📠 ဟယ်လို သားငယ်လေးလား
📠ဟုတ် မားမား
📠 သားရေ ဒီနေ့အိမ်ကို လာခဲ့ပေးပါအုံးနော် မားမားကကယ သွားစရာရှိနေတာ သားညီလေး ဖျားနေပြန်ပြီလေ
📠ဟုတ် မားမား သားလာခဲ့ပါမယ်ဗျ
ခုနောက်ပိုင်း ပေါက်ပေါက်လေးက မကြာခဏဖျားလာတယ်။မှတ်မှတ်ရရ ဒီနှစ်ကျောင်းတွေပြန်ဖွင့်ပြီးတည်းကပဲ။ခုဆို ပေါက်ပေါက်လေးက ငါးတန်းတက် ကျွန်တော်က ရှစ်တန်းတက်နေရပြီလေ။ရှစ်တန်းက အရေးကြီးနေတဲ့ အချိန်ရောက်နေပြီဆို့တော့ မေမေက
တက္ကသိုလ်တက်ေနတဲ့ မေမေ့အသိရဲ့သား အကိုကြီးတစ်ယောက်ကို စနေ၊တနင်္ဂနွေနှစ်ရက် အနီးကပ် စာပြပေးဖို့အတွက် ခေါ် ပေးထားေပမယ့် ပိတ်ရက်တိုင်းလိုလိုမှာ ဖျားနေတဲ့ ပေါက်ပေါက်ကြောင့် တစ်လမှာ နှစ်ရက်လောက်ပဲ စာသင်ရတယ်။ခုလဲ နေမကောင်းဖြစ်နေပြန်ပြီဆိုတော့ ခွင့်လှမ်းတိုင်ရတော့မယ်။တစ်ခါတစ်လေဆို အဲ့ကောင်လေးကလေ တမင်များလုပ်နေသလားတောင် မှတ်ရတယ်။
"ဟင်းးး အဲ့ကောင်ဆိုးလေးနဲ့တော့ခက်ပါတယ်" တစ်ယောက်တည်း ညည်းညူပြောနေပေမယ့် လူကတော့ အပြင်ထွက်ဖို့ ပြင်ဆင်နေပြီ။ အရင်လို အချိန်တိုင်းနှစ်ယောက်အတူ မရှိနိုင်တော့ပေမယ့် ပေါက်ပေါက်တစ်ယောက်ကတော့ ကျောင်းဖွင့်ရက်တိုင်းမှာလဲ အကြောင်းမျိုးစုံနဲ့ ကျောင်းခန်းထဲ ရောက်ရောက်လာပါတယ်။ေကျာင်းသွားေကျာင်းပြန်လဲ သူ့စက်ဘီးေနာက်ကပဲ လိုက်ခိုင်းတယ်။ ဒါတောင်ကျူရှင်အတူမသွားရလို့ ဂျစ်ချင်သေးတာ။အဲ့ကလေးကလေ ငါးတန်းသာဆိုတယ် သားငယ်လေးထပ် လူကောင်ထွားလာတယ်။သားငယ်လေးက လူကောင်သေးတာလဲပါမယ်ထင်တယ်။သားငယ်လေးက အရပ်ကသာ ရှည်လာတယ် လူကောင်လေးကတော့ ပေါက်ပေါက်နဲ့ယှဉ်ရင် ညှပ်ညှပ်ကလေးဖြစ်နေတာ။ကလင်း ကလင်း
"သားငယ်ရေ သားညီလေး အရှေ့မှာရောက်နေပြီနော်"
"ဟုတ် မေမေ"အိမ်ရှေ့ခန်းက မေမေကို လှမ်းထူးပြီးတာနဲ့ အမြန်ပြေးထွက်ခဲ့ရတယ်။ မဟုတ်ရင် လူပုစိတ်တိုလေးက စောင့်ရလို့ပြောနေအုံးမယ်။
"ဟင် အရိပ် ဘာလို့ပုဆိုးကြီးဝတ်လာတာလဲ" ခုနောက်ပိုင်းဆို ကျွန်တော့်ကို ရိပ်လို့သာ ခေါ်တော့တယ်။သူ့ကိုလဲ ပေါက်ပေါက်တို့ ညီလေးတို့ မခေါ်ခိုင်းဘူး ညီညီလို့ပဲ ခေါ်ပါတဲ့လေ။ဘာလို့လဲဆိုတော့ သူက ကလေးမဟုတ်တော့ဘူး အလယ်တန်းကျောင်းသားဖြစ်နေပြီမို့လို့တဲ့လေ။
"ဒီနေ့ကျောင်းမှာ ဟောပြောပွဲရှိလို့"
"ဒီခါးပတ်ကြီးက ဘာလုပ်တာလဲ"ပြောပြောဆိုဆို ခါးပတ်ကိုလှမ်းဆွဲတာမို့ မကျွတ်အောင် ပြန်ဆွဲထားရတယ်။ပုဆိုးမဝတ်တတ်လို့မှ မေမေ ခါးပတ်နဲ့ချည်ပေးလိုက်ပါတယ်ဆိုမှ
"အာ မဆွဲနဲ့လေ ကျွတ်ကျမှာဆိုးလို့ ခါးပတ်ပတ်ထားတာ"
"အော် ဟင် ထမင်းချိုင့်မပါဘူးလား လွယ်အိတ်ကရော် မေ့ကျန်ခဲ့ပြန်ပြီလား"
"ဟုတ်ပါဘူး ညီညီ့ကို အိမ်ထဲဝင်ဖို့လာခေါ်တာ ဒီနေ့ ကိုကိုက လိုက်ပို့မယ်တယ်"
"ကိုသားကြီးပြန်ရောက်နေတာလား" ကိုကိုက သဘ်ောသားမို့ အိမ်မှာသိပ်မရှိဘူး။နှစ်လလောက်နေမှ တစ်ခါ အိမ်ပြန်လာရတာ။
"အင်း မနေ့ညနေကပဲ"
"ကိုသားကြီးပြန်ရောက်နေတော့ ကျွန်တော့စက်ဘီးကို မစီးချင်တော့ဘူးပေါ့"
"အဲ့လို ဟုတ်ပါဘူး ဟိုနေ့ကတင်ပဲ ဖျားထားတာဆိုတော့ အားနည်းနေမှာလေ"
"ဘာအားမှ မနည်းဘူး ဒီခန္ဓာကိုယ်လေးလောက်ကတော့ ပွေ့ချီပြီတောင် ကျောင်းကိုလမ်းလျှောက်သွားလို့ရတယ်"အဲ့ကောင်လေးကလေ ပြောလိုက်ရင်အမြဲအဲ့လိုပဲ လူကိုသူ့ထက်အငယ်များမှတ်နေလားမသိဘူး။စိတ်ထဲမနေသာ မကျေမနပ်ပြောနေမိတယ်။
"အာ့ဆိုလဲ ခဏစောင့် ထမင်းချိုင့်နဲ့လွယ်အိတ်သွားယူလိုက်အုံးမယ်"
"အင်း နောက်ရက်တွေလဲ ကိုသားကြီးကို ကျောင်းလိုက်ပို့ဖို့မပူဆာနဲ့နော် ကားဆီတွေဈေးကြီးတယ် စက်ဘီးနဲ့ပဲသွားမယ်" ပိတ်ရက်တွေမှာတော့ ပါးပါးအားတာနဲ့ ကားနဲ့မြို့တစ်ပတ်လျှောက်မောင်းတာကြ ဆီမကုန်ဘူးလားလို့ ပြောပြန်ရင်လဲ ပါးပါးကားက အကောင်းစားမို့ ဆီမစား(ဆီသိပ်မကုန်)ဘူးလို့ ပြန်ပြောမှာ သိနေလို့ ဘာမှမပြောတော့ဘဲ အိမ်ထဲပြန်ဝင်လာခဲ့တယ်။
#နေမကောင်းတဲ့အချိန်တိုင်းအနားမှာရှိနေပေးမယ်ဆို အမြဲတမ်းပဲ နေမကောင်းဖြစ်လိုက်ချင်တယ်#
YOU ARE READING
ချစ်သူ့ဒေါက်တာ
Romanceမင်းကြီးလာရင် ဘာလုပ်မှာလဲလို့ မေးလာခဲ့ရင် ခဏခဏ နေမကောင်းဖြစ်တတ်တယ့် ကောင်းလေးကို ကုသပေးမယ့်ဆရာဝန်ကြီးတစ်ယောက်ဖြစ်ချင်တယ်လို့ ကျွန်တော်ဖြေမှာပါ