PROLOGUE

645 17 3
                                    

UNICODE

ချမ်းမြေ့နဲ့ သက်တန့်က အချစ်ဆုံးသူငယ်ချင်းတွေဖြစ်သလို ယောက်ဖတွေလို့လည်း ပြောလို့ရတယ်။ ချမ်းမြေ့ရဲ့ ညီမနဲ့ 'သက်တန့်' က ရည်းစားတွေလေ။ ချမ်းမြေ့ရဲ့ညီမက BL ဝတ္ထုတွေကို အလွန်အကျွံစွဲလန်းနေပြီး သူ့ရည်းစားကိုတောင် သူ့အစ်ကိုနဲ့ ပေးစားတတ်တဲ့ အကျင့်ရှိတယ်။ ဒါကြောင့်လည်း သူ့ရည်းစား သက်တန့်က BL ဆိုရင် အသံတောင် မကြားချင်လောက်အောင် မုန်းနေရှာတယ်။ ချမ်းမြေ့ကတော့ သူ့ညီမဇာတ်သွင်းထားလို့ BL ဝတ္ထုတွေကို ဖတ်ဖူးနေပြီး မုန်းတယ်ရယ်လို့ မဟုတ်ဘူး၊ သူ့အကြိုက်မဟုတ်ရုံပဲ။ သူမုန်းတာက သုံးရက်တစ်ကားနှုန်းနဲ့ ရိုက်ထားတဲ့ ပေါကားတွေကိုပါပဲ။

ဒါပေမယ့် ကံဆိုးချင်တော့ သူတို့ သူငယ်ချင်းယောက်ဖ နှစ်ယောက်ဟာ သူတို့မုန်းတဲ့အရာနှစ်ခုနဲ့ ပေါင်းစပ်ဖွဲ့စည်းထားတဲ့ ကမ္ဘာတစ်ခုထဲကို ကူးပြောင်းရောက်ရှိသွားခဲ့တယ်။ နေ့စဉ် သူတို့ကြုံတွေ့ရသမျှက ပေါကားတွေ နဲ့ BL ဝတ္ထုတွေထဲကလို ဇာတ်ကွက်တွေပါပဲ...။

ရေမရောတဲ့ straight စစ်စစ် နှစ်ယောက်ခမျာ အဲဒီကမ္ဘာထဲမှာ ရှင်သန်နိုင်ဖို့ ခက်ခက်ခဲခဲ ကြိုးစားကြရပါတော့တယ်။

သူတို့အဖြစ်က ဆိုးပါတယ်။ သူတို့နားမှာရှိတဲ့ သူငယ်ချင်း၊ ဆရာ၊ အိမ်နီးနားချင်း၊ မွေးစားအစ်ကို စသဖြင့် ရှိရှိသမျှ ယောက်ျားတွေရဲ့ မြိုချထားမတတ် အချစ်တွေကို ရှောင်ကွင်းရင်း ဘယ်တစ်ယောက်နဲ့မှ BL ချစ်ဇာတ်လမ်းတစ်ပုဒ် ဖြစ်တည်မလာအောင် ပတ်ပြေးနေကြရတာ...။

တကယ်ဆိုးတာ...

အရက်မူးနေတဲ့ သူငယ်ချင်းတစ်ယောက်ကို တွဲခေါ်ပေးရင်း တိုက်မိလို့ ပန်းအိုးကျကွဲတာကို (ဘာမှတောင် မဘာရသေးတဲ့) အဲဒီငမူးနဲ့ ယောက်ျားချင်း ဖြစ်ရသလားဆိုပြီး အမေက ပါးရိုက်ပြီး အိမ်ပေါ်ကနှင်ချတာ ခံရရော။

ပေါကားတွေ ကြည့်ကြည့်ပြီး ဟားခဲ့ရသမျှ အခုမှ အဲဒီပေါကားတွေထဲက စကားလို တကယ်ကြီး 'ဒူးနဲ့မျက်ရည်သုတ်' ရတော့တာပဲ။

ဒါပေမယ့် ဒီနှစ်ကောင်က အချဉ်တော့ မဟုတ်ဘူးလေ။ ခံရဖန်များလာတဲ့အခါ တတ်ထားတဲ့ ပညာတွေကိုသုံးပြီး တန်ပြန်တိုက်စစ်ဆင်တော့တာ။ မုန်းသာမုန်းတာ ပေါကားနဲ့ BL ထဲကအကွက်တွေ အထာတွေကို သူတို့အကုန် ကြေညက်နေပြီးသား မဟုတ်လား။

ငါမုန်းတဲ့ကမ္ဘာWhere stories live. Discover now