02

255 16 28
                                    

စာသင်ချိန်ပြီးတော့အားကစားအချိန်ရောက်သွားပြီး

"လိုက်ခဲ့ပါဆိုမှ ကိုယ့်သူငယ်ချင်းကိုအားပေးမှပေါ့"

"ယီးကိုသူငယ်ချင်း ပြီးတော့သေတောင်မလိုက်ဘူးငါအမုန်းဆုံးကဘတ်စကတ်ဘောပဲ"

"ဟာဆဲတယ်ကြည့်စမ်း!!! တွေ့မယ်"

"တွေ့ပေါ့မလိုက်မှာကမလိုက်မှာပဲ" ဆိုပြီးလျှာထုတ်ပြရင်းအားကစားကွင်းကိုလှမ်းကြည့်လိုက်တော့

"လိုက်ခဲ့စမ်းပါ" ဆိုပြီး‌ပြောနေချိန်ဟီဆွန်းဘတ်စကတ်ဘောကစားနေတာကိုမြင်သွားတာပေါ့...။

ချက်ချင်းပဲထလိုက်ပြီးစာသင်ခန်းဝနားလျှပ်စီးလိုရောက်သွားကာ

"ဘယ်လိုရောက်သွားတာလဲအဲ့ကို?"

"ဒီလိုပဲ"

"အမ်???"

"လာလေမြန်မြန် ဘာလုပ်နေတာလဲ?"

"မင်းပြောတော့မလိုက်ဘူးဆို"

"မလာလည်းနေတော့သွားပြီ" ဆိုပြီးအောက်ကိုဆင်းသွားတော့

"နေဦးလေငါ့စောင့်ဦး" ဆိုပြီးအနောက်ကနေပြေးလိုက်တော့တယ်...။

အားကစားကွင်းထဲရောက်တော့ ဆွဲဆောင်မှုရှိရှိ
ဘတ်စကတ်ဘောဆော့နေတဲ့ဟီဆွန်းကိုရပ်ကြည့်နေပြီး

"ဘာကြည့်နေတာလဲ?" ဆိုပြီးမေးတော့ပါးစပ်ကြီးစိရင်း

"ပါးစပ်ပိတ်ထား" ဆိုပြီးပြောလိုက်တော့လေရဲ့...။

"အီဟီဆွန်း အိဟီဆွန်း" ဆိုပြီးအားပေးနေကြကာအော်ဟစ်သံတွေကျယ်လောင်နေခဲ့ပြီးဆောင်းဟွန်းလည်းအော်ချင်လာတာနဲ့

"စီနီယာဟီ စီနီယာဟီ" ဆိုပြီးပြိုင်တူလိုက်အော်တော့

"အမယ်ပြိုင်တောင်အော်နေလိုက်သေး" ဆိုပြီးစိတ်ညစ်သွားတော့တယ်...။

အားလုံးလည်းလှည့်ကြည့်ကြပြီးဟီဆွန်းကလှည့်ကြည့်ရင်းဂိုးသွင်းလိုက်ကာပြုံးပြပြီးမျက်လုံးမှိတ်ပြလိုက်တာပေါ့...။

ဒယ်နီအိုးတည်လို့ရလောက်တဲ့ထိပါးကြီးနီရဲသွားကာ ဟီဆွန်းကဆက်ကစားနေပြီး

THE HARDEST WAY ✓  || Milkcarrot🥛🥕Where stories live. Discover now