အပိုင်း၉

1.8K 200 55
                                    

ဈေးထဲရောက်ရောက်ချင်းမိုးစက်တာရာမှာ‌
မြင်းဇောင်းထဲကမြင်းလွှတ်လိုက်သလိုပင်ရမ်လ်မက်စ်မှာအသဲအသန်ပြန်ဆွဲထားရလေသည်။

"နေအုန်းကလေးလေး ဒါကို၀တ်ထား ကလေးလေးရဲ့အသားရည်ကိုမှဲ့တစ်ပေါက်တောင်အစွန်းမခံနိုင်ဘူးမျက်နှာလှလှလေးကိုလည်းဘယ်သူမှကြည့်လို့မရနိုင်အောင်၀တ်ထား"

ရမ်လ်မက်စ်မှာမိုးစက်တာရာရဲ့ခေါင်းပေါ်သို့ပုဝါကိုအထပ်ထပ်အုပ်လေတော့အသက်ရှုကြပ်လာကာပူလာလေသည်။

"လူကြီး ပူတယ်"

"ပူလဲသည်းခံကလေးလေးရာ ကိုယ်မင်းရဲ့အ
သားရည်မျက်နှာလေးကိုဘယ်သူမှမပြနိုင်ဘူး"

အဲ့လိုပြောတော့မိုးစက်တာရာမှာပိုရန်ကောဆိုသည့်မျက်နှာဘေးလေးဖြင့်မျက်စောင်းလှမ်းထိုးလေတော့သည်။

"လူကြီးဟိုဟာလေးစားချင်တယ် "

မိုးစက်တာရာမှာတွေ့သမျှဆိုင်တိုင်းလက်
ညှိုးထိုးတော့ရမ်လ်မက်စ်မှာလဲထိုးသမျှဟာ
၀ယ်ရလေတော့သည်။တော်သေးတာပေါ့
သူတို့ရုပ်ဖျက်ပြီးပြည်သူ့ဈေးတန်းကို၀င်လို့
ပေါ့မဟုတ်ရင်ဘုရင်ကြီးကဈေးတန်းတွေထဲ
မှာအထုပ်သည်ဘ၀ရောက်တာသိရင်အုံအုံ
ကြွကြွဖြစ်ကုန်လောက်တယ်။

"ကလေးလေး ဖြေးဖြေးသွား လမ်းပျောက်မယ်နော်"

"ဘာမှမဖြစ်ပါဘူး လူကြီးရယ့်"မိုးစက်တာရာမှာအခွံမာသီးတွေကိုစာရင်းလှမ်းပြောဝောာ့လေသည်။

"လာ လာ တစ်နှစ်မှတစ်ခါပဲကြည့်ရတဲ့မြွေ
အလိမ္မာပြပွဲဟာ ဧည့်သည်တို့ထံရောက်ရှိလာပါပြီ လက်မလွှတ်ခံပါနဲ့ သဒ္ဓါသလောက်အနည်းအများထည့်နိုင်ပါတယ် လာ လာ"
မြွေအလိမ္မာဆရာရဲ့စကားသံ‌ေကြာင့်အုံ့အုံကြွကြွထိုနေရာမှာဖြစ်ကုန်တော့သည်။မိုးစက်တာရာမှာမြွေကြောက်ပေမဲ့လည်းဒါမျိုးကိုတော့စိတ်၀င်စားတယ်။ရှေ့တိုးရင်းတိုရင်းလူအုပ်ကြားထဲရောက်သွားလေတော့သည်။ရမ်လ်မက်စ်မှာစီမွန်တစ်ယောက်နဲ့အချက်ပြနေတုန်းလှည့်ကြာ့်တော့ကလေးလေးမရှိတော့ပေ။

"ဟာ ကလေးလေး ကလေးရေ!!!"ရမ်လ်မက်စ်ရဲ့အသံကဈေးတန်းထဲမှာဟိန်းနေသော်
လည်းမြွေအလိမ္မာဆရာရဲ့နှဲသံနဲ့လူအုပ်ကြီးရဲ့အသံကိုတော့မကျော်လွန်နိုင်ပေ။

Loyal of the Nile River (နိုင်းမြစ်ကိုသစ္စာတည်၍)Where stories live. Discover now