ ကြာလာတော့စိတ်ပူစိတ် စိုးရိမ်စိတ်တွေကြောင့် reception သို့သွားကာ အခန်းပိုင်ရှင်လေးအကြောင်းမေးရတော့သည်။
"ညမ အခန်း၁၁၄က အခန်းပိုင်ရှင်အပြင်ကိုထွက်သွားသေးလား"
"ခုနကတော့ဧည့်သည်နှစ်ယောက်ဝရုန်းသုန်းကားနဲ့ အပြင်ကိုတော့ပြေးထွက်သွားတယ်ရှင့် ညမအထင် ဟိုမလှမ်းမကန်းမှာခုနလူတွေအုံနေတာ အန်တီတစ်ယောက် ကလေးလေးကိုထိန်းရင်းမူးလဲသွားတာတဲ့ အဲ့ဆီကိုသူတို့နှစ်ယောက်ပြေးထွက်သွားတာ"
"ဟုတ်လားညမ လဲကျသွားတဲ့အန်တီရောအခု"
Geminiအသေချာသိလိုက်ပြီ ထိုအမျိုးသမီးမှာ Fourth အမေဖြစ်မည်ဆိုတာကိုပင်
"ဆေးရုံကားနဲ့တော့ ထွက်သွားတယ်ရှင့်"
"ညမဘယ်ဆေးရုံသွားလဲသိလား အကို့ကိုတစ်ချက်လောက်ကူညီပေးပါအုန်း"
"ကားကတော့ညမတို့ခေါ်ပေးတာ မန်နေဂျာကိုဆေးရုံမေးပေးနော်ညမအထင်ဒီနားဆေးရုံပဲ"
"ဟုတ်ပြီညမ"
....
"အကိုဒီနားက natureland hospital ကိုပါတဲ့ရှင့်"
"ရပြီညမ အကိုကျေးဇူးတင်ပါတယ်"
"ရပါတယ်ရှင့်ညမတို့က ဝန်ဆောင်ပေးရမှာက ညမတို့တာဝန်ပါရှင့်"
Reception မှ ဝန်ထမ်းလေးအားခေါင်းညိမ့်အတည်မှတ်ပြုရင်း ဆေးရုံဖက်သို့ထွက်လာခဲ့လိုက်သည်။
Switzerland ၏ဆောင်းရာသီအအေးဒဏ်ကိုတုရင်း ကိုယ်ချစ်ရသူ၏မွေးမိခင်ရှိရာ ဆေးရုံသို့ခြေလျင်သာလျှောက်ရင်သွက်သွက်လှမ်းခဲ့လိုက်သည်...
Naturelandဆေးရုံကသိပ်မဝေးသေည်လည်း၅မိနစ်လောက်တော့သွားရသည်။ဆေးရုံရောက်တော့လူနာစာရင်းပေးနေရာမှာ Fourth အမေရှိရာအခန်းကိုတောင်းရသေး။တောင်ထားသည့်အခန်းနံပတ်ရသည်နှင့် geminiတစ်ယောက် fourthအမေဆေးရုံခန်းဆီအပြေးသွားလိုက်ရသည်။အခန်းရှေ့ရောက်တော့ တန်းမဝင်သေးပဲ အပေါက်အရင်ခေါက်လိုက်သည်။အပေါက်ခေါက်ပြီးမကြာမီတွင် phi pondလာဖွင့်ပေးသည်။
YOU ARE READING
There is only you in my heart {Complete}
Nonfiksiမင်းလေးရဲ့ပါးပေါ်ကမှဲ့လေးက ကိုယ့်ကိုရစ်မူးစေတယ်ကွာ
