UNICODE
(A/N: ဒါဒါလေးတို့က inline comment လေးတွေပဲ မန့်ပေး... အစ်မက Update မှန်မှန်တင်ပေးမယ်နော် 😘)
ချမ်းမြေ့က ပေါကားကမ္ဘာထဲ ရောက်လာတယ်ဆိုရင် သက်တံ့က ဘယ်ကမ္ဘာထဲ ရောက်လိမ့်မလဲ...။
စဉ်းစားနေစရာတောင် မလိုဘူး၊ သေချာပေါက် BL ကမ္ဘာထဲကို ရောက်မှာ အမှန်ပဲ။
ချမ်းမြေ့ရောက်နေတဲ့ ပေါကားကမ္ဘာက လူတွေ တစ်ယောက်မကျန် ပေါကားထဲကလို ပြုမူနေကြတယ်ဆိုရင် သက်တံ့ရောက်နေတဲ့ BL ကမ္ဘာကလူတွေရော ဘယ်လိုပြုမူနေကြမလဲ...
"အောင်မလေး သက်တံ့ရာ"
သက်တံ့အဖြစ်ကို တွေးမိတာနဲ့ ရင်ထဲကနေ လှိုက်တက်လာပြီး ချမ်းမြေ့မှာ မျက်ရည်တွေ ပိုးပိုးပေါက်ပေါက် ကျလာတယ်။ ရယ်ရလွန်းလို့။
မှန်ကို လက်နှစ်ဖက်လုံးထောက်ပြီး ရယ်လိုက်ရတာဆိုတာ ဗိုက်တွေတောင်အောင့်တယ်။
ချမ်းမြေ့အဖြစ်က 'ဂျပန်ခေတ်က ဒူးရင်းသီး' ပုံပြင်လို ဖြစ်နေတယ်။ ကြားဖူးကြမယ်တော့ ထင်ပါတယ် အဲဒီပုံပြင်က ဗားရှင်းအမျိုးမျိုး ရှိတယ်။ ချမ်းမြေ့ကြားဖူးတဲ့ဗားရှင်းက ဖက်ဆစ်ဂျပန်တွေ မြန်မာတွေကို နှိပ်စက်တဲ့တစ်ခု။
ဇာတ်လမ်းကဒီလို...
ဖက်ဆစ်ဂျပန်တွေက လမ်းတစ်ခုမှာ ပိတ်ဆို့ထားပြီးတော့ လမ်းကိုဖြတ်လာတွေကို မြန်မာတွေကို ပြဿနာရှာသတဲ့။ အကြောင်းက မြန်မာတွေက ခြံထွက်သီးနှံတွေ သူတို့ဆီ လာမဆက်ကြလို့ တင်းနေကြတာ။ အဲဒါနဲ့ မြန်မာတွေ လက်ထဲပါလာတဲ့ သစ်သီးတွေကို လက်နဲ့မသယ်ခိုင်းဘဲ xင်ထဲရိုက်ထည့်ပြီး သယ်ခိုင်းသတဲ့။
သရက်သီး ယူလာမိတဲ့ သရက်သီး၊ ပန်းသီး ယူလာမိတဲ့သူက ပန်းသီး စသဖြင့်ပေါ့။ ကံဆိုးရှာတဲ့ လူတစ်ယောက်က ပိန္နဲသီးတစ်လုံး သယ်လာမိတာမို့ သူ့xင်ထဲ ပိန္နဲသီးကြီး ရိုက်ထည့်နေတာကို မချိမဆန့် ခံနေရရှာတယ်။
အစပိုင်းမှာ သူဟာ နာနာကျင်ကျင် ငြီးငြူနေရာက ရုတ်တရက်ထပြီး အူလှိုက်သည်းလှိုက် အော်ရယ်ပါတော့သတဲ့။ ဂျပန်တွေက အံ့အားသင့်သွားပြီး ဘာလို့ထရယ်နေသလဲလို့ မေးတဲ့အခါ သူကရယ်နေရင်းနဲ့ပင် လမ်းဘက်ကို လက်ညှိုးညွှန်ပြတယ်။

YOU ARE READING
ငါမုန်းတဲ့ကမ္ဘာ
RomanceGenre: BL, Romance/Comedy ပေါကားတွေကို မုန်းတဲ့ 'ချမ်းမြေ့' နဲ့ BL ဝတ္ထုတွေကို မုန်းတဲ့ 'သက်တံ့' ဆိုတဲ့ သူငယ်ချင်းနှစ်ယောက်ဟာ သူတို့မုန်းတဲ့အရာနှစ်ခုကို ပေါင်းစပ်ထားတဲ့ကမ္ဘာကို ကူးပြောင်းရောက်ရှိသွားပြီး ပေါကားရဲ့ ဒရာမာချိုးကွက်တွေနဲ့ BL ရဲ့ လွှမ်းမ...