Forgiveness 8
ရှောင်ကျန်.မှန်ပြတင်းပေါက်ကနေပဲငေးကြည့်နေရင်းကနေမှာစိုးရိမ်စိတ်တွေကတဖြည်းဖြည်းတိုးလာလေတယ်…ရိပေါကသူကိုမမှတ်ဘူးလားဆိုတဲ့ အတွေးဝင်လာကာ မျက်ရည်တွေပါကျလာတယ်
သူကြည့်နေရင်းမှာပဲရိပေါက သူနေရာမှန်ဘက်ကိုလှည့်ကြည့်လာလေတော့ရှောင်ကျန် အမြန်ဘေးဘက်မှာကပ်နေလိုက်တယ် သူရိပေါကိုဘယ်လိုရင်ဆိုင်ရမလဲဆိုတာ မသိ တာ မို ရှောင်နေရခြင်းဖြစ်တယ်…..ခဏအကြာပြန်ချောင်းမိတော့ စကားတွေဆက်ပြောနေကြပြန်တယ် ….ရှောင်ကျန်.ကြည်နေတုန်းမားတို.ကထွက်လာပြီး
…….ဝင်သွားလိုက်ဦးသားဝမ်မေးနေတယ်
…….ဗျာ သားကိုမေးနေတာ ဟုတ်လားမား
......ဟုတ်တယ် ဝင်သွားလိုက်
ရှောင်ကျန့်စိတ်တွေလူပ်ရှားလာကာ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိ အရာရာမှ တုန်လူပ်မူမရှိ ပျက်သားလွန်းတဲ့ ရှောင်ကျန့်က အခုတော့ သူအမျိုးသားလေးကြောင့် တုန်လူပ်နေတယ်တဲ့လေ
......သားကျန့် ဝင်သွားတော့လေ
....ဟို ဘာ..ဘာ ယူသွား မား မုန့်ယူသွားလိုက်မယ်....အာ မဟုတ်ဘူး ရေယူသွားရမယ်
.....သားကျန့် ဘာတွေ ကယောင်ချောက်ချားလုပ်နေတာလဲ
.....သစ်သီးပဲ ယူသွားတော့မယ်
ပြောရင်း လက်ထဲ သစ်သီးခြင်းကြီးဆွဲကာ ဝင်သွားတဲ့ရှောင်ကျန့်ကို မားတို့ကြည့်ရင်းခေါင်းတခါခါနဲ့...
ရှောင်ကျန့်အခန်းထဲဝင်သွားတော့ သူ့ကိုကြည့်နေတဲ့ ရိပေါနဲ့တိုးတော့ ရှောင်ကျန့် မျက်လုံးချင်းမဆုံမိအောင် ဟိုယောင်ဒီယောင်နဲ့
......aircon ကအေးနေလား လျှော့ရမယ်ထင်တယ်aircon ရီမုကြီးကောက်ကိုင်ကာ ရေခဲသေတ္တာ အသေးလေးဘက်ကို ရီမုနဲ့ နိူပ်လိုနိုပ့်နဲ့
......အာတအားမအေးပါဘူး.....ဆန်ပြုတ်စားမလား ပုကန်... ပုကန်လုံးဘယ်နားမှာလဲ....ဒီမှာရပြီ
ပေါက်ကရလေးဆယ် လုပ်နေတဲ့ ရှောင်ကျန့်က လက်ထဲက သစ်သီးထုပ်လည်း အခုထိမချရသေး....