အပိုင်း၁၀

1.6K 120 22
                                    

Unicode

မနက်နေအလင်းရောင်ဟာမိုးစက်တာရာရဲ့မျက်နှာပေါ်သို့တိုက်ရိုက်ထိုးကျလာသောကြောင့်မိုးစက်တာရာမှာမျက်စိလေးကိုဖြေးညှင်းစွာဖွင့်ရင်းနိုးကြားလာခဲ့လေသည်။ခါးနားကနေတင်းကျပ်မှုကြောင့်ထချင်သော်လည်းလူကြီးနိုးသွားမှာစိုးတာကြောင့်မထဘဲအသာယာလေးနေမိလိုက်လေသည်။သူအခုမှလူကြီးကိုသေချာကြည့်မိသည်။လူကြီးရဲ့မျက်နှာနီးနီးကပ်ကပ်ကြောင့်ရင်ဘက်ထဲကအကောင်ကမြန်လာလေသည်။ကျယ်လောင်လွန်းလို့လူကြီးနိုးသွားမှာတောင်ကြောက်မိသည်။

မိုးစက်တာရာမှာမသိလိုက်ခင်ဘဲရမ်လ်မက်စ်ရဲ့မျက်နှာအနှံ့ကိုလိုက်ထိကြည့်နေမိလေသည်။မျက်ခုံး၊မျက်လုံး၊နှာခေါင်းစသည်ဖြင့်နှုတ်ခမ်းသားတွေကိုတစ်ချက်ထိကြည့်လိုက်တော့ညိုနေတဲ့အသားရည်မို့နှုတ်ခမ်းသားတွေကနီညိုပုတ်ရောင်ပေါက်နေလေသည်။နှုတ်ခမ်းဆီကိုအကြည့်ရောက်သွားတဲ့အချိန်မှာမိုးစက်တာရာအာတွပင်ခြောက်သလိုခံစားရတာကြောင့်တစ်စုံတစ်ခုကိုတွေးပြီးရှက်လာတာကြောင့်ခန္ဓာကိုယ်လေးကလှည့်ကာရမ်လ်မက်စ်ကိုကျောခိုင်းပစ်လိုက်လေသည်။

'အား!!!ငါဘာတွေတွေးနေရတာတုန်း မိုးစက်တာရာရေ မင်းရူးနေပြီလားကွ'

တစ်ယောက်တည်းရေရွတ်ရင်းခေါင်းကိုသွင်သွင်ခါနေလေတော့သည်။ဖြူအုနေတဲ့အသားရည်မို့ရှက်တာကြောင့်တစ်ကိုယ်လုံးပန်းရောင်သန်းနေလေတော့သည်။မိုးစက်တာရာမသိတာဟာတစ်စုံတစ်ယောက်သောသူကအိပ်ချင်ယောင်ဆောင်နေကာသူဘာလုပ်မလဲဆိုတာစောင့်ကြည်နေခြင်းဖြစ်သည်။

"ဘာတွေတွေးနေလို့အဲ့လောက်နီရဲနေတာလဲ"

ရမ်လ်မက်စ်ရဲ့အသံကြောင့်မိုးစက်တာရာမှာနှလုံးခုန်တွေမြန်လာပြီးမျက်လုံးပြူးကြီးဖြင့်ရမ်လ်မက်စ်ဘက်ကိုလှည့်လိုက်တော့နှစ်ယောက်သားရဲ့နှာခေါင်းထိပ်လေးတွေကထိစပ်နေပြီးတစ်ယောက်ချင်းဆီရဲ့၀င်သက်ထွက်သက်ကိုတောင်ခံစားမိနေလေသည်။မိုးစက်တာရာရဲ့နှလုံးခုန်သံနဲ့ထပ်တူရမ်လ်မက်စ်ဟာလည်းပဲစည်းချက်ကျစွာ‌ခုန်ပေါက်နေလေသည်။

Loyal of the Nile River (နိုင်းမြစ်ကိုသစ္စာတည်၍)Where stories live. Discover now