Forgiveness 1....မောင် ငါကိုဆေးခန်းလေးပို့ပေးပါလား ငါတအားနေမကောင်းဖြစ်နေလို့ပါ
.......ဦးချန်းကိုခေါ်သွားလိုက်
.....ဦးချန်းနဲ့ ဒေါ်လေးလုံတို့က နယ်ဘက်က သူတို့ အမျိုးဆုံးလို့ပြန်သွားတယ်လေ
.....စိတ်ရူပ်စရာတွေလာမပေးပဲ မနေနိုင်ဘူးလားကွာဟမ်...ရောဒီမှာဆေးခန်းပြဖို့ငွေ အဆင်ပြေအောင် ကိုယ်ဘာသာကိုယ်သွား
......ငါ တစ်ယောက်တည်းသွားလို့အဆင်မပြေလောက်ဘူး
သူစကားအဆုံး ကျရောက်လာတဲ့ မောင်အကြည့်စူးစူး နဲ့အတူ ခနဲ့တဲ့အပြုံးတစ်ခု
.....အခုထိ မတ်တပ်ရပ် နိုင်သေးတာပဲလေ အဆင်ပြေအောင်သွား...
....ဒါဆိုကားကြုံလေးလိုက်လို့ရမလားဟင်
......ငါ့ကားက ခင်ဗျားအတွက်ဆိုမကြုံနိုင်ဘူးထင်တယ်
ငွေသားတစ်ချို့ချပေးကာ ကားပေါ်တက်သွားတဲ့မောင်....သူသိပ့်ချစ်ရတဲ့မောင်....ဒါပေမယ့်သူကတော့ မောင်အမုန်းဆုံးလူ
❤❤❤❤❤
....မောင်အရက်တွေ တအားမသောက်ပါနဲ့ မောင်ကြာရင်ကျန်းမာရေးထိခိုက်လာမယ်..
.....ဟက် ဟားဟားဟား
မောင်ရဲ့ ခြောက်ကပ်ကပ်လှောင်ရီသံက သူကိုသိမ်ငယ်စေတယ်
မောင်က ရုတ်တရက် သူလည်ပင်းကိုညစ်ကာ နံရံကပ်ထားလေသည်..အသက်ရူလို့ပင်မရ မျက်နှာတွေနီရဲနေလောက်တော့မယ်ဆိုတာ သိပေမယ့် မဖယ်ရုန်းမိ ...သူအဲ့ထက်မက ခံသင့်သည့်မဟုတ်လား..
လည်ပင်းညစ်ထားတဲ့မောင်လက်ဖြည်လျော့ပေးတာနဲ့ အသက်ဝအောင်ရူရပြန်တယ်
......ပြန်လျှော်ပေးလေ ကျုပ်ရဲ့ ဂုဏ်သိင်္ခါတွေ အချစ်တွေကို
......ငါမှ မလုပ်ပေးနိုင်တာ မောင်ရယ်...
.....မခေါ်နဲ့ အဲ့မောင်ဆိုတာကို ခင်ဗျား မရှက်ဘူးလားဟမ် သူများချစ်သူရည်းစားကို အပိုင်ကြံရုံတင်မက မောင်ဆိုပြီးခေါ်နေတာ
......ငါတောင်းပန်ပါတယ်မောင်
....တော်စမ်းပါ ခင်ဗျားတောင်းပန်ရုံနဲ့ ကျုပ်အသိုင်းအဝိုင်းကြားက ပြောဆိုသံတွေ ပိတ်သွားမယ်ထင်လား ဟမ်