"လွတ်.....လွှတ်လို့......လွှတ်ပါ ....ဟင့်"
ဒီလူခေါ်လာတာ ပြန်ပေးဆွဲခံရတာကိုခံခဲ့ရပြီး အခုဘယ်မှာလည်း မသိတဲ့နေအိမ်တစ်အိမ်ဆီ ရောက်လို့လာသည်
ဂျောင်ဂုလည်းထယ်ယောင်ကို အိပ်ခန်းထိခေါ်လာပြီး ကုတင်ပေါ်တင်ပြီး ထိုင်စေကာ
သူပါလိုက်ထိုင်လိုက်တော့ ဒီလူဘာပါလိမ့် သူ့အနားနေလိုက်ရင် ကြောက်စိတ် နားကျည်းစိတ်တွေအငွေ့အသက်ရနေလို့ဖြစ်သည်။"ယောင် ဘယ်နားမှာ နာသွားသေးလဲ ကိုယ်အတင်းအကြပ်ခေါ်လာတာ တောင်းပန်ပါတယ်နော်"
ထယ်ယောင်ဘာမှမပြောပဲ ကြောက်စိတ်ရောဝမ်းနည်းစိတ်ရောပါ ငိုချလိုက်တော့
အကိုဘိုဂန်နဲ့နေရတာက လုံခြုံသလိုခံစားရ၍ အကို့ကိုမချစ်ပေမဲ့ အကိုအရင်းတစ်ယောက်လိုချစ်ခဲ့သည်
အခုလိုမသိတဲ့သူစိမ်းတစ်ယောက်နဲ့ကုတင်ပေါ်မှာအတူထိုင်ရတာ တစ်မျိုးကြီး
....အကိုရေလာကယ်ပါ..."ဒါလေကိုယ်ချက်ထားတယ် ထယ်ကြိုက်တဲ့ ဝက်သားနံရိုးဆန်ပြုတ်လေး စားလိုက်နော်"
ဘာသံမှထွက်မလာတဲ့ထယ်ယောင်က ထိုစဉ်....
"အိမ်ကို ပြန်ပို့ပေးလို့ရမလား မေမေစိတ်ပူနေမယ်".....
"ဘာလို့လဲကလေးရာ ဘာလို့ကိုယ့်ကိုအဲ့လောက်စိမ်းရတာလဲ ကိုကအဲ့လောက်ကြောက်ဖို့ကောင်းလို့လား"
ထယ်ယောင်ဘာမှ ဆက်မပြောတော့ပဲ ဟင်းကိုကြည့်ပြီး စားချင်စိတ်လည်းမရှိပါ
"လာ ကိုယ်ခွံကျွေးမယ်နော် လိမ်မာတယ်နော် ....အာ"
ထယ်ယောင်လည်း သူကျွေးသမျှ ငြိမ်ခံစွာစားသုံးနေလေရဲ့
"စားကောင်းလား ဒါကိုယ် ပထမဆုံးချက်ဖူးတာပါ ပူသေးလားကိုယ်မှုတ်ပေးမယ်နော်"
ဂျောင်ဂု လုပ်သမျှ ထယ်ယောင်မျက်လုံးငြိမ်စွာ ကြည့်နေသည် ပြီးမှ
"ငါတို့ကအရင်ကသိနေကြတဲ့သူတွေလား ဟင်...
ဘာလို့ငါ့ကို ပြန်ပေးဆွဲခေါ်လာတာလဲ"သိတာထက် ပိုတာပေါ့ ကလေးရာ ဂျောင်ဂုရင်ထဲမှာသာ ပြောလိုက်သည် ဒီလိုတွေဖြစ်လာတာ သူကြောင့်တွေကြီးပါ ထယ်ယောင်ခြေတောက် လမ်းလျှောက်လို့မရတဲ့အကြောင်းတွေ ရောပေါ့
...
ကိုယ်လုပ်ထားတဲ့အပြစ်တွေ ယောင်း သာပြန်သတိရလာရင် ကိုယ့်ကိုအရင်ကထပ်ပိုမုန်းသွားမှာလား အချိန်ကိုရပ်တန့်လို့ရရင် ရပ်တန့်ချင်ပါရဲ့........**"အခုမှficစရေးဖူးတာမို့ အမှားပါရင်ခွင့်လွှတ်နော်
ကြိုက်တယ်ဆို upချထားေပးပါ**"
#Thapyay
YOU ARE READING
Your strong heart
Akcja"ကိုယ့်အမှားတွေကြောင့် တစ်သက်လုံးယောင်းအနားမှာ ပြန်ပေးဆပ်ခွင့်ပြုပေးပါယောင်း"