10

773 59 2
                                        

5နှစ်ကြာပြီးနောက်.....

Bangkok မှ Switzerland တို့ထွက်ခွာခဲ့သော လေယာဉ်၌geminiတစ်ယောက်ပါရှိလို့နေခဲ့လေသည်။အကြောင်းအရင်းမှာအထွေအထူးမရှိသော်ငြား သူ၏လုပ်ငန်းသစ်နှင့် အပန်းဖြေရန်သာ Switzerland သို့သွားနေခြင်းဖြစ်သည်....
Gemini အခုလည်းလေယာဉ်ပေါ်၌မြင်ရသောရှုခင်းကျယ်ကြီးတွေကိုသာ ငေးကြည့်နေမိသည်...
ယခုခရီး၌သူအမျိုးအမည်မသိသော ခံစားချက်ကြီးရနေသည်..ဝမ်းသာ‌နေတာလည်းမဟုတ် ဝမ်းနည်းနေတာလည်းမဟုတ်...
သူ၏အကောင်ငယ်လေးလွမ်းလားဟုမေးရင် လွမ်းတာပေါ့ရင်ထဲဆို့နေအောင်လွမ်းတာပေါ့ဒီနှစ်တွေအတွင်းကောင်ငယ်လေးရဲ့သတင်းအစအနတောင်မကြားခဲ့ပေ Gemini သွားခဲ့သည့်နိုင်ငံတိုင်းမှာအလုပ်ကိစ္စနှင့်သာဆိုပေမဲ့ ထိုကောင်လေးအားတွေ့လို့တွေ့ငြားရှာမိခဲ့သည်..သို့သော်လည်းအချင်းနှီးသာ...

*Fourth မင်းကိုယ့်အပေါ်ကိုစွန့်ခွာသွားတာကြာရော ပေါ့ကွာ*

လေယာဉ်မယ်တို့၏လေယာဉ်ဆင်းတော့မည်ဖြစ်ကြောင်း အချက်ပေးအသံကြားမှသူအသိစိတ်ပြန်ကပ်လေသည်...
သူသဘောကျတဲ့နိုင်ငံထဲမှာထိပ်ဆုံးစာရင်းဝင်တဲ့ Switzerland ကိုနောက်ဆုံးတော့ခြေချနိုင်ခဲ့ပြီလေ
သူပျော်ရွှင်မိသည်..သို့သော် သူတွေးသည်က...

*ဒီလိုကိုယ်ကြိုက်တဲ့နိုင်ငံမှာ မင်းနဲ့အတူရှိချင်မိတာကရောကိုယ့်အပြစ်လားပဲကွာ*

Gemini လေယာဉ်ကွင်းမှအထွက်တွင် သူဖုန်းဆက်ဖို့ရန်ဖုန်းကိုကောက်ထုတ်လိုက်လေသည်။ခဏအကြာတွင်ဖုန်းဝင်သွားပြီး..

"ဟယ်လို primငါရောက်ပြီနော် အဲ့တာနင့်ဆီကိုလှမ်းပြောတာ"

"အွန်းဟုတ်ပြီ noraအဲ့မှာအေးတယ်ဆိုရင် နွေးထည်တွေဘာတွေထူထူဝတ်နော်"

"အေးသိပြီမို့လို့ ဒါပဲနော် မနက်ဖြန်ကျမှပြန်ဆက်လိုက်မယ်"

"ဟုတ်ပြီNora"

Primနဲ့ဖုန်းပြောပြီးချိန်တွင် geminiအားလာခေါ်သည့် ကားလေမှာအပြင်သို့ရောက်လို့နေလေသည်..ထိုအချိန်သူအနားသို့နိုင်ငံခြားသားတစ်ယောက်မှ..

"Excuse me,Are you Gemini?"

"Yes, I am"

"I come to welcome and please come this way,car is over there "

There is only you in my heart {Complete}Where stories live. Discover now