Forgiveness 2...မောင် ဒီနေ့ စောစာပြန်လာခဲ့ပေးနိုင်မလား
......ဘာတွေလာပြောနေတာ ပြန်လာချင်တဲ့အချိန်ပြန်လာမယ်
.....အဲ့လိုမဟုတ်ပါဘူး ဒီနေ့ကလေ
......ခင်ဗျား စကားတအားများလွန်းတယ် ကျုပ်သွားမယ်
.....ဟိုခဏ ခဏလေးပါ
.....ပြော
......ဟို အသုံးငွေနည်းနည်းလောက်ပေးပါလားမောင်
......ဟာ ဘာလဲ ခင်ဗျားလို သူဌေးသားက တကယ်ကြီးငွေမရှိဘူးတဲ့လား
.....မောင်က အိမ်ကနေငွေမယူရဘူးဆိုလို မယူပါဘူး
......ဟားဟား ဝမ်ရိပေါ ဝမ်ရိပေါ ခင်ဗျားသိပ့်ရီရတယ် ကျုပ်စကားအဲ့လောက်နားထောင်တက်ရင် လက်ထပ်ဖြစ်မှာတောင်မဟုတ်ဘူး
......ငါ့ ငါလေ
.....ထားတော့ ဘယ်လောက်လိုလဲ
.....ငွေ ၂၀၀၀၀လောက်ပါ ( တရုတ်ငွေ)
....တောင်းလည်းတောင်းတက်သား ခင်ဗျား မိဘတွေဆီက ငွေမယူဘူးဆိုတာ ကျုပ်ကတအားယုံတာဆိုတော့
.....တကယ်ပြောတာပါ ပါးနဲ့မားဆီက ငွေမယူပါဘူး
......ထားတော့ ခင်ဗျား စကားကို အယုံအကြည်ကိုမရှိတာ ရောဒီမှာ ခင်ဗျားတောင်းသလောက်တော့ ပေးချင်စိတ်မရှိဘူး ကျုပ်ပေးသလောက်ယူ
ရိပေါ မောင်ပေးခဲ့တဲ့ ငွေ၂၀၀၀ကို ကျစ်ကျစ်ကိုင်ကာ ဝယ်ဖို့ပစ္စည်းတွေ စဥ်းစားရင်း ရိပေါ သက်ပြင်းချမိတယ်
....ဟယ်လို ပါးတို့သားလေး Happy birthday ပါ
.....ဟုတ် ဟုတ်ကျေးဇူးပါပါး
ရိပေါ ဖုန်းထဲက ကြားလိုက်ကတဲ့ မွေးနေ့ဆုတောင်းသံကြောင့် ဝမ်းနည်းမူတွေက လည်ချောင်းအထိ တက်လာတယ်...
.....သားဝမ်လေး ငိုနေတာလား
.....မငိုပါဘူး မားရဲ့
.....ကဲပြော မွေးနေ့မှာဘာလိုချင်လဲ
......ဘာမှ မလိုချင်ပါဘူးမားရဲ့
.....သားဝမ်ရေ ဒီက ရှောင်းမားမားဆီကရောဘာလိုချင်သေးလဲကွယ်
ရိပေါ ကြားရတဲ့ ရှောင်းမားမားအသံကြောင့် ဝမ်းနည်းမူက ပိုလာတယ် နှစ်ဖက်မိဘတွေ အကုန် သူ့မွေးနေ့ကိုမှတ်မိကြတယ်....မေ့နေတဲ့သူက သူချစ်ရဆုံးသူသာ