Ep3

13 2 0
                                    

ဒုန်း ဒုန်း ဒုန်း
"ပေါက်ပေါက်ရေ လှေကားကိုပြေးတက်ပြန်ပြီလား ချောလဲမယ်လေ" ဒေါ်မာလာ အသံမဆုံးခင်မှာပဲ အိမ်ရှေ့ဘဲလ်တီးသံထွက်ပေါ်လာတယ်။
တင်းးးတောင်
"ဟော် သားငယ်လေးပါလား တစ်ယောက်တည်းလား ကလေး"ဒေါ်မာလာ အိမ်တံခါးရှေ့က သားငယ်လေးကို မြင်လိုက်မှပဲ ပေါက်ပေါက်တစ်ယောက်ဘာလို့ပြေးတက်သွားလဲ သဘောပေါက်တော့တယ်။
"ဟုတ် မားမား ရွာပြန်လက်ဆောင်တွေလာပေးတာပါဗျ"လက်‌နှစ်ဖက်အပြည့် အထုပ်တွေကို မြှောက်ပြကာဆိုလာတယ်။
"ရပါတယ် လက်ဆောင်တွေ ယူလာစရာမလိုပါဘူး လာထိုင်အုံးကလေးလေး မားမား မုန့်သွားယူလိုက်အုံးမယ်"
""
"ညီလေးရော် မားမား"
"အပေါ်မှာသားရေ သားငယ်လေးခြံထဲဝင်လာတာမြင်လို့ သူ့အခန်းထဲဝင်ပြီး စိတ်ကောက်နေလေရဲ့"
"ဟုတ် ဒါဆို သားသွားချော့လိုက်အံုးမယ်နော် မားမား"
"သွားပါတော် သွားပါ တကယ်တည်း ပြန်လာတာနဲ့ မားမားနဲ့စကားပြောမယ်မရှိဘူး သူ့ညီလေးပဲ အရင်သတိရတယ်"ဒေါ်မာလာ စိတ်ဆိုးသလိုလေး‌ပြောလိုက်မှ အနားကိုကပ်လာပြီး
"အဲ့လိုဟုတ်ပါဘူး မားမားရဲ့ ညီလေးကို ချော့ပြီးတာနဲ့ မားမားဆီကို တန်းလာခဲ့မှာ မွမွ မားမားကို အရမ်းချစ်တယ်နော်"
"တော်ပါ အပိုတွေ သွားတော့ တော်ကြာ အပေါ်က စောင်နဲ့လုံးထားရလို့ ပေါက်စီလုံးကနေ ပေါက်စီပြဲဖြစ်သွားအုံးမယ်"ဒေါ်မာလာထံမှ ခွင့်ပြုချက်ရတာနဲ့ အပေါ်ထပ်ကို လှစ်ခနဲ့ပြေးတက်သွားတော့တယ်။
ဒေါက် ဒေါက်
"ပေါက်ပေါက်ရေ ကိုကိုဝင်ခဲ့မယ်နော်" တံခါးဖွင့်ဝင်လိုက်တာနဲ့ စောင်ကိုခေါင်းထိလုံအောင်ခြုံထားပြီး ကုတင်ပေါ်ငုတ်တုတ်ထိုင်နေတဲ့ အချော့ခံချင်လို့ကောက်ပြနေတဲ့ ကောင်လေးကိုတန်းတွေ့ရပ့တယ်။ဒါပေမယ့် မမြင်ချင်ယောင်ဆောင်ကာ
"ဟင် အခန်းထဲမှာ ငါ့ညီလေးလဲ မရှိပါလား ဟာ ဒီစောင်ကြီးက ဘာလာလုပ်တာလဲ ငါ့ညီ‌ေလးအိပ်‌ယာပေါ်ကို ဖယ်စမ်း ဖယ်စမ်း"
"အဟားဟား ယားတယ် မလုပ်နဲ့ ဟားဟား"
"အော် ကိုကို့ညီလေးပါလား"
ကလိထိုးလိုက်တာနဲ့ စောင်ပုံထဲက ထွက်လာပြီး မျက်စောင်းလေးထိုးကာ တစ်ဖက်လှည့်သွားတယ်။
"အဟွန့်"
"ကိုကို့ကို စိတ်‌ေကာက်နေတာလား ညီလေးက"
"စိတ်မကောက်ပါဘူး စိတ်ကောက်တာက မိန်းကလေးတွေလုပ်တာ သားက ယောက်ျားလေးကို စိတ်မကောက်ပါဘူး စိတ်တိုနေတာ"
"ပြပါအုံး စိတ်တိုတဲ့ရုပ်ကလေးက ဘယ်လိုလဲ ဒီလိုလေလား ဟားဟား Angry bird , Angry bird"
"သားတွက်ဘာလက်ဆောင်ပါလဲ"
"ရော့ ဒီမှာ"လက်ထဲက ရွှံ့ရုပ်လေးကိုကြည့်ကာ
"ဒါဘာလဲဟင်"
"ဂျိုးရုပ်လေးလေ ကိုကိုကိုယ်တိုင် လုပ်ထားတာ"
"ကိုကိုက လုပ်တတ်တယ်လား "
"အင်း ရွာက သူငယ်ချင်းတစ်ယောက်သင်ပေးတာ"
"ဒါဆို ကိုကိုက သူငယ်ချင်းအသစ်ရလာတာပေါ့"
"ဒါပေါ့ညီလေးရ ဟိုမှာကလေ သူငယ်ချင်းတွေမှ အများကြီးပဲ အရမ်းပျော်စရာကောင်းတာ"
"ဒါဆို ကိုကိုက ဟိုမှာ သားကိုမလွမ်းဘူးပေါ့"
"ဟင် လွမ်းပါတယ်"
"ပျော်စရာကောင်းတယ်ဆို"
"ပျော်ရင်းလွမ်းနေတာ"
"တကယ်လား"
"တကယ်ပေါ့"
"အာ့ဆိုနမ်း"
"ဟင်"
"နမ်းလို့ ကိုကိုဟိုမှာရခဲ့တဲ့ သူငယ်ချင်းအရေတွက်တိုင်း"
"ဟင် ဒါဆို အများကြီးနမ်းရမှာလား"
"အင်း ကိုကိုသူငယ်ချင်းဘယ်နှယောက်ရလာလဲ"
"အင်းးးး ဖိုးတုတ်၊ဂတုန်း၊မိချော၊ညိုမ၊မဲတူး၊.......၊ဖိုးပျော့ အင်းဆယ့်တစ်ယောက် ဒါဆို ဆယ့်တစ်ခါနမ်းရမှာလား"
"အင်း နှစ်ဖက်လုံး"
"အင်းပါ အင်းပါ မွ မွ မွ....."
ဒါကတော့ စတုတ္ထတန်းကျောင်းသားကြီးကို ပထမတန်း ကျောင်းသားလေးက ချွဲတော်မူခန်းလေးပေါ့။

#ထာဝရတွက်မဟုတ်ရင်တောင် ပိုင်ဆိုင်ခွင့်ရသလောက် တစ်ယောက်တည်းပဲ ပိုင်ထားချင်တယ်#

ချစ်သူ့ဒေါက်တာWhere stories live. Discover now