Ep 5

8 1 0
                                    

"ညီ စာလိုက်နိုင်ရဲ့လား"
"ဟုတ် လိုက်နိုင်ပါတယ် ဗျ"
"အင်း နားမလည်တာရှိရင် ကို့ကိုယ် အချိန်မရွေးမေးလို့ရတယ်နော် ကလေး"
"ဟုတ်" ကျွန်တော့်ဂိုက်ဆရာက အရမ်းသဘောကောင်းတယ်ဗျ။ စာသင်ပြလဲကောင်းတယ်၊စိတ်လည်းရှည်တယ်။ကျွန်တော့်ကိုဆို ကလေးပေါက်စလေး ထင်နေလားမသိဘူး စကားပြောရင်းခေါင်းလေးကို လှမ်းလှမ်းပွတ်ပေးတတ်တယ်။ဒါပေမယ့်လေ သဘောကောင်းတဲ့ အကို့က ပေါက်ပေါက်နဲ့တော့ သိပ်မတည့်ချင်ဘူး။အဲ့ကလေးကလေ လိမ္မာရဲ့သားနဲ့ တစ်ခါတစ်လေ လူဆိုးလေးလုပ်ချင်သေးတာ။
"အရိပ်ရေ" ဟော် သူအကြောင်းတွေးနေတုန်းရောက်လာပါပြီ ဒီကလေးအသင်ရှည်အုံးမှာ။ဘိုးဘိုးနဲ့ဘွားဘွားက ပြောဖူးတယ် ကိုယ်ကလူတစ်ယောက်အကြောင်းကို ပြောနေတာဖြစ်ဖြစ် တွေးနေတာဖြစ်ဖြစ် အဲ့အချိန်မှာ အဲ့လူကအနားရောက်လာခဲ့ရင် အဲ့လူက သက်ရှည်ကျန်းမာတယ်တဲ့လေ။
"လာပြီ လာပြီ" စားပွဲနားကနေ ထထွက်မလို့မှာပဲ အကိုက  လက်ကိုဆွဲထားပြီး
"သူ့ ဘာသာ လာပါလိမ့်မယ်"
"ဟုတ်"
"အော် စာသင်နေတုန်းလား အကို သားဝင်ခဲ့လို့ရမလားဗျ"
"အပြင်မှာ ခဏစောင့်နော် အကိုတို့ပြီးတော့မယ်"
"ဗျာ ဟုတ်" အသက်ကြီးတာ ငယ်တာနဲ့မဆိုင်ဘူး လူဆိုတာ လူ့ကျင့်ဝတ်ကို လိုက်နာရတယ်၊ တစ်ပါးသူကို‌ေလးစားရတယ်လို့ ပြောတာခံရပြီး‌ေနာက်ပိုင်း အခန်းထဲကို ကျွန်တော်တစ်ယောက်တည်းသာဆို  ခွင့်တောင်းပြီးမှာ ဝင်တော့တယ်။ ခုလဲ မျက်နှာငယ်လေးနဲ့ ပြန်ထွက်သွားတော့ စိတ်မကောင်းဖြစ်ရပြန်ပြီ။
"ဒီတစ်ပုဒ်စာပြန်ပြီးရင် နားလို့ရမလားဗျ"
" အော် ကိုးနာရီတောင်ထိုးတော့မှာပဲ ရပါတယ် ဒီတစ်ပုဒ်ကျက်ထားလေ နောက်နေ့မှ စာပြန်ပေါ့ သူ့ညီလေး လာတာနဲ့ အကို့ကို နှင်လွှတ်တယ်ပေါ့လေ"
"အဲ့လို ဟုတ်ပါဘူး"
"အင်းပါ အကိုပြန်တော့မယ် ညီလဲ နားလိုက်တော့"
"ဟုတ် သားလိုက်ပို့ပေးမယ်နော်"
"ရတယ် ညီနေခဲ့ပါ အကို့ဘာသာ ပြန်လိုက်တော့မယ် အေးဆေးနားတော့"
"ဟုတ်"

"ဟိတ် ဟိုကလေး သူများအခန်းထဲဝင်ရင် တံခါးခေါက်ဖို့ ပြောထားတယ်မလား ခုန ဘာလို့ တံခါးမခေါက်တာလဲ"
"သူများအခန်းဆို ခေါက်တယ်လေ "
"ခုနက ဘာလိုမခေါက်တာလဲ"
"သား အောက်မှာတည်းက အသံပေးလာတယ်‌‌ေလ"
"အသံပေးယုံနဲ့ ရမလား ဒီအချိန် ကိုယ်တို့ စာသင်နေကြဆိုတာ မသိဘူးလား"
"သိတယ်လေ"
"သိရင် ဘာလို ..."
"အကို သား အရှေ့ထိ လိုက်ပို့မယ်နော်"
"အော် ညီ "
"လာ လာ အကို သွားရအောင်နော်" ထင်တဲ့အတိုင်းပဲ အခန်းထဲမှာ စာအုပ်တွေသိမ်းပြီးပြန်ထွက်လာတော့ အပြင်မှာ နှစ်ယောက်က စကားများနေကြပြီ မြန်မြန်လူစုခွဲမှ မဟုတ်ရင် လွယ်ကျတာမဟုတ်ဘူး။
"ညီအပေါ်ပြန်တက်တော့လေ အပြင်မှာအေးတယ် ခြံတံခါး ဦးလေးအောင်မောင်ကို ပိတ်ခိုင်းလိုက်မယ်"
"ဟုတ် အကိုလဲ ဆိုင်ကယ်‌ေလျှာက်စီးမ‌ေနဘဲ အိမ်တန်းပြန်နော်"
"ညီက ပုဏ္ဏားလေးပဲ(ကြိုသိနေတာကို ပြောချင်တာပါ) အကိုက ဒီည ဆိုင်ကယ်စီးဖို့တွေးထားတာ ညီက အိမ်တန်းပြန်စေချင် ပြန်ပါ့မယ်ဗျာ ကဲ ကိုယ်သွားပြီနော်"
"ဟုတ် အကို ဂရုစိုက်မောင်းပါဗျ"

"ပြန်သွားပြီလား ဟိုဆရာကြီး"
"အကြီးကို"
"အကြီးမို့လို့လေ အရိပ် နောက်နှစ်တွေ အဲ့တစ်ယောက်နဲ့ မသင်နဲ့တော့နော်"
"ဘာလို့လဲလို့" ဆူပုတ်ပြီး မျက်နှာတည်ကြီးနဲ့ ဖြစ်နေတဲ့ ကောင်လေးက နည်းနည်းလေး ချွဲလိုက်မှ အသံပြန်ပျော့လာပြ
"ဟင့်အင်း သေချာတော့ မသိဘူး ဒါပေမယ့် မသင်စေချင်ဘူး"
"မသိဘဲနဲ့ သူများကို"
"ဘာလဲ အရိပ်က သူနဲ့သားဆို ဘယ်သူ့ရွေးမှာလဲ"
"အဲ့လိုမဟုတ်ဘူးလေ"
"မရဘူး ရွေး သူလား သားလား သူ့ဆို သားအခုပြန်မယ် သားဆို နောက်နှစ်သူနဲ့မသင်နဲ့တော့"
"အင်းပါ ဟုတ်ပါပြီ အကိုနဲ့ ထပ်မသင်တော့ဘူးနော်"
"ပြီးရော် ဒါဆို အိပ်တော့ လာ စောင်သေချာခြုံ အေးတယ်"
" "
"အဲ့လို လက်ခုမအိပ်နဲ့လေ မနက်ကျ နာနေမှာပေါ့ ခေါင်းအုံးလဲထပ်မအိပ်နဲ့(ခေါင်းအုံးကို နှစ်လုံးဆင့်မအိပ်နဲ့) လည်ပင်နာတတ်တယ် အင်းဟုတ်တယ် အဲ့လိုလေးသေချာအိပ် အိပ်တော့ အားရှိအောင်လို့ သဘက်ခါ စာမေးပွဲဖြေရတော့မှာမလား"
"အင်း ဂွတ်နိုက်"
"ဂွတ်နိုက် ဂွတ်နိုက်"   ဂျောက် မွ
ဂျောက် ဆိုတဲ့အသံကတော့  ညအိပ်မီးခလုတ်ဖွင့်လိုက်တဲ့အသံဖြစ်ပြီး မွ ဆိုတဲ့ အသံကတော့ နဖူး‌ေလးကို ဖွဖွနမ်းလိုက်တဲ့ အသံဖြစ်ပါတယ်။











#သူ့အကြောင်းအမြဲတွေးဖြစ်တယ်။သူရောက်လာသည်ဖြစ်စေ မလာသည်ဖြစ်စေ သူကျန်းမာအသက်ရှည်ပါ‌ေစ#

You've reached the end of published parts.

⏰ Last updated: May 18 ⏰

Add this story to your Library to get notified about new parts!

ချစ်သူ့ဒေါက်တာWhere stories live. Discover now