ပိုးနဲ့မိတ်ဆက်ပေးတော့တီဟန့်၏သံသယများကင်းရှင်းသွားရသည်။
တီဟန်သည်တကယ့်ချစ်စရာအမျိုးသမီး။
မနက်တိုင်းမနက်ခင်းအနမ်းနဲ့အစပြုရမည့်အစားတီဟန့်၏ဆူပူသံနှင့်အစပြုရသည်။"မင်းမလဲ..ပြောတာနားမထောင်ဖူး..မိန်းကလေးဆိုတာကွယ်..မနက်အလွန်ဆုံးအိပ်၆နာရီဘဲ...မင်းထတဲ့ချိန်ကြည့်အုန်း..၁၀နာရီတဲ့..ဖြစ်သင့်လား..ပြီးတော့မနက်စာနဲ့နေ့လည်စာပေါင်းစားရတယ်တဲ့...အဲတာကလုံးဝကိုမဟုတ်တာနော်..ယွန်းနေခြည်သိမ့်.."
ယနေ့သည်သူနဲ့တီဟန်နှင့်တစ်လပြည့်။
ဘုရားသွားမို့လမ်းတွင်တီဟန့်၏ဆူပူသံများသည်ကားထဲတွင်ညံလျက်ပင်။
တီဟန်သည်ကားကိုကျွမ်းကျွမ်းကျင်ကျင်ပင်မောင်းရုံမက ယွန်းအားဆူရန်လည်းမမေ့။"ဒီနေ့လည်း..ဘုရားသွားမို့ကွယ်..ညကတည်းကမင်းကိုပြောတယ်..စောစောအိပ်..စောစောအိပ်လို့လေ..တို့အိပ်သွားတော့မင်းဂိမ်းဆော့သေးတယ်မလား..."
တီဟန့်စကားများသည်တစ်လုံးစနှစ်လုံးစသာကြားနေရသည်။
သနပ်ခါးသာလိမ်းတတ်သည့်တီဟန်သည်ပိတောက်ခြောက်ရောင်ဝမ်းဆက်နှင့်ကျက်သရေရှိစွာပင်။
ရိုးရိုးယဉ်ယဉ်နှင့်လှသည့်အမျိုးသမီး။"ယွန်းနေခြည်သိမ့်!!!"
အော်သံကြောင့်ငေးနေသောယွန်းမှာလန့်သွားရသည်။
"တိုကတော့လေအကုန်ခံပြီးပြောလို့..မင်းနားထောင်နေရဲ့လားဟမ်..."
"ယွန်း..နားထောင်နေပါတယ်..တီဟန်ရဲ့.."
"မင်းကနားဘဲထောင်တာလေ..လိုက်နာလို့လား..."
တီဟန်သည်ကားကိုသာအာရုံစိုက်၍မောင်းနေသကဲ့သို့ယွန်းကိုလည်းဆုံးမစကားပြောနေသေးသည်။
"စကားနားမထောင်တာ..မင်းတို့ကိုချစ်ရောချစ်ရဲ့လား.."
"ဟင့်..တီဟန်ကလဲ..."
ပုံမှန်မဟုတ်သည့်ယွန်းအသံကြောင့်တီဟန်လှည့်ကြည့်လာသည်။
"ချွဲတဲ့အသံမလုပ်စမ်းနဲ့.."
"ဟီး..တီဟန်ရင်ခုန်တယ်မလား..ယွန်းဒီလိုချွဲပြောရင်..."
YOU ARE READING
"ဒီမယ်...အဒေါ်ကြီး"[Complete]
Short Storyမယွန်းနေခြည်သိမ့်×ဒေါ်သွင်ဇာခြည်ဟန် ရိုရိုချိုချိုShort storyလေး💗 Credit to cover photo's owner