"ယွန်းယွန်းရေ...သမီးလေး.."
"ရှင်...မေမေ..."
မီးဖိုခန်းထဲကမေမေ့အသံကြောင့်
သီချင်းကိုခနရပ်ပြီးပြန်ထူးလိုက်ရသည်။
နှစ်ခါလောက်ခေါ်ရရင်အမေကဒေါသပုန်ထတော့မည်လေ။"ဘေးအိမ်ကိုမုန့်ဟင်းခါးသွားပို့ချည်.."
"ရှန်..."
"ဒီမှာချိုင့်..တစ်ခါတည်းပြန်ယူလာခဲ့နော်.."
ဘေးအိမ်ဆိုသည်နှင့်ရုပ်လှသလောက်အပေါက်ဆိုးသည့်အဒေါ်ကြီးသည်ယွန်းမျက်လုံးထဲအော်တိုရောက်လာခဲ့သည်။
'ပြဿနာဖြစ်ထားတာကမနေ့တနေ့ကမှကို
မေမေသိရက်သားနဲ့တမင်လုပ်တာ..'ယွန်းစိတ်ထဲခပ်ပေါက်ပေါက်တွေးမိလိုက်သည်။
"ဟား..ရတယ်..မုန့်ဟင်းခါးပေးပြီးပြန်လာရုံဘဲ လေ...နင်ဘာတွေလန့်..."
ကိုယ့်ကိုကိုယ်အားပေးစကားပြောဟန်။
ကပ္ပလီတစ်ကောင်လက်ခလယ်ထောင်ထားသောရှပ်အမဲအပွကိုဘောင်ဘီးပေါင်တိုလေးနဲ့တွဲဝတ်ထားသည်မဲ့အရပ်ရှည်သည့်ယွန်းကပေါင်တံသွယ်သွယ်ဖြူဖြူလေးတွေရှိတော့ကြည့်ကောင်းလှသည်။~တီးတောင်~
ဘဲလ်တီးလိုက်တော့ထွက်လာသည်ကဟိုအဒေါ်ကြီး။
သရက်သီးတစ်လုံးအတွက်နဲ့သူ့အားပြောခဲသည့်အဒေါ်ကြီး။"အော်..မင်းကိုး...ဘာလာလုပ်တာတုန်း.."
ပြောပုံကိုကမဟုတ်တာ။
ယွန်းသည်လည်းဘာလို့သူနဲ့တွေ့ရင်စိတ်တိုနေမှန်းကိုမသိ။
အင်း ပြဿနာဖြစ်ထားလို့ဘဲဖြစ်ပါလိမ့်မယ်။"အမေကမုန့်ဟင်းခါးပို့ခိုင်းလို့..."
ခြံတံခါးကိုလာဖွင့်ပေးသည့်အဒေါ်ကြီးကချိုင့်ကိုလှမ်းယူသည်။
သို့ပေမဲ့ယွန်းကိုပင်မကြည့်။'ခနနေပါအုန်း။သူချိုင့်ဆေးနေတုန်းငါကနေပူထဲရပ်စောင့်ရမှာလား...မဖြစ်နိုင်တာ'
"ဒီမယ်..အဒေါ်ကြီး.."
"ဘာ..ဘာ..ဘာ....မင်းငါ့ကိုဘယ်လိုခေါ်လိုက်တာ.."
အရပ်က၅ပေ၇ရှိတဲ့ယွန်းနဲ့မတိမ်းမယိမ်းဆိုတော့၅ပေ၅လောက်တော့ရှိလောက်မှာပါ။
၅ပေ၅အဒေါ်ကြီးစိတ်တိုနေသည်မှာယွန်းအဖို့ရယ်ချင်စရာ။
YOU ARE READING
"ဒီမယ်...အဒေါ်ကြီး"[Complete]
Short Storyမယွန်းနေခြည်သိမ့်×ဒေါ်သွင်ဇာခြည်ဟန် ရိုရိုချိုချိုShort storyလေး💗 Credit to cover photo's owner