အခန်း-၃

4K 225 0
                                    

စက်ဘီးလေးသည်တီဟန့်ခေါ်အဒေါ်ကြီး၏
၏စာအုပ်ဆိုင်ရှေ့တွင်ထိုးရပ်သွားသည်။
ကောင်တာတွင်တီဟန့်ကိုမတွေ့။
ယွန်းနှင့်အသက်တူတူလောက်ရှိမည့်အလုပ်သမားမိန်းကလေးကိုတွေ့သည်။

စာကြည့်တိုက်ပုံစံဖြစ်နေသောထိုနေရာလေးတွင်စာအုပ်မရောင်း။
ငှား၍ထိုင်ဖတ်ရသည်။
ဆိတ်ငြိမ်သည်ကတစ်ကြောင်း၊
ပတ်ဝန်းကျင်ကောင်းဖြစ်သည်ကြောင့်ဖောက်သည်များပင်ရှိနေလေသည်။

ဆိုင်ထဲသို့ဝေ့ဝဲကြည့်တော့ထောင့်စွန်းစားပွဲလေးတွင်ထိုင်ကာစာဖတ်နေသောအဒေါ်ကြီးဟုချစ်စနိုး‌ေခါ်ခဲ့‌ေသာတီဟန့်အားတွေ့ရသည်။
စားပွဲပေါ်တွင်ကော်ဖီတစ်ခွက်။
မြန်မာဝမ်းဆက်သာဝတ်တတ်သောတီဟန့်သည်ခရမ်းနုရောင်ဇာဝမ်းဆက်နှင့်လိုက်ဖက်စွာရှိနေသည်။

ထိုပုံရိပ်လေးအားငေးချင်သည့်တိုင်ငေးကြည့်နေမိသည်။

"အယ်...မင်းဘဲ..လာလေ..."

ယွန်းအားတွေ့သည်နှင့်တီဟန့်၏ခေါ်သံ။
ယွန်းသည်စားပွဲတစ်ဖက်ရှိခုံတွင်ဝင်ထိုင်ကာ

"ဟူး..မောလိုက်တာ..."

"အအေးသောက်မလား...ရေခဲသေတ္တာထဲမှာ‌အချိုရည်ဘူးတွေဝယ်ထည့်ထားတယ်..."

တစ်ပတ်ခန့်ရှိနေလေပြီ။
တီဟန့်ဆီကအဖြေတောင်းထားသည်မှာ။

"အွန်း..."

"တို့သွားယူပေးမယ်..."

"ယွန်းလဲလိုက်ခဲ့မယ်...တီဟန်နားတဲ့အခန်းယွန်းမြင်ဖူးချင်တယ်ရယ်..."

"ဟုတ်ပီကွယ်..."

ထိုနာမ်စားအားတီဟန့်သဘောကျသောကြောင့်သဘောမကျသည့်အဒေါ်ကြီး ဆိုသည့်နာမ်စားအားနောက်ကွယ်တွင်သာခေါ်ရသည်။
‌တီဟန့်ရှေ့ခေါ်မိရင်သူ့အားတီဟန်ကမျက်မှောင်ကြုတ်၍ကြည့်မည်လေ

ရိုးရှင်းသောအခန်းကျဉ်းလေး၌ကုတင်တစ်ခုနှင့်စားပွဲတစ်ခု၊ထိုင်ခုံနှစ်လုံး၊‌ရေခဲသေတ္တာတစ်လုံးသာရှိသည်။

"ဟား...ပင်ပန်းနေတာတွေပျောက်သွားသလိုဘဲ..."

အသီးဖျော်ရည်ဘူးတစ်ခုသည်တစ်ဝက်ကျိုးသွား၍ထိုကလေးမပြောသောစကား။

"တီဟန့်ရဲ့အချစ်တွေပြည့်နေတော့ချိုနေတာဘဲ..."

"အပိုတွေ.."

မျက်စောင်းချီ၍ပြောသည့်စကားလည်းသူသဘောကျရသည်။
တီဟန်သည်ပြောရက်စရာမရှိ။
အပြစ်ဆိုဖွယ်ရာမရှိ။
လှလွန်းသည့်အမျိုးသမီး။

"ချစ်တယ်နော်...ဒေါ်သွင်ဇာခြည်ဟန်..."

ပြောဖန်များသော်လည်းမရိုးအီသွား။
သူပြောလိုက်တိုင်းအရှက်ပိုသွားသည့်မျက်ဝန်းတို့သည်မျက်လွှာချလျက်။
ငေးရင်းငေးရင်းသဘောကျမိသည်ပါဘဲ။

~

"တီဟန်...အဲလူကဘယ်သူလဲ.."

ကားပေါ်ကဆင်းလာသည့်တီဟန်အပြင်အမျိုးသားတစ်ယောက်အားသူတွေ့သောကြောင့်ဆော့လက်စဂိမ်းပင်ချ၍သူခြံအပြင်ထွက်လာခဲ့သည်။

အပြင်ထွက်လာတော့ကားကထွက်သွားချေပြီ။
တီဟန်လည်းထိုလူကိုလက်ပြလျက်။
ပြုံးနေသောကြောင့်သဝန်တိုရသည်။
သူလိုမိန်းမငယ်တစ်ယောက်ပင်အရူးအမူးသဘောကျရသည့်အပြုံးအားမည်သူမျှမပေးစေချင်။
မည်သူမျှမငေးစေချင်။
သူ့အတ္တသေးသေးလေးတစ်ခုပင်ဖြစ်လိမ့်မည်။

"တို့သူငယ်ချင်းလေ.."

"တီဟန်ကဘာလို့အဲလောက်ပြုံးနေရတုန်း.."

"ဟင်..."

"ယွန်းသဝန်တိုတယ်...တီဟန်ရာ..."

တီဟန်ကမျက်မှောင်ကြုတ်ထားပြန်သည်။
တစ်ခုခုကိုအလိုမကျဖြစ်နေပြန်သည်လား။

"မင်းအနေနဲ့တို့ကိုသဝန်တိုခွင့်ရှိတယ်..ဒါမဲ့တို့ကိုထုတ်ပြခွင့်မရှိဖူးလေ...တို့ကချုပ်ချယ်တာဆိုသိပ်မုန်းတာ...."

သူတီဟန့်အားကြည့်နေရုံသာတတ်နိုင်သည်။
ထိုသို့လေသံနည်းနည်းမာသောစကားတစ်ခွန်းနဲ့တင်မျက်ရည်ဝဲရပြီ။

"မင်းနဲ့တို့မှဘာမှမဆိုင်တာကွယ်.."

မျက်လုံးအားမှိတ်ချလိုက်တော့ထိန်းထားသည့်ကြားကမျက်ရည်ကျဖြစ်အောင်ကျသွားသေးသည်။

"ဟုတ်ပါရဲ့..ယွန်းအတွေးတိမ်သွားတယ်.."

ပြောပြီးပြေးဝင်သွားတဲ့ထိုကလေးမ။
'အတွေးတိမ်သွားတယ်'ဟူသည့်စကား
ကျောပြင်ငယ်လေးသည်တသိမ့်သိမ့်တုန်နေသည်။
ငိုနေသည်လား။

~

"ဒီမယ်...အဒေါ်ကြီး"[Complete]Where stories live. Discover now