ချစ်သူ့ဒေါက်တာ Ep1

35 2 2
                                    

"စက်ဘီးလေး ကလင်ကလင် လမ်းကြိုလမ်းကြားဝင် စက်ဘီးလေး ဘီးပေါက် -."
ဒေါက်
"အယ် ဘာဖြစ်တာလဲဟ" စက်ဘီးလေးပေါ်က အသာဆင်းပြီး အောက်ကိုငုံ့ကြည့်လိုက်ချိန်မှာပဲ
"ဟာ ‌နောက်ဘီးတစ်ဖက်မရှိတော့ဘူး"
နောက်ဒေါက်ဘီးလေး ကျွတ်သွားတာကြောင့် ခေါင်းလေးကုတ်လိုက် ကုန်းကုန်းကွကွလေးလုပ်ပြီး ဘီးလေးလိုက်ရှာလိုက် စက်ဘီးလေးနားပြန်လာပြီး ထပ်ငုံ့ကြည့်လိုက်နဲ့ အလုပ်ရှုပ်နေတဲ့ ခုနှစ်နှစ်သားလေးကို လမ်းကြားလေးတစ်ခုမှာ တွေ့ရမှာဖြစ်ပါတယ်။
"သွားပါပြီ မေမေ‌တော့ ငါ့ဆူတော့မယ်ထင်တယ် ဘယ်လိုလုပ်ရပါ့ ဟင်းးးး"
သက်ပြင်းလေးချကာ စက်ဘီးလေးကို ပြန်တွန်းလာနေတဲ့ ကလေးလေးရဲ့ နောက်ကို ဖြူဖြူလုံးလုံးလေးက အပြေးလေးလိုက်လာနေတယ်။ ပြေးနေတယ်ဆိုပေမယ့် ဖြူဖြူတုတ်တုတ်ခြေထောက်လေးတွေကြောင့် ‌အရှေ့က ကလေးလေးနောက်ကို မမှီနိုင်သေးဘူး။
"ဟယ် သားငယ်လေး ဒီနေ့စောလှချည်လား"
"မေမေ ဟင်းးးး"အမေကို မြင်တာနဲ့ လှမ်းဖက်လိုက်ပြီး ချုံပွဲချငိုနေတော့တယ်။
"မေ့သားငယ်လေး ဘာဖြစ်တာလဲကွယ် မေမေ့ကိုပြောပါအုံး"
"မေမေ ဟင့် ဟင့်"
"တိုတိုရေ တိုတို ဟောဟဲ ဟောဟဲ"(ကိုကိုရေ ကိုကို)
"ဟင် ဘယ်က ကလေးလေးလဲ လာလေး ကလေးလေး"
"တိုတိုရော့"(ကိုကိုရော့)
အပြင်ကပြန်လာတဲ့ ကလေးငယ်က မိခင်ကို ဖက်ငိုနေတုန်း နောက်ထပ် လုံးလုံးကစ်ကစ်လေးက ဆိုင်ထဲဝင်လာခဲ့တယ်  ကြည့်ရတာ ကလေးငယ်နောက် ပြေးလိုက်လာတာထင်တယ်။ သူခမျာမောနေရှာတာ။
"ဘာလေးလဲ ကလေးလေးရဲ့ တီတီ့ကိုပြပါအုံး"
"တိုတို့ဟာ"(ကိုကို့ဟာ) ဒေါ်သူဇာ တောင်းတာကို မပေးဘဲ သားငယ်လေး လက်ထဲကိုပဲ အတင်းထိုးပေးနေတာ။အိမ်က ကလေးကလဲ မယူဘူး အမေကို ပြန်မော့ကြည့်နေသေးတာ။
"အော် သားကိုကိုရဲ့ စက်ဘီးဒေါက်ဘီးလေးထင်တယ် ယူလိုက်လေသားငယ်လေး"
"......."
"ညီလေးကို ကျေးဇူးတင်ပါတယ် ပြောလိုက်လေသား"
"ကျေးဇူးတင်ပါတယ်"
"အုတ်"(ဟုတ်)
"ကလေးလေး ဘယ်ကလာလဲ သား"
"ဟိုဘက်" မျက်နှာသစ်ကလေးမို့ မေးလိုက်ပေမယ့် ကလေးက အိမ်လိပ်စာ သိပါ့မလားပဲ။
"ဘယ်ဘက်လဲ ကလေး"
"ဟိုဘက်ရမ်း ရပါ အမှတ် သုံးကျက်နစ် စပျယ်လမ်းကပါ ဂျ"(ဟိုဘက်လမ်း ကပါ အမှတ်သုံးဆယ့်နှစ် စံပယ်လမ်းကပါ ဗျ)
"အော် ဟိုဘက်လမ်း လမ်းကွေ့ကပေါ့"
"အုတ်"(ဟုတ်)
"လိမ္မာတာ ကလေးက လာပါအုံး တီတီ့နား လာပါ ဒီမှာထိုင်ပါအုံး" ဧည့်သည်တွေပါးနေတဲ့ အချိန်လဲ ဖြစ်တာကြောင့် စားပွဲဝိုင်းအလွတ်တစ်ခုမှာ သားလေးရဲ့ဘေးခံုမှာ ကလေးလေးကို ထိုင်ခိုင်းပြီး ကျွန်မကတော့ ကလေးနှစ်ဦးနဲ့ မျက်နှာချင်းဆိုင်မှာ ဝင်ထိုင်လိုက်တယ်။
"ပြောပါအုံး သားလေးက အသက်ဘယ်လောက်တုန်း"
"လင်းနစ်ပါ ဂျ"(လေးနှစ်ပါဗျ)
"လေးနှစ်ဆိုတော့ သားကိုကိုနဲ့ သုံးနှစ်ကွာတာပေါ့ သားကိုကိုက ခုနှစ်နှစ်ရှိပြီ"
"အုတ်"(ဟုတ်)
"သားငယ်လေး ငြိမ်နေပါလား ဘာလို့လဲ "အချွဲလေး ငြိမ်နေတာမို့ ဒေါ်သူဇာ မေးလိုက်တော့ ဘေးက ကလေးလေးကပါ သားလေးရဲ့ လက်မောင်းလေးကိုလှမ်းကိုင်ပြီး
"တိုတို ပါပျစ်လို့လဲ"(ကိုကို ဘာဖြစ်လို့လဲ)
"သား သားစက်ဘီးလေး အဟင့် အဟင့်"
"စက်ဘီးဘီးလေး ပြုတ်သွားလို့လား သားဖေဖေ ပြန်လာရင် မေမေတပ်ခိုင်းလိုက်မှာပေါ့ မငိုနဲ့ မငိုနဲ့ ညီလေးက ကြည့်နေပြီ မရှက်ဘူးလား" သားငယ်လေးရဲ့ အလိုက်ကိုသိသူပိပိ ဒေါ်သူဇာပြောလိုက်တယ်
"နိုနဲ့ သိပ်သိပ်"(ငိုနဲ့ တိပ်တိပ်)
ဒီတော့ ဘေးကပေါက်စကပါ ပြောကလဲပြော သူ့အင်္ကျီစလေးကိုပါမပြီး သားလေးကို လှမ်းသုပ်ပေးနေသေးတယ်။သိပ်ကိုချစ်စရာကောင်းတဲ့ လူလည်လေး။သားငယ်လေးကလဲ မျက်နှာမြင်ချစ်ခင်ပါစေဆိုတဲ့ ဆုနဲ့ပြည့်စုံနေသလားပဲ။ လူတိုင်းက သားငယ်လေးကို မြင်ရင်မချစ်ဘဲမနေနိုင်ကြဘူး။ ခုကလေးလေးပဲကြည့်လေ သားငယ်လေးက သူထပ်အကြီးကို အငယ်လေးတစ်ယောက်ကို ဂရုစိုက်ပေးသလို ဂရုစိုက်ပေးနေရှာတာ။

#စက််ဘီး‌ေဒါက်ဘီး‌ေလး‌ေကြာင့် အစပြုခဲ့တဲ့ သံယောဇဉ်တွေက ထာ၀ရအမြဲတမ်းတွက် ဖြစ်နိုင်ရဲ့လားလေ

ချစ်သူ့ဒေါက်တာWhere stories live. Discover now