အခန်း-၂

4.2K 232 4
                                    

တစ်နေ့..
အိမ်ရှေ့တွင်ဂျက်ကီနှင့်ဆော့နေသည်။
ဈေးခြင်းတောင်းဆွဲကာတစ်လှမ်းခြင်းလာသည့်အဒေါ်ကြီးသည် အိဒ္ဓြေရှိလှသည်။
တင်ပါးထိရှည်သောဆံပင်တို့ကိုစည်းထားရုံမျှသာ။

"ဟဲ့...ဟဲ့..မင်း‌ ခွေးကိုထိန်းအုန်းလေ.."

အဒေါ်ကြီးအသံကြားမှသူငေးနေသည်မ‌ှာအသိပြန်ဝင်သည်။

ဂျက်ကီအားသံကြိုးနဲ့ဆွဲထားသည်ဆိုပေမဲ့မော၍လျှာထုတ်ထားသည့်ဂျက်ကီ့ပုံမှာအဒေါ်ကြီးအားအကြောက်ပိုစေပုံ။

"အို..အမေ့.."

အဒေါ်ကြီးသည်မျက်လုံးအားမှိတ်ထားသည်။
လက်ထဲကဈေးခြင်းတောင်းမှာလည်းလွတ်ကျသွားလေပြီ။
သူစသည်မှာလွန်သွားမှန်းသိရသည်။

မျက်ရည်ဝဲ၍ဈေးခြင်းတောင်းအားပြန်ကောက်၍အိမ်ထဲဝင်ပြေးသွားလေသည်။

'‌အဒေါ်ကြီးစိတ်ဆိုးသွားပြီလား...'

~

သူ‌အဒေါ်ကြီးအားမတွေ့ရသည်မှာနှစ်ရက်ပင်ရှိလေပြီ။

မနက်ဈေးသွားသည်အားမတွေ့ရ။
ညနေစောင်းရေအပင်ရေလောင်းသည်ကိုလည်းမတွေ့ရတော့။

နေ့တိုင်းခိုးကြည့်နေရသည့်မျက်နှာနုနုလေးအားမတွေ့ရတော့ရင်ထဲတစ်မျိုးပင်။

"မေမေရေ..သမီးကြီးကြီးခင်ဆီခနသွားအုန်းမယ်..."

"ဟဲ့..လူကြီးကိုသွားမရှုပ်နေနဲ့အုန်းနော်..."

"ဟုတ်..မေမေ"

ခြံအပြင်ရောက်မှမေမေ့အားအော်၍ပြောလိုက်သည်။

"ကြီးကြီးခင်ရေ...."

"ဟေ...ယွန်းယွန်းလား..."

"ဟုတ်တယ်...ကြီးကြီးဘယ်မှာလဲ.."

အိမ်အကျယ်ကြီးတွင်ကြီးကြီးအသံသာကြားနေရသည်။
လူကိုမတွေ့။

"ကြီးကြီး မီးဖိုခန်းမှာရယ်..လာခဲ့..ယွန်းယွန်း"

"ဟုတ်.."

"‌ဆိုစမ်းပါအုန်း....ယွန်းလေး..

"သမီးအိမ်မှာပျင်းလို့....ကြီးကြီးဆီလာလည်တာ..."

အဒေါ်ကြီးကိုတွေ့ချင်လို့လာသည်ကိုတော့မပြောဖြစ်။

"သမီး...ကျောင်းမတက်ရသေးဖူးလား.."

"ဒီမယ်...အဒေါ်ကြီး"[Complete]Where stories live. Discover now