နောက်နေ့တွေလည်းရောက်ကောဟီဆွန်းတစ်ယောက်နေမကောင်းဖြစ်သွားပြီးကျောင်းလည်းလာမတက်နိုင်တော့ပဲဆောင်းဟွန်းကစိတ်ပူနေကာညနေအိမ်ပြန်တော့ဂီဆောင်းနဲ့ပြန်မလို့လုပ်တုန်းဖုန်းထဲမက်ဆေ့ခ်ျတစ်စောင်ဝင်လာခဲ့တော့တယ်...။
"ကိုယ်တော်တော်နေမကောင်းနေတာမို့ဆန်ပြုတ်လေးလာပို့ပေးပါလားဟင်😢?" ဆိုပြီးဟီဆွန်းဆီကစာဖြစ်နေခဲ့ပြီးဆောင်းဟွန်းက
"အိမ်အရင်ပြန်နှင့်လိုက်မယ်"
"အမ်?ပြောတော့အတူတူပြန်မယ်ဆို"
"ငါဝယ်စရာရှိသေးလို့ နောက်မှ" ဆိုပြီးအမြန်ကျောင်းထဲကပြေးထွက်သွားကာဆန်ပြုတ်ဆိုင်လိုက်ရှာတာပေါ့...။
ဆန်ပြုတ်ဆိုင်တစ်ဆိုင်တွေ့တော့အထဲဝင်သွားပြီးဝယ်လာခဲ့ကာဘတ်စ်ကားပေါ်မြန်မြန်ပြေးတက်သွားလေရဲ့...။
ဟီဆွန်းအခန်းရှေ့ရောက်တော့
"စီနီယာဟီ စီနီယာဟီခင်ဗျ" ဆိုပြီးအော်ခေါ်လိုက်တော့တံခါးကိုဖွင့်လိုက်ပြီး
"တကယ်လာတာပဲ" ဆိုပြီးလက်ကိုဆွဲလိုက်ရင်းအထဲကိုခေါ်သွင်းလိုက်တော့တယ်...။
နံရံမှာကပ်လိုက်ပြီးမျက်နှာနားကြီးတိုးလာတော့ဆန်ပြုတ်ကြီးနဲ့ကာလိုက်ကာ
"စီနီယာဟီဆန်ပြုတ်ဆို" ဆိုပြီးပြောတော့ဆန်ပြုတ်ကိုယူလိုက်ပြီးခုံပေါ်တင်လိုက်တာပေါ့...။
"စဉ်းစားပြီးသွားပြီထင်တယ်" ဆိုပြီးဘူးသေးသေးလေးတစ်ဘူးကိုထုတ်လိုက်ကာ မျက်ကပ်မှန်ဘူးဖြစ်နေခဲ့ပြီးဆောင်းဟွန်းမျက်မှန်ကိုချွတ်လိုက်တော့လေရဲ့...။
မျက်ကပ်မှန်တပ်ပေးပြီး
"ဘာကြီးလဲဗျ?"
"ဒါမျက်ကပ်မှန် ခနစပ်လိမ့်မယ်မျက်တောင်ကိုခတ်လိုက်နော့်" ဆိုပြီးပြောတော့ပြောတဲ့အတိုင်းလုပ်ကာ
"ဝါးးးကြည်သွားပြီပဲ ဪ...ဒါထည့်ပေးမို့လား?အဲ့ကြောင့်ညာခေါ်လိုက်တာပေါ့ ဒါဆိုသွား-" ဆိုပြီးထွက်ပြေးမလို့လုပ်တုန်း ဆောင်းဟွန်းဘေးကိုလက်နဲ့နံရံမှာထောက်လိုက်ရင်း
YOU ARE READING
THE HARDEST WAY ✓ || Milkcarrot🥛🥕
Fanfiction"စီနီယာဟီ" ဆိုတဲ့နာမ်စားလေးနဲ့ထိုလူကိုမှအရမ်းချစ်မိတာမို့အခက်ခဲဆုံးလမ်းကိုရွေးချယ်ခဲ့မိတယ်...။