Fourthတို့မိသားစု ခရီးထွက်ရင်းmae၏ ကျန်းမာရေကြောင့် အချိန်တန့်သွားရသည်။ဆေးရုံကလည်းသုံးရက်တက်လိုက်ရပြီး တစ်နေကုန်maeနားမှာပဲ အချိန်ကုန်သည်.ထိုသုံးရက်အတွင်းလည်းဟိုလူကြီးက မိုးလင်းကနေ မိုးချုပ် လာလာစောင့်ပေးသည်..လိုသည်ကိုလည်းပါးစပ်ဟပြီးတလိုက်သည်နှင့်အရန်သင့်ရောက်အောင်လုပ်ပေးလာသည်..သူကြည့်တာယောက္ခမလောင်းဆီမှအမှတ်တောင်းနေပုံပင်။အပိုင်ကပ်ထားမှသူ့သားကိုရမည်ဆိုတာသိသောကြောင့်ဖြစ်သည် အခုလည်းမနက်ဆေးရုံဆင်းကတည်းကအခုထိ ကူရွေ့ပေး ဝေယျာဝစ္စလုပ်ပေးနဲ့ သားအရင်းတောင်သူ့လောက်မလုပ်ပေးဖြစ်။maeကိုယ်တိုင်ကစ gemကိုအားနာနေသည်။နားနာနေနေနှင့် နေရန်ပြောလည်း "ကိုယ်ဒီလိုကူလုပ်ဖို့အခွင့်ရေးရတာနဲ့တင် ပီတိဖြစ်ရတယ်" လို့ပြောလွန်း၍ သူ့မှာမတားရ။ဒီလူကြီးနဲ့တော့ခက်ရတယ် အခုပုံစံက တောက်တိုမရ လိုက်လုပ်ပေးသည့်လူလေးကြလို့ အခုပုံစံလူများသူ့ကိုမြင်ရင်ပင် Thaiနိုင်ငံ၏ အချမ်းသာဆုံးအမွေဆက်ခံသူဆိုတာယုံမည်မဟုတ်။ တစ်ခါတစ်ရံ ကလေးပါကူထိန်းပေးသေးသည်။တူမလေးကိုဘာဆေးကျွေးလိုက်လဲတော့မသိ ဦးဦးgemနဲ့ကိုပါးစပ်ကမချ။ အခုမှfourthတို့မိသားစုထဲလူစုံပြီးစည်းကားလာသည်။
အခုလည်းဆေးရုံကပြန်ရောက်maeကို ကူရွေ့ပေးပြီး တူမလေးကိုသူ့လက်ပေါ်မှာသိပ်နေသည်။မိဘအရင်းချာတွေက maeအတွက်စားစရာဝယ်ဟူပြီးနှစ်ယောက်ထဲထွက်သွားကြပြီးကလေးကို ချန်ခဲ့သည်။ထို့ကြောင့်တူမလေးကိုထိုလူကြီးထိန်းနေခြင်းပင်။ကလေးကလည်းသူ့မတော်ရသေးသည့်ဦးဦးပေါ်၌ နှစ်ခြိုက်စွာအိမ်မောကျနေသည်။gemကိုတူမလေးနဲ့တွဲမြင်တိုင်း ကိုယ့်မှာမျက်ရည်ဝဲမိ.. သူလည်းဒီလိုမိသားစုလေးကိုပိုင်ဆိုင်ချင်မှာပဲဆိုသည့်အတွေးက လူကိုလွှမ်းမိုးပြီးနယ်ချဲ့စေသည်.
အခုထိfourth gemini ကိုမပြောရသေးတဲ့စကားမှာ
'Gemအတွက်ဆိုရင်ကျွန်တော့ဖက် မရဘူးဆိုတာမရှိအောင် gemအလိုလိုက်ဖြည့်စည်းပေးမိမှာ'အခွင့်ကြုံရင်တော့ဒီစကားကိုပြောပြမိမှာအသေချာပင်..
"Fourth ဘာတွေတွေးနေတာလဲ အခုကလေးအိပ်သွားပြီသူ့ဖွားဖွားနာပဲကိုယ်ကပ်သိပ်လိုက်တော့မယ်နော်"
YOU ARE READING
There is only you in my heart {Complete}
Non-Fictionမင်းလေးရဲ့ပါးပေါ်ကမှဲ့လေးက ကိုယ့်ကိုရစ်မူးစေတယ်ကွာ
