Forgiveness 3
....မောင် ငါ အလုပ်လုပ်ချင်တယ်
......မလုပ်ရဘူး
......ငါ အချိန်ပိုင်းလောက်လေးပဲ လုပ်မှာပါ
.....ပြောပြီးပြီလေ မလုပ်ရဘူးလို့
.....ငါ က ကျောင်းပြီးပြီးသား ဘွဲရတစ်ယောက်ပါ ငါအလုပ်တစ်ခုလောက်တော့ လုပ်ချင်တယ်
......ဘွဲတစ်ခုပဲရထားတာလေ ဒီနေ့ခေတ်အခါမှာ ဘွဲလေးရယုံနဲ့ ဘာအလုပ်မှ မရဘူး
.....မောင် company မှာ အလုပ်လေးတစ်ခုပေးရင် ရပါတယ်
......တော်လိုက်တော့ ဘာလဲ ခင်ဗျားက ကျုပ်လက်ထပ်ထားတဲ့ သူပါဆိုတာ လူတိုင်းကို ချပြရမှာလား
.....ငါ က ဘာဖြစ်နေလို့လဲ မောင်ရယ် ငါက အိုနာကျိုးကန်းနေတာမှ မဟုတ်တာ ဘာကြောင့်လဲ
......ခင်ဗျားအဲ့လောက် မအပါဘူး စဉ်းစားလေ
......ရှက်လို့လား ...ရှက်နေလို့လား ငါဟာ မောင်ရဲ့ အမျိုးသားပါလို့ပြောရမှာ ရှက်လို့လား
.........
တိတ်ဆိတ်ခြင်းက ဝန်ခံခြင်းတဲ့မောင်..
မတိတ်နေပါနဲ့ တစ်ခုခုပြန်ပြောပေးပါလား မောင်ရယ်...တောင်းပန်တယ်မောင်ရယ် ငါကြောင့် နဲ့မောင်ဒီလောက်အထိ ဖြစ်နေမယ်လို့မထင်မိလို့ပါ.......ရှောင်းတို့လာတယ်
.....မေအော် လာလေ ဘာကိစ္စလဲမေအော်
.....မေရဲ့ ပါးမွေးနေ့အတွက် လက်ဆောင်လေးဝယ်ချင်လို့ ဘာပေးရမှန်းမသိဘူး အဲ့ဒါ ရှောင်းလိုက်ပြီးရွေးပေးပါလားဟင်
.....ရတာပေါ့ မေအော် ခဏစောင့် ကိုယ်အင်္ကျီသွားလဲလိုက်ဦးမယ်
ရိပေါ အားတဲ့ ရက်မှာတောင် သူအနားရှိဖို့မပြောနဲ့ တစ်အိမ်တည်းတောင်ခဏမနေနိုင်တဲ့ မောင်ကြောင့် ရိပေါ အားငယ်ရတယ်...
ရိပေါ အခုဆို အိမ်မှာနေရတာ တစ်ယောက်တည်းမို့ပျင်းလှသည် ...အရင်က အလုပ်လုပ်တဲ့ ဦးကြီးတို့ လင်မယားကြောင့် စကားပြောဖော်ရှိပေမယ့် ဦးကြီးတို့က နယ်က ဆွေမျိုးဆုံးလို့သွားကတည်းက ပြန်မလာဖြစ်ကြ....အကြောင်း ဦးရီးရဲ့ အမေကပါ နာမကျန်းအတော်ဖြစ်လာလို့ နယ်မှာ အတော်အကြာနေဖြစ်မယ်မှာမို့လို့ ရိပေါတို့ အဆင်မပြေရင် လူသစ်ရှာဖို့နဲ့ ဖြစ်နိုင်ရင် ဦးကြီးတို့က ပြန်လာမို့ စောင့်စေချင်ကြောင်းဆက်သွယ်လာကြတဲ့ အခါ ရိပေါစိတ်မကောင်းဖြစ်ရတယ်...