ဖြစ်တည်မှု part 1

18 1 0
                                    

ကျွန်တော်အလွန်ထိတ်လန့်သွားခဲ့တယ်။ကျွန်တော့သူငယ်ချင်းမလေး။ငယ်ငယ်ကတည်းကတွယ်တာခဲ့ရတဲ့သူငယ်ချင်းမလေး။ကျွန်တော်သိပ်ချစ်ရတဲ့တစ်ဦးတည်းသေားသူငယ်ချင်းမလေးကဘယ်လိုဖြစ်သွားတာလဲ။မြင်နေရတဲ့မြင်ကွင်းက ကျွန် ‌‌ေတာ့အတွက်တော့မယုံကြည်နိုင်စရာပင်။သိပ်လည်းစိတ်ပျက်သွားခဲ့တယ်။

"တောက်"

စိတ်ပျက်စွာတောက်ခေါက်မိပြီးထိုမြင်ကွင်းကိုထပ်မကြည့်ချင်တဲ့အထိ၊ထပ်မမြင်နိုင်သည်အထိအဝေးဆုံးသိုပြေးထွက်လာခဲ့မိသည်။

ညို့သွေးငယ်ဆိုတဲ့သူငယ်ချင်းမလေးဟာတော်ဝင်မောင်ဆိုတဲ့ကျွန်တော်နှင်ဟိုးငယ်ငယ်လေးကတည်းကခင်မင်လာသူလေးပင်ဖြစ်သည်။

တော်ဝင်မောင်၏မိဘနှင့်ညို့သွေးငယ်တို့ရဲ့မိဘတွေဟာသိပ်တော့ခငင်မင်မှုမရှိကြပေ။တော်ဝင်မောင်တို့ကချမ်းသာသည်။ညို့သွေးငယ်‌တို့မှာသိပ်တော့မချမ်းသာပေမဲ့စားနိုင်သောက်နိုင်လူလတ်တန်းစားမိသားစုဖြစ်လေသည်။

တော်ဝင်မောင်၏မိဘများသည်ဂုဏ်အာဏာများကိုမက်မောသည့်အပြင်မောက်လဲမောက်မာလေသည်။

ထိုမိဘများမှဆင်းသက်လာသောတော်ဝင်‌‌ေမာင်သည်လည်းထို့နည်းတူပင်။ထို့ပြင်တော်ဝင်မောင်သည်အခြောက်ဆိုသောသူများ၊လိင်တူချစ်ကြိုက်သောသူများကိုအလွန်ရွံသည်။မိဘများသည်လည်းထိုသို့သောလူများကိုလက်မခံပေးသည့်အပြင်အပြစ်ဆိုတက်လေသည်။

တော်ဝင်မောင်လက်မခံပေးနိုင်သည်လိင်တူချစ်ကြိုက်မှုကိုအချစ်ဆုံးသူငယ်ချင်ဖြစ်သည့်သူကချစ်ကြိုက်နေခြင်းကိုလုံးဝသဘောမကျ။လုံးဝမဖြစ်သင့်သည်အရာဟုသူလက်ခံထားလေသည်။

"တီ တီ"

-ဟယ်လို မောင် ပြောတော်မူပါ ဘာကိစ္စရှိလဲ

-အညို့ ခနတွေ့ရအောင် ‌ထိုင်နေကျဆိုင်ကိုလာခဲ့

-အိုကေမောင် နာရီဝက်အတွင်းရောက်မယ်

"တီ"

မနေနိုင်တဲ့အဆုံးသူငယ်ချင်းမဖြစ်သူအားဖုန်းဆက်ခေါ်လိုက်လေသည်။ထိုမြင်ကွင်းကိုတွေ့လိုက်သော်လည်းသူငယ်ချင်းတစ်ယောက်ဖြစ်ပါစေလို့သာတော်ဝင်မောင်ဆုတောင်းနေမိသည်။

ဖြစ်တည်မှုWhere stories live. Discover now