Chapter 101

1.4K 174 1
                                    

Unicode

မထွက်ခွာရသေးခင်မှာ ကုမျန်က သစ်ရွက်လေးတွေနဲ့လုပ်ထားတဲ့ အရုပ်လေးတွေနဲ့ လီရှောင်းဟယ်လုပ်ထားတဲ့ စက္ကူကြိုးကြာလေးတွေကို ရှောင်ဟူကိုပေးပြီး သူ့သူငယ်ချင်းလေးတွေနဲ့ ဝေမျှလိုက်ဖို့ ပြောလိုက်တယ်။

နှစ်ရက်နဲ့တစ်ညတာ ကာလတိုလေးကုန်ဆုံးပြီးနောက် ရှောင်ဟူက ကုမျန်ကို လုံးဝ သဘောကျသွားခဲ့တယ်။ သူက မလိုလားစွာနဲ့ပြောလာတယ်။ "ကျဲကျဲ မထွက်သွားလို့မရဘူးလား"

ကုမျန်က သူ့ခေါင်းကိုထိလိုက်ပြီး ညင်သာစွာ ပြောလိုက်တယ်။ "မရဘူး ကျဲကျဲက အိမ်ပြန်ရမယ်လေ"

ရှောင်ဟူက ခေါင်းငုံ့ထားလိုက်တယ်။ "ဒါဆို သားတို့ ထပ်ပြီးမတွေ့ရတော့ဘူးလား"

ကုမျန်က ထိုင်ချလိုက်ပြီး သူ့မျက်လုံးတွေထဲကို ကြည့်ကာ"အဲ့လိုတော့မဟုတ်ဘူး ရှောင်ဟူ မင်း နောင်မှာ စာကြိုးကြိုးစားစားကျက်သင့်တယ် ပြီးတော့ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲပြီးရင် ပေချန်းကိုလာခဲ့"

ရှောင်ဟူရဲ့မျက်၀န်းတွေ ရုတ်တရက် တောက်ပလာတယ်။ "ကျဲကျဲ ၊ ကျဲကျဲက ပေချန်းမှာနေတာလား"

ကုမျန်က အသာအယာပြုံးလိုက်တယ်။ "ဟုတ်တယ်လေ"

ကုမျန်က နောင်မှာ ရွာကိုပြန်လာနိုင်ပါ့မလားမသိတာကြောင့် သူမက ရှောင်ဟူကို အနာဂတ်မှာတွေ့ဖို့ ပြန်လာမယ်လို့ အကြွင်းမဲ့အာမခံချက်မပေးခဲ့ပေ။ ကလေးတွေက လူကြီးတွေရဲ့ စကားကို အလေးအနက်ထားဖို့ လွယ်ကူတယ်။ အကယ်၍ သူမ ကတိမတည်နိုင်ခဲ့ရင် ရှောင်ဟူ ဘယ်လိုမျိုး မျက်စိလည်လမ်းပျောက်သွားမှာလဲ။

ဒါပေမယ့် သူမက ရှောင်ဟူကို မျှော်လင့်ချက်တော့ ပေးနိုင်သေးတယ်။

အကယ်၍ ရှောင်ဟူသာ ထိုအချိန်မှာ ပေချန်းတက္ကသိုလ်ကို ဝင်ခွင့်ရရှိခဲ့ရင်၊ သူလေးက တောင်ပေါ်ရွာငယ်လေးကနေ ထွက်ခွာလာတဲ့ ရွှေဖီးနစ်လို့ သတ်မှတ်ခံရမှာဖြစ်တယ်။

ရှောင်ဟူက သူ့လက်သီးဆုပ်လေးကို‌ ဝှေ့ယမ်းလိုက်တယ်။ "ကျဲကျဲ စိတ်မပူနဲ့ သားသေချာလေ့လာပါ့မယ်!"

ဗုဒ္ဓဘာသာ၀င်မိန်းကလေးက စာအုပ်တစ်အုပ်ထဲကို ကူးပြောင်းသွားတယ်Where stories live. Discover now